နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ်ကို ကသာနှင့် ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲ တိုက်ခိုက်

ကသာနှင့် ထီးချိုင့်မြို့ကြားမှာ အင်အား (၈၀) ရှိတဲ့ စစ်ကောင်စီ တပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၉)ရက်မှာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့( PDF )အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။ မိုင်းဆွဲခံလိုက်ရတဲ့အတွက် စစ်ကောင်စီဘက်က (၁၅) ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေ ဆီက သိရပါတယ်။

Photo – CRD

မိုင်းဆွဲခံရပြီးနောက်မှာ စစ်ကောင်စီတပ်ဟာ အနီးနားရှိ ကလုံရွာက ဒေသခံ နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ဒေသခံအချို့ကို ဖမ်းဆီးသွားပါတယ်။အဲဒီ စစ်ကောင်စီတပ် ဟာ ဖေဖေါ်ဝါရီ (၁၉) ရက်က စတင်ပြီး ကလုံရွာမှာ တပ်စွဲအထိုင်ချပြီး အရပ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

Photo – CRD

လက်ရှိအခြေအနေမှာ အကြမ်းဖက် စစ်​ကောင်စီတပ် ဟာ ကသာမြို့နယ်အတွင်း က ကျွန်းပင်ရွာ၊တမန်းဒေါင့်ရွာ နဲ့ဖွက်ရွာတို့မှာ စစ်ကြောင်းသုံးကြောင်းခွဲ တပ်စွဲထားတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဲခူးရိုးမထဲ (၃)ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၀)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 5 Views
မေလ (၂၄)ရက်။ မေလ (၂၂)ရက်နေ့ကစပြီး ပဲခူးရိုးမထဲ (၃)ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာပြီး သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)
မြန်မာသတင်း

NMSP-AD နဲ့ MLA တို့ ပူးပေါင်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်း

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 12 Views
မေလ (၂၄)ရက်။ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ပေါင်းစည်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NMSP-AD
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 8 Views
မေလ (၂၄)ရက်။ မနေ့က ညနေ (၅)နာရီအချိန်က ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ကော့ကရိတ်မြို့ ဘလယ်ဒိုကျေးရွာအနီး ကျူးကျော်တပ်စွဲထားတဲ့ ဘလယ်ဒိုတပ်စခန်းကို KNLA
မြန်မာသတင်း

အနုပညာရှင်တွေဟာ နိုင်ငံရေးထဲ ဝင်ရောက်ဆောင်ရွက်တဲ့အတွက် မဖြစ်သင့်တာတွေဖြစ်ရတာဆိုပြီး စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 9 Views
မေလ (၂၄)ရက်။ အနုပညာရှင်တွေဟာ ပါတီနိုင်ငံရေးထဲ ဝင်ရောက်‌ဆောင်ရွက်ခဲ့တာကြောင့် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာဆိုပြီး စစ်ကောင်စီဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ရန်ကုန် ဗဟန်းရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အချို့အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်ရမယ့်အစား
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အမာခံ ဆောင်ရွက်ပေးမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 11 Views
မေလ (၂၄)ရက်။ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အမာခံ ဆောင်ရွက်ပေးသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ကျိုင်းတုံတပ်နယ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်တပ်အနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့အတွက်
မြန်မာသတင်း

မင်းကင်းနယ် မင်းစုရွာကို စစ်ကောင်စီဗုံးကြဲ ကလေးငယ် ခြောက်ဦး အပါအဝင် ၁၁ ဦး သေဆုံးကာ ဒဏ်ရာရသူလည်း များပြား

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 22 Views
မေလ (၂၃) ရက်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းစုကျေးရွာကို ဒီကနေ့ မေလ ၂၃ ရက်မွန်းလွဲ ၂နာရီခန့်မှာ စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ခြောက်ဦး အပါအဝင် အရပ်သားပြည်သူ ၁၁ ဦး
မြန်မာသတင်း

ပခုက္ကူမှာ KTV သွားဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ပေါင်းစု ဖမ်းမိ

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 15 Views
မေလ (၂၃)ရက်။ မေလ (၁၈)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ပခုက္ကူမြို့ ဘုန်းကံရွာ စစ်ဆေးရေးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းမိခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုန်းကံရွာ
မြန်မာသတင်း

ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲဖို့ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော် ပြဋ္ဌာန်း

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 21 Views
မေလ (၂၃)ရက်။ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲဖို့ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော်ရဲ့ ဒီကနေ့အစည်းအဝေးမှာ ပြဋ္ဌာန်းလိုက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော်ကို ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲက အပ်နှင်းတဲ့ ပြည်သူ့ဆင့်လွှဲအာဏာကို ကျင့်သုံးပြီး ပြဋ္ဌာန်းတာလို ဆိုပါတယ်။