နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

အလှမွေးထားတဲ့ ရွှေရောင်ငါးကြင်းမျိုး အကောင်ရေ ထောင်နှင့်ချီ သေဆုံး

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်အတွင်း အလှမွေးမြူထားတဲ့ ရွှေရောင်ငါးကြင်းတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ ဖြစ်စဥ် တခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းစကားတွေအရ အမည်မသိလူတစ်စုက အဆိပ်ခတ်သွားတာကြောင့် ငါးတွေ အခုလို သေဆုံးရတာဖြစ်တယ်လို့ နိဗ္ဗာန်ချမ်းသာမင်္ဂလာနာရေးကူညီမှုအသင်းကနေ သိရပါတယ်။ အဲဒီငါးတွေဟာ ရွေရောင်တွေနဲ့ဖြစ်တာကြောင့် ရွှေငါးလို့ အလွယ်ခေါ်ကြသလို တကယ့်အမည်ကတော့ ရွှေငါးကြင်းမျိုးနွယ်လို့လည်း ခေါ်ဆိုကြတယ်လို့ ငါးမွေးမြူသူတွေက ဆိုကြပါတယ်။

အဲ့ဒီ့ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်အတွင်း အဆိပ်ခတ်မှုကို မေလ ၂၁ ရက်နေ့ (မနေ့က) ပြုလုပ်သွားတာ ဖြစ်နိုင်တယ်လို့ ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သူတွေက ပြောပါတယ်။

အဲ့ဒီ့ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်ဟာ နိဗ္ဗာန်ချမ်းသာ မင်္ဂလာ နာရေးကူညီမှုအသင်းရဲ့ သဘာဝ ရွှေငါးကြင်းကန်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ မေလ ၂၂ ရက်နေ့ မနက်မှာတော့ ငါးတချို့ ရေပေါ် ပေါ်လာတာကြောင့် ရေအောက်ကို ဆင်းငုတ်ပြီး ရှာဖွေကြည့်ရာမှာ ငါးတွေအများကြီး သေဆုံးနေတာကို ထပ်မံတွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

“ငါးတွေက ကုန်သလောက်ဖြစ်သွားပြီ။ သိပ်တောင် မကျန်တော့ဘူး။ ကျန်တဲ့ငါးတွေလည်း စိတ်မချရဘူး။ အဆိပ်က မိနေပြီးလောက်ပြီ။ အဲ့ဒီတော့ ဒီကန်ထဲမှာ ငါးတွေ ကုန်သလောက် ဖြစ်သွားနိုင်တယ်ပေါ့။ ဘယ်သူတွေက ဘယ်လိုစိတ်မျိုးနဲ့ ဒီလိုလုပ်သွားတာလဲ စဉ်းစားလို့တောင် မရဘူး။ ဒီလို ရွှေငါးမွေးကန်ကြီးဖြစ်ဖို့က မလွယ်ဘူးလေ။ တိရစ္ဆာန်လေးတွေကိုတောင် လုပ်ရက်တယ်။

လူတွေ အကြင်နာတရား ခေါင်းပါးကုန်ကြပြီ” လို့ အဲ့ဒီဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောပါတယ်။အခုနေရာဟာ လူအများ စိတ်ဝင်တစား လာရောက် ကြည့်ရှု့ကြတဲ့နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။”အခုနေရာက ဒီငါးလေးတွေကြောင့် အရမ်းစည်တာ။ ရပ်နီး၊ ရပ်ဝေးကလူတွေ တကူးတကနဲ့ကို ဒီငါးတွေကို လာကြည့်ကြတာ” လို့ ဖြစ်စဥ်ကို လာရောက်ကူညီသူတဦးက ဆိုပါတယ်။

ငါးမွေးမြူရေးလုပ်ကိုင်သူတဦးကတော့ ”အခုဖြစ်စဥ်မှာ ရေကန်အနေအထား ကန့်ရဲ့သန့်ရှင်း သပ်ရပ်မှုတွေကိုလည်း ထည့်စဥ်းစားဖို့ လိုအပ်တယ်၊ ကန်မသန့်ရင်လည်း ငါးတွေအတွက် အဆင်မပြေနိုင်ပါဘူး ”လို့ သုံးသပ်ပြောကြားပါတယ်။

နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်ထဲရှိ အလှမွေးငါးများအားလုံးနီးပါး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နှင့်ပတ်သက်ပြီးတော့ ငါးမွေးမြူရေးသုတေသနကို ပို့ဆောင်ပြီး ဓာတ်ခွဲခန်း စစ်ဆေးမှုများ လုပ်ဆောင်ရန် လူမှုကူညီရေးအဖွဲ့များက ပြင်ဆင်နေကြောင်းလည်း သိရှိရပါတယ်။

လက်ရှိမှာ အခုလို အဆိပ်ခတ်သွားသူတွေကို စုံစမ်းနေဆဲဖြစ်ပြီး သေဆုံးသွားတဲ့ ရွှေငါးတွေကို Light Truck မော်တော်ယာဉ် ၄ စီးနဲ့ သယ်ဆောင်ကာ မြို့နယ်သုဿန်မှာ မြေမြှုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

Era’sEyes/Photo Crd

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 63 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို