ကနီမြို့နယ်က စစ်ဘေးရှောင် ပြည်သူတွေကို ကျေးလက်သူပုန် သပိတ် အင်အားစုများက ယနေ့ ဇန်နဝါရီ ( ၂၂ ) ရက်မှာ စားနပ်ရိက္ခာတွေ ထောက်ပံ့လှူဒါန်းခဲ့ကြပါတယ်။
![](https://eraseye.com/wp-content/uploads/2023/01/ssssg.jpg)
ကနီမြို့နယ်အတွင်း စစ်ကောင်စီက ရွာတွေကို စစ်ကြောင်း ထိုးနေတာကြောင့် စစ်ဘေးရှောင်ရွာပေါင်း ၂၀ ကျော် နဲ့ စစ်ရှောင် ဦးရေ ၂၀၀၀ ဝန်းကျင် ရှိလာပြီ ဖြစ်ပါတယ်။
![](https://eraseye.com/wp-content/uploads/2023/01/sssa.jpg)
တိုက်ပွဲများ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ စစ်ဘေးရှောင် ပြည်သူတွေလည်း ရက်ပေါင်းများစွာ နေအိမ်စွန့်ခွာနေရပြီး စာနပ်ရိက္ခာအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုများနဲ့ ဆေးဝါးလိုအပ်ချက်များ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။
![](https://eraseye.com/wp-content/uploads/2023/01/ss-3.jpg)
Photo -CRD