နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်ရှိ ကလပ်တစ်ခုကို သတ်မှတ်ချိန်ကျော်လွန်ဖွင့်တယ်ဆိုပြီး စစ်ကောင်စီ ဝင်ဖမ်း


ယနေ့ နံနက်အစောပိုင်းက ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ဖွင့်လှစ်ထားတဲ့ Transporter Club ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ယနေ့ ဇူလိုင်လ ၂၂ရက်နေ့ နံနက် ၁နာရီအချိန်ခန့်က တောင်ဥက္ကလာပမြို့နယ်၊အမှတ်(၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းရှိ Transporter Club ကို စစ်ကောင်စီက သတ်မှတ်ချိန်ကျော်လွန် ဖွင့်လှစ်တယ်ဆိုပြီး ဝင်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဝင်ရောက်ဖမ်းဆီးမှုကြောင့် ကလပ်အတွင်း သတ်မှတ်ချိန်ကျော်လွန်သောက်စားနေတယ်ဆိုတဲ့ အမျိုးသား ၁၀၂ဦးနဲ့ အမျိုးသမီး ၇၉ဦးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတ်မှတ်ချိန်ကျော်လွန်ဖွင့်လှစ်တာကြောင့်ဆိုပြီး Transporter Club ရဲ့ မန်နေဂျာဖြစ်သူ ညီမောင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ဖြင့် တရားစွဲဆိုထားတယ်လို့ သိရပြီး ကလပ်ကိုလည်း ယာယီပိတ်သိမ်းလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း မရမ်းကုန်းမြို့နယ်အတွင်း ဖွင့်လှစ်ထားတဲ့ Honesty Nest Bar ကို စစ်ကောင်စီက ညမထွက်ရအချိန်မှာ ဖွင့်လှစ်တယ်ဆိုပြီး ဝင်ရောက်ဖမ်းဆီးကာ ဆိုင်မန်နေဂျာကို အရေးယူခဲ့ပါသေးတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖာပွန်မြို့က စစ်ကောင်စီတပ်စခန်း (၂)ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 3 Views
ဒီဇင်ဘာလ (၈)ရက်။ ဖာပွန်မြို့ရှိ စစ်ကောင်စီရဲ့ တောင်သုံးလုံးနဲ့ ဆင်စွယ်စခန်းတို့ကို KNLA နဲ့ PDF မဟာမိတ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့
မြန်မာသတင်း

စစ်ကိုင်းမှာ စစ်ကောင်စီက ပကဖရဲဘော်တစ်ဦးကို စစ်ကြောင်းထိုးဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 3 Views
ဒီဇင်ဘာလ (၈)ရက်။ မနေ့က နံနက်(၅)နာရီအချိန်ခန့်မှာ စစ်ကိုင်းမြို့၊ ကံတက်ကျွန်းကျေးရွာကို စစ်ကောင်စီတပ်က အင်အား (၁၀၀)ကျော်နဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

နိုင်ငံရေးပါတီ‌တွေအနေနဲ့ ရွေးကောက်ပွဲရက်မတိုင်ခင် သတ်မှတ်ချက်တွေပြည့်မီဖို့ စစ်ကောင်စီရွေး/ကော်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 2 Views
ဒီဇင်ဘာလ (၈)ရက်။ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲကျင်းပတဲ့ရက် မတိုင်ခင် သတ်မှတ်ကာလထဲ သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်ကြဖို့ စစ်ကောင်စီ‌ရွေးကောက်ပွဲကော်မရှင်က မနေ့က တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ‌ရွေးကောက်ပွဲကျင်းပတဲ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း (၉၀)ကြိုတင်ပြီး အမိန့်ကြေညာစာ ထုတ်ပြန်တဲ့နေ့ထဲ ပါတီဝင်အင်အားပြည့်မီဖို့နဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမှာ ကျန်နေတဲ့ နခခ (၅) ကို အလုံးစုံ သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်ပေါ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 4 Views
ဒီဇင်ဘာလ (၇) ရက်။ ရခိုင်ပြည်နယ် မောင်တောမြိုနယ်တွင် နောက်ဆုံးကျန်ရှိနေတဲ့အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲဌာနချုပ် (နခခ ၅) ကို ဒီနေ့ ဒီဇင်ဘာလ (၇) နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ်တခုလုံးကို အာရက္ခ တပ်တော်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမှာ နပခတစ်ခုထဲသာ ကျန်တော့တဲ့အချိန် စစ်ကောင်စီရခိုင်ဝန်ကြီးချုပ် အထူးနေ့လယ်စာစားပွဲ တက်ရောက်နေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 4 Views
ဒီဇင်ဘာလ (၇)ရက်။ AA က အမ်းမှာ နပခဌာနချုပ်တစ်ခုသာ ကျန်တော့တယ်လို့ ထုတ်ပြန်တဲ့ မနေ့ကအချိန်မှာပဲ စစ်ကောင်စီခန့် ရခိုင်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့မှာ အထူးနေ့လယ်စာစားပွဲ တက်ရောက်နေတယ်လို့ စစ်ကောင်စီသတင်းတွေအရ သိရပါတယ်။ စစ်ကောင်စီခန့် ရခိုင်ဝန်ကြီးချုပ် ဦးထိန်လင်းဟာ
မြန်မာသတင်း

ထီးလင်းမြို့မရဲစခန်းက စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 4 Views
ဒီဇင်ဘာလ (၇)ရက်။ ဒီဇင်ဘယလ (၄)ရက်နေ့က ထီးလင်းမြို့ရှိ မြို့မရဲစခန်းက စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ ထီးလင်းမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲတပ်သားဟာ သူနဲ့အတူ MA-13 တစ်လက်နဲ့ ကျည် (၁၄၂)တောင့်နဲ့အတူ ဂန့်ဂေါခရိုင်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ(၅)စခန်းကို သိမ်းပိုက်နိုင်တော့မယ်လို့ AA အသိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 2 Views
ဒီဇင်ဘာလ (၇)ရက်။ နခခ(၅)စခန်းကို မကြာမီ သိမ်းပိုက်နိုင်တော့မှာဖြစ်တဲ့အတွက် မောင်တောမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်တော့မယ်လို့ AA ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မောင်တောမြို့ နခခ(၅)စခန်းထဲကနေ ခုခံနေတဲ့ စစ်ကောင်စီတပ်တွေဟာ လေကြောင်းကနေ ခဲယမ်း၊ ရိက္ခာတွေ ဖြည့်တင်းပေးတာကလွဲပြီး
မြန်မာသတင်း

ပေါင်းတည်မြို့ကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 4 Views
ဒီဇင်ဘာလ (၇)ရက်။ ဒီဇင်ဘာလ (၄)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က ပေါင်းတည်မြို့ သိမ်ကုန်းအထိုင်စခန်းကို အင်အားဖြည့်ဖို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ PPDF(၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်အား (၅၀)နဲ့ နတ္တလင်းမြို့ ကွင်းကျယ်အထိုင်စခန်းကနေ