နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 20 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ဂန့်ဂေါမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းဂိတ်စခန်း စီးနင်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

ဂန့်ဂေါမြို့၊ ကျောဒေသက ကန့်သက်ရွာဘုန်းကြီးကျောင်းအနီး အခြေပြု‌ထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ ပူးပေါင်းဂိတ်စခန်းကို PDF အပါအ၀င် CDF နဲ့ ပကဖတွေက တိုက်ခိုက်ခဲ့ကြတယ်လို့ MOD ရဲ့ စက်တင်ဘာလ (၂၂)ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ ပူးပေါင်းဂိတ်စခန်းကို စက်တင်ဘာလ (၁၈)ရက်နေ့ မနက် (၄)နာရီ (၄၃)မိနစ်ကနေ (၅)နာရီ (၃)မိနစ်အချိန်ထိ PDF ဂန့်ဂေါခရိုင်အမှတ် (၇)၊ (၁၈)၊ (၁၉)တပ်ရင်းတွေအပါအ၀င် ပကဖ၊ CDF မင်းတပ် တပ်ရင်း(၂)၊ ပုံတောင်ဂဠုန်တပ်ရင်း (ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် LDF) နဲ့ ပုံညာ မုန်တိုင်းပကဖအဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား (၂) ဦးသေဆုံးပြီး (၂) ဦးဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေ ထွက်ပြေးသွားခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း ကာဘိုင်သေနတ် (၉) လက်၊ ကာဘိုင် ကျည်ဘောက် (၁၈) ဘောက်၊ ကာဘိုင်ကျည် (၉၀၀) တောင့်၊ ဂဒီနာ ခြေမှုန်းရေးသေနတ် (၆)လက်နဲ့ ကျည် (၂၀၀)တောင့်၊ အီနာဂါ (၅)လုံး၊ MA ကျည်ဘောက် (၇) ဘောက်၊ MA ကျည် (၁၅၀) တောင့်၊ ဖုန် း(၄) လုံးနဲ့ နင်းမိုင်း (၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ မဟာမိတ်တပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ MOD ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပိုင်ကျုံမြို့နယ်ထဲက စစ်ကောင်စီရဲ့ မော်ဖိုးကေစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 0 Views
မေလ (၂၀)ရက်။ မနေ့က ညပိုင်းအချိန်က ဘားအံခရိုင် ‌ပိုင်ကျုံမြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ မော်ဖိုးကေစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့
မြန်မာသတင်း အာရှ

တမူးမှာ ခရိုင်ပကဖအဖွဲ့ဝင်တွေ ကျဆုံးခဲ့တဲ့အပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 24 Views
မေလ (၁၉)ရက်။ မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင်ပကဖအဖွဲ့ဝင် (၁၀)ဦး ကျဆုံးခဲ့ရတဲ့အပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးပြောဆိုထားတယ်လို့
မြန်မာသတင်း

ရန်ကုန် စမ်းချောင်းမြို့ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 13 Views
မေလ (၁၉)ရက်။ ဒီကနေ့ နေ့လယ် (၁၁)နာရီ (၅၀)မိနစ်အချိန်က စမ်းချောင်းမြို့ တောင်ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ The Bloodline ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၁)နာရီ
မြန်မာသတင်း

တောင်ငူလေတပ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီရဲ့လေယာဉ် (၃)စီး ပျက်စီးခဲ့ပြီး ဒုဗိုလ်မှူးကြီးအဆင့် (၂)ဦးအပါအဝင် (၁၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 22 Views
မေလ (၁၉)ရက်။ စစ်ကောင်စီရဲ့ တောင်ငူရှိ ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ထိခိုက်ပျက်စီးတဲ့ နောက်ဆက်တွဲအခြေအနေကို Brave Warriors for Myanmar(BWM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို BWM နဲ့
မြန်မာသတင်း

အမေရိကန်-တရုတ် (၂)နိုင်ငံလုံးနဲ့ အကောင်းဆုံး ထိတွေ့ဆက်ဆံသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 17 Views
မေလ (၁၉)ရက်။ အမေရိကန်-တရုတ် နှစ်နိုင်ငံလုံးနဲ့ အကောင်းဆုံး ထိတွေ့ဆက်ဆံသွားဖို့ရှိတယ်လို့ စစ်ခေါင်းဆောင်က ရုရှားနိုင်ငံ RT သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကတော့ လွတ်လပ်ပြီး တက်ကြွတဲ့
မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ စနိုက်ဘာပစ်ခတ်တာကြောင့် စစ်ရှောင်တဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 59 Views
မေလ (၁၉)ရက်။ မနေ့က နံနက် (၈)နာရီအချိန် နောင်ချိုမြို့ အုမ္မတီးကျေးရွာမှာ စစ်ကောင်စီရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်တာကြောင့် စစ်ရှောက်အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုမ္မတီးရွာက စစ်ရှောင်စခန်းမှာနေတဲ့
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

“ဝေဖန်သူတွေကို အမုန်းပွား၊တော်လှန်ရေးကိုဘေးမှာထား၊ နိုင်ငံခြားကိုသွား”

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 21 Views
ဒီနေ့ မေလ (၁၈) ရက်နေ့ တနင်္ဂနွေစကားဝိုင်းမှာ ပင်တိုင်ဆွေးနွေးသူများဖြစ်တဲ့ဦးထွန်းအောင်ကျော် နဲ့ ဦးထွန်းကြည်တို့က (၁) မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ(SAC-M)ရဲ့ ထုတ်ပြန်ချက်အပေါ် အမြင် (၂) NUG ဝန်ကြီးတူးခေါင်ရဲ့ ဝေဖန်ထောက်ပြသူတွေကို ဖက်ဆစ်စစ်တပ်နဲ့ ခိုင်းနှိုင်းစွပ်စွဲတဲ့
မြန်မာသတင်း

ကျောက်ဆည်အနီးမှာ နောက်ဆက်တွဲ ငလျင်ထပ်လှုပ် မန္တလေးနဲ့ မြိုကြီးတွေမှာ ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားရတယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 38 Views
မေလ (၁၈) ရက်။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နားမှာ မဂ္ဂနီကျူ ၅.၂ အဆင့်ရှိတဲ့ ငလျင်တစ်ခု မေလ ၁၇ ရက်နေ့ည ၁၀ နာရီ ၂၅ မိနစ်က လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) က