နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး အယ်ဒီတာ့အာဘော်

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အဆင့်အတန်း

ခေတ်မျက်လုံး အယ်ဒီတာအာဘော်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အဆင့်အတန်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထိုင်းတရားရုံးချုပ်က အမှု ၃ မှုဖြင့် ထောင် (၈) နှစ် ချလိုက်ပြီး ဘန်ကောက်မြို့ ရီမန်အကျဉ်းထောင်သို့ ချက်ချင်း ခေါ်ဆောင်သွားခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ဆရာဝန်များက ရောဂါ လက္ခဏာလေးမျိုးဖြင့် စစ်ဆေးတွေ့ရှိပြီးနောက် ဘန်ကောက်မြို့ရှိ ရီမန်အကျဉ်းထောင်ရှိ ဆေးရုံတွင် သီးခြားထားရှိထားကြောင်း ထိုင်းအာဏာပိုင်များက အင်္ဂါနေ့မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်ကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အာယွတ် စင်တော့ဖန် (Aryut Sintopphan) က မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အကျဉ်းထောင်အတွင်း သက်ဆင်၏ လုံခြုံရေးကို အကျဉ်းဦးစီးဌာနက အာမခံပေးမည်ဟု အာယွတ်က ပြောသည်။

ရီမန်အကျဉ်းထောင်တွင် ဆွေမျိုးများနှင့် ထောက်ခံသူများ ဝန်ကြီးချုပ်ဟောင်းထံ သွားရောက်လည်ပတ်နိုင်ရန် အထူးအဆောက်အအုံ သို့မဟုတ် နေရာတခုကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သက်ဆင်သည် လွန်ခဲ့သည့်လတွင် အသက် ၇၄ နှစ်ရှိပြီဖြစ်သောကြောင့် ၎င်းအား ထိန်းသိမ်းထားစဉ်အတွင်း မကျန်းမမာ မဖြစ်ရန် ဂရုစိုက်ရမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

ထောင်အရာရှိများသည် သက်ဆင်အား အကျဉ်းသားအသစ်အဖြစ် မှတ်တမ်းတင်ထားပြီး ထောင်ဆေးရုံမှ ဆရာဝန်များက ၎င်း၏ ကျန်းမာရေးကို စစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။ ထောင်ဆေးရုံမှ ဆရာဝန်များ သည် သက်ဆင်သည် တွဲဖက်ရောဂါများ ကြောင့် နာမကျန်းဖြစ် နိုင်ခြေရှိပြီး ဆရာဝန်များ ၏ စဉ်ဆက်မပြတ် စောင့်ကြည့်မှု ခံယူရန် လိုအပ်ကြောင်း ထောင်ဆေးရုံမှ ဆရာဝန်များမှ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဆစ်သီ ဆူသီးဝမ် (Sitthi Sutheewong) က ပြောသည်။ ထို့ကြောင့် အကျဉ်းထောင်သည် သက်ဆင်အား တစ်နာရီခြားတခါ စောင့်ကြည့်မည်ဖြစ်ပြီး ဘန်ကောက် ရီမန်အကျဉ်းထောင်၏ ဆေးရုံ၏ဇုန် (၇) တွင် သက်ဆင် တစ်ဦးတည်းကို ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ဆစ်သီက ပြောကြားခဲ့သည်။
ဆစ်သီ ၏အဆိုအရ သက်ဆင်တွင် အောက်ပါရောဂါများရှိသည်။
၁။ သွေးစီးဆင်းမှုကို ကန့်သတ်ထားသည့် နှလုံးအခြေအနေဖြစ်ပြီး ဆရာဝန်များက သူ့အား သွေးခဲခြင်းဆန့်ကျင်နိုင်သော ဆေးများ ပုံမှန်ပေးရန်လိုအပ်သည်။

၂။ သက်ဆင်သည် ကိုဗစ်ရောဂါ အပြင်းအထန်ခံ စားခဲ့ရသည်။ ရောဂါ သက်သာပျောက်ကင်းသွားသော်လည်း သူ၏အဆုတ်တွင် ကိုဗစ်ပိုး တွယ်ကပ် နေဆဲဖြစ်ပြီး မောပန်းလွယ်သည်ဟု ခံစားနေရသည်။

၃။ သက်ဆင်သည် သွေးတိုးရောဂါ ခံစားနေရပြီး သွေးတိုးရောဂါကြောင့် ဆေးဝါးများ ပုံမှန်သောက်ရန်လည်း လိုအပ်သည်။

၄။ သက်ဆင်သည် ဟန်ချက်ညီညီ လမ်းလျှောက်ခြင်းကို ထိခိုက်စေသည့် ကျောရိုးနှင့် ခါးအဆစ်များ ယိုယွင်းလာခြင်း ဝေဒနာကိုလည်း ခံစားနေရသည်။

ထိုင်းတွင် စစ်တပ်၏ အတိုက်အခံပြိုင်ဖက် ဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းနိုင်ငံသို့ ပြန်လာသည့်အခါ ထောင် (၈) နှစ်ချလိုက်ပြီး အကျဉ်းထောင်သို့ ပို့လိုက်သည်။ သက်ဆင်အား ထောင်ဆေးရုံတွင်း အထူးအခွင့်အရေးနှင့် ထားပေးပြီး သူ့ကျန်းမာရေးကို အထူးဂရုစိုက်ပေးမည် ဖြစ်သလို သူ့မိသားစုများနှင့် ထောက်ခံသူများနှင့် တွေ့ဆုံရန်လည်း အထူးသီးသန့် စီစဉ်ပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား အမှုများ တန်းစီစွဲဆိုထားပြီး မည်သူနှင့်မျှ ပေးမတွေ့ရန် တားဆီးထားသည်နှင့် အလွန်ကွာခြားလှသည်။

ယဉ်ကျေးမှုအဆင့်အတန်းတွင် မြန်မာက ထိုင်းထက် နိမ့်ကျနေခြင်းကြောင့်လားဟု တွေးထင်စရာ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း

အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအပေါ် နှုတ်ဆိတ်နေပြီး၊ မဲ ပြန်လည် ရေတွက် ရန် ဆန္ဒပြမှုများ တိုးလာချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 47 Views
နေရှင်း ဘန်ကောက်သတင်းစာ- ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် ထိုင်းယာယီဝန်ကြီးချုပ် အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အတည်ပြု ပြီးသား ရလဒ်များကို
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 49 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 94 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။
ကမ္ဘောဒီးယား ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထရမ့်၏ အပစ်ရပ်စဲရေး တောင်းဆိုမှု ထွက်ပေါ်ပြီး နာရီပိုင်းအကြာတွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကတိပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 118 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက် ဘန်ကောက်၊  ရိုက်တာသတင်း — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း ပြောကြားပြီး နာရီပိုင်းအကြာတွင် တိုက်လေယာဉ်များက ပစ်မှတ်များ ကို စနေနေ့တွင် တိုက်ခိုက်နေချိန်၌ ထိုင်းခေါင်းဆောင်က
ကမ္ဘောဒီးယား တရုတ် ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ပဋိပက္ခသည် လက်နက်ကောင်းကောင်း တပ်ဆင် ထားသည့် အမေရိကန်မဟာမိတ်နှင့် တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် အားနည်းသော ပြိုင်ဘက်ကို ယှဉ်ပြိုင်စေခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 97 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများ သည် စွမ်းရည်နှင့် လူအင်အား ကွာဟမှုကြီးမားသော စစ်တပ်နှစ်ခုနှင့် ၎င်းတို့၏ မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) နယ်နိမိတ်တစ်လျှောက် လက်နက်ကိုင်တိုက်ပွဲများ၏ သမိုင်းကြောင်းကို
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တိုက်ပွဲများ ဒုတိယမြောက်နေ့တွင်စစ်ရှောင် လာသူ တစ်သိန်းကျော်ရှိလာခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 653 Views
CNN- ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂၅ရက် ဘန်ကောက်၊ ထိုင်း / ဖနွမ်းပင်၊ ကမ္ဘောဒီးယား -ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အငြင်းပွားနေသော နယ်စပ်တလျှောက်တွင် သောကြာနေ့က အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူတစ်ဒါဇင်ကျော် သေဆုံးပြီး
အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

  • 2025 ခုနှစ်၊ ဇူလိုင်လ 21 ရက်
  • 1.22K Views
“ဘုံရန်သူကိုမျက်ခြေမပြတ်စေနဲ့” အခုတလောအားလုံးအာရုံစိုက်လာရတဲ့အဖြစ်အပျက်တခုက ယောနယ်မှာ တော်လှန်ရေး အင်အားစုတခုဖြစ်တဲ့ ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) က တပ်ပြေးနဲ့ ရာဇဝတ်သားတွေ အကျဥ်းထောင်မှူးကိုသတ်ပြီး လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးသွားခဲ့သလို အနယ်နယ်က လာရောက် စစ်သင်တန်းတက်နေသူ ရဲဘော်တချို့ကိုလည်း ဖမ်းဆီးသွားခဲ့မှု ဖြစ်ခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အာရှ

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံမှ ခရီးသွားများလာရောက်လည်ပတ်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘာ့စျေးကွက်အနေအထားကို ခိုင်မာစေရန်အတွက် ကမ်ပိန်းအသစ်များကို စတင်လိုက်သည်။

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 643 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက် ၂၀၂၅ ခုနှစ် ပထမငါးလ (ဇန်နဝါရီလမှ မေလ) အထိ ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည် စုစုပေါင်း ၁၄သန်း ၃သိန်း ၆သောင်း ၂ ထောင်ကျော်