နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမက်စ်တွေနဲ့ သဘောတူညီချက်ရယူဖို့ အစ္စရေးစစ်ဘက်ဆိုင်ရာဝန်ကြီးများ တွေ့ဆုံဆွေးနွေး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ခေတ်မျက်လုံး။

ဓါးစာခံတွေ လွတ်မြောက်ရေးအတွက် ဟားမက်စ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သဘောတူညီချက်ကို ဆွေးနွေးဖို့ အစ္စရေးစစ်ဘက်ရေးရာဝန်ကြီးအဖွဲ့ဟာ နိုဝင်ဘာလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့မှာ အစည်းအဝေးပြုလုပ်ကြမှာ ဖြစ်ပါတယ်။ CNN သတင်းဌာနရဲ့ဖော်ပြချက်အရ အစ္စရေးစစ်ဘက်ရေးရာဝန်ကြီးများအဖွဲ့မှာ အဖွဲ့ဝင် ၅ ဦး ပါဝင်ပြီး ဝန်ကြီးချုပ်နေသန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး ယော့ဂယ်လန့်၊ မဟာဗျူဟာရေးရာဝန်ကြီး ရွန်ဒါမာ၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဘန်နီဂန့်ဇ်၊ IDF အကြီးအကဲဟောင်း ဂါဒီအီဆန်ကော့တို့ ပါဝင်ကြပါတယ်။

စစ်ဘက်ရေးရာဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီးမှာတော့ အဲဒီဝန်ကြီးတွေဟာ နောက်တစ်ဆင့်မြင့်တဲ့ အစ္စရေးအမျိုးသားလုံခြုံရေးအဖွဲ့ဝန်ကြီးတွေနဲ့ ထပ်မံဆွေးနွေးပြီး သဘောတူညီချက်ရယူကာ ဒေသစံတော်ချိန် နေ့လည် ၁ နာရီမှာတော့ အစိုးရဝန်ကြီးအစုံအလင် ထပ်မံတွေ့ဆုံပြီးသဘောတူညီချက်ကို အတည်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ အစ္စရေးဟာ ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓားစာခံအမျိုးသမီးနဲ့ ကလေး အယောက် ၅၀ ကို ပြန်လွှတ်ပေးရေး၊ ၄ ရက်မှ ၅ ရက်အပစ်အခတ် ခေတ္တရပ်ဆဲရေး၊ ပါလက်စတိုင်းအကျဉ်းသား ၃ ဦးပြန်လွှတ်ပေးရေးစတဲ့အချက်တွေကိုအတွက် ဟားမက်စ်တွေနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်တို့ရဲ့ ဆွေးနွေးမယ့်အစီအစဉ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း အတည်ပြုပြောဆိုခဲ့ပြီး ဆွေးနွေးမှုဟာ အတော်လေးနီးစပ်နေပြီလို့ဆိုပါတယ်။ သမ္မတဂျိုးဘိုင်ဒန်က ဓားစာခံတွေလွတ်မြောက်ဖို့ နီးစပ်နေပြီဆိုပေမယ့် မလွတ်သေးသရွေ့ လွတ်မြောက်ပြီလို့ မပြောနိုင်သေးကြောင်းကိုလည်း သတိပေးသွားခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်တွေကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်တော့မှာဖြစ်ပေမယ့်လည်း ဂါဇာမြောက်ပိုင်းမှာ ပေါက်ကွဲမှုတွေ ရှိနေဆဲဖြစ်သလို စစ်ရေးဆောင်ရွက်ချက်တွေကလည်း အင်္ဂါနေ့ကအထိ ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ပြင်းပြင်းထန်ထန် စကားစစ်ထိုးခဲ့ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ကာမယ်လာဟဲရစ်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 10 Views
ပြင်းပြင်းထန်ထန် စကားစစ်ထိုးခဲ့ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ကာမယ်လာဟဲရစ် +++++++++++++++++++ ABC သတင်းဌာနက အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့ ရီပက်ဘလီကန်ရဲ့ သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့
နိုင်ငံတကာသတင်း အမေရိကန်

ယနေ့ စကားစစ်ထိုးပွဲမတိုင်မီ ထရမ့်၏ စည်းရုံးလှုံ့ဆော်အဖွဲ့သည် ဟဲရစ်ကို တိုက်ခိုက်မည့်အချက်အချို့ကို ဖော်ပြခဲ့သည်။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 12 Views
စက်တင်ဘာလ (၁၀) ရက်။ တနင်္လာနေ့တွင် ထရမ့်မဲဆွယ်စည်းရုံးမှုအဖွဲ့သည် ABC ၏ သမ္မတစကားစစ်ထိုးပွဲတွင် သမ္မတဟောင်းထရမ့်က အသုံးချဖွယ်ရှိသော တိုက်ခိုက်မှုအချို့ကို ကြိုတင်တပ်ဖြန့်ချထားခဲ့ပုံရသည်။
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှုဇုန် တိုက်ခိုက်မှုအတွင်း လူ ၄၀ သေဆုံးခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 7 Views
စက်တင်ဘာလ (၁၀) ရက်။ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းအရပ်သား ကာကွယ်ရေး အာဏာပိုင်များက ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်းယူနစ်မြို့အနီး မော်ဝါစီတွင် စက်တင်ဘာလ (၉) ရက် ယမန်နေ့က လူ ၄၀ သေဆုံးပြီး ၆၀ ကျော်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် ဂျော်ဂျီယာ စာသင်ကျောင်းပစ်ခတ်မှုအတွင်း ၄ ဦး သေဆုံးခဲ့ပြီး သံသယရှိသူ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးကို ဖမ်းဆီး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 18 Views
စက်တင်ဘာလ (၅) ရက်။ ဝင်ဒါ (Winder), ဂျော်ဂျီယာ CNN။ ဂျော်ဂျီယာပြည်နယ် ဝင်ဒါအထက်တန်းကျောင်းမှ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုမှာ အသက် ၁၄ နှစ်အရွယ် သံသယရှိသူကို ဗုဒ္ဓဟူးနေ့ညမှာ ထိန်းသိမ်းထားဟု ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရို ဒါရိုက်တာ
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

တရုတ်သူလျှိုအဖြစ် ကောလာဟလများ ပျံ့နှံ့နေချိန်တွင် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ပြေးသွားသော မြို့တော်ဝန်အား ဖမ်းဆီးလိုက်ကြောင်း သိရသည်။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 24 Views
စက်တင်ဘာလ (၅) ရက်။ တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည်ဟု စွပ်စွဲခံထားရသော ဖိလစ်ပိုင်တွင် အရှက်ရစေခဲ့သည့် မြို့တော်ဝန်တစ်ဦးသည် အင်ဒိုနီးရှားသို့ ထွက်ပြေးသွားပြီးနောက် ရက်သတ္တပတ်အတော်ကြာတွင် ဖမ်းဆီးမိလိုက်ကြောင်း ဖိလစ်ပိုင် အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့ပြီး ၎င်းအား တရားစွဲဆိုရန် ကတိပြုခဲ့သည်။
နိုင်ငံတကာသတင်း ဥရောပ

မီရှယ် ဘာနီရေ (Michel Barnier) ကို ပြင်သစ်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 18 Views
+++++++++++++++++++++++++++++++++++++++++++ စက်တင်ဘာလ (၆) ရက်၊ CNN သတင်း။ ဥရောပသမဂ္ဂ ၏ ဗြိတိသျှနှုတ်ထွက်မှု (Brexit) တွင် စေ့စပ်ညှိနှိုင်းရေးမှူးဟောင်း မီရှယ် ဘာနီရေ (Michel Barnier) သည် ပြင်သစ်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံရကြောင်း
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် အထက်တန်းကျောင်းပစ်ခတ်သတ်ဖြတ်ခဲ့သူ၏ ဖခင်ဖြစ်သူအား အာဏာပိုင်များ ဖမ်းဆီး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 17 Views
စက်တင်ဘာလ (၆) ရက်။ ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရို၏ အဆိုအရ အပလက်ချီ (Apalachee) အထက်တန်းကျောင်းတွင် ပစ်ခတ်သတ်ဖြတ်ခဲ့သူ၏ ဖခင်ဖြစ်သူအား ယင်းပစ်ခတ်မှုကြောင့် လူလေးဦး သေဆုံးစေခဲ့သည့် အမှုနှင့်ပတ်သက်၍ သံသယရှိသူအဖြစ် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အသက် ၅၄
နိုင်ငံတကာသတင်း အာရှ

အာဖရိကကိုအတွက် ဒေါ်လာ ဘီလျံ ၅၀ ကျော် မတည်ပေးမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်ကတိပြု

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 26 Views
++++++++++++++++++++++++++++ အာဖရိကတိုက်ကို ရန်ပုံငွေသစ်အဖြစ် ဒေါ်လာ 50 ဘီလျံကျော် ထောက်ပံ့ပေးသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ကတိပြုပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ 5 ရက်နေ့က ဘေဂျင်းမြို့မှာ ကျင်းပတဲ့ တရုတ်-အာဖရိကထိပ်သီးဆွေးနွေးပွဲမှာ ရှီက အခုလို ကတိပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ “ တရုတ်နိုင်ငံဟာ