နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်

တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က စနေနေ့တွင် ဖျက်သိမ်းလိုက်သည်။

အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် သားမက်ဖြစ်သူ ဂျာရက် ကွတ်ရှ်နာ (Jared Kushner) တို့အနေဖြင့် သွားရောက်ပါက “အချိန်ဖြုန်း” ရာ ရောက်လိမ့် မည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့ပြီး၊ အီရန်အနေဖြင့် ဆွေးနွေးလိုပါက “ဖုန်းဆက် ရုံသာရှိသည်” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

အစောပိုင်းက အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီ (Abbas Araghchi) သည် ကြားဝင်စေ့စပ်ပေးသူ ပါကစ္စတန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်၊ စစ်ပွဲအဆုံး သတ်ရေးနှင့် ပတ်သက်၍ အီရန်၏ ရပ်တည်ချက်ကို မျှဝေခဲ့သော်လည်း အမေရိကန် အနေဖြင့် ” သံမန်ရေးဆွေးနွေးညှိနှိုင်းသည့်လမ်းကြောင်း(ဒီပလိုမေစီ )ကို တကယ်ပဲ အလေးအနက်ထားသလား” ဆိုသည်ကို စောင့်ကြည့်ရဦးမည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နိုင်ရန် ဧပြီ ၂၂ ရက်တွင် သက်တမ်းကုန်ဆုံးမည့် အပစ်အခတ်ရပ်စဲရေးကို ထရမ့်က သက်တမ်းတိုးပေးခဲ့သော်လည်း၊ သံတမန်ရေးရာ ကြိုးပမ်းမှုများမှာ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေသည်။

နှစ်ဖက်စလုံးသည် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကိစ္စနှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားနေပြီး၊ ဖေဖော်ဝါရီလတွင် အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်မှု များ စတင်ခဲ့ပြီးနောက် အီရန်က အဆိုပါ အရေးပါသော သင်္ဘောလမ်းကြောင်းကို ဖြတ်သန်း သွားလာခွင့် ကန့်သတ်ထားသလို၊ တီဟီရန်၏ နျူကလီးယား ရည်မှန်းချက်များနှင့် ပတ်သက်၍လည်း အငြင်းပွားနေကြသည်။

အမေရိကန်သည် ကမ္ဘာ့ရေနံထောက်ပံ့မှု ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ အဆိုပါ ရေလက်ကြားတွင် အီရန်၏ ရေနံတင်ပို့မှုကို ပိတ်ဆို့ရန်အတွက် ရေတပ်အင်အား တိုးမြှင့်ထားသည်။

သောကြာနေ့က ခရီးစဉ်ကို ကြေညာစဉ် အိမ်ဖြူတော်က အီရန်ဘက်မှ “စကားပြောလိုသည်” ဟု ပြောကြားခဲ့သော်လည်း၊ အီရန်ဘက်ကမူ တိုက်ရိုက်တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ပြောဆိုခဲ့သည်။

မျက်နှာစုံညီ ဆွေးနွေးပွဲသစ် ဖြစ်လာနိုင်ခြေ နည်းပါးသွားသော်လည်း အပစ်အခတ် ရပ်စဲရေးမှာ ဆက်လက်တည်မြဲနေမည်ဟု ထရမ့်က စနေနေ့တွင် ပြောကြားခဲ့သည်။ ခရီးစဉ်ဖျက်သိမ်းမှုကြောင့် စစ်ပွဲပြန်စမည်လားဟု မေးမြန်းရာတွင် “မဟုတ်ပါဘူး၊ အဲ့ဒီလို အဓိပ္ပာယ်မသက်ရောက်ပါဘူး။ ကျွန်တော်တို့ အဲ့ဒီအကြောင်း မစဉ်းစားရသေးပါဘူး” ဟု Axios သတင်းဌာနသို့ ဖြေကြားခဲ့သည်။

စနေနေ့တွင် ခရီးစဉ်ပယ်ဖျက်ကြောင်း ကြေညာရာ၌ အီရန်ခေါင်းဆောင်ပိုင်းအတွင်း “ကြီးမားသော အားပြိုင်မှုနှင့် ရှုပ်ထွေးမှုများ” ရှိနေပြီး “ဘယ်သူက တာဝန်ခံလဲဆိုတာ သူတို့ကိုယ်တိုင်အပါအဝင် ဘယ်သူမှမသိဘူး” ဟု ထရမ့်က ဆိုသည်။

၎င်း၏ Truth Social လူမှုကွန်ရက်တွင်လည်း “ကျွန်တော်တို့မှာ အသာစီးရမယ့် ကတ်တွေအကုန်ရှိတယ်၊ သူတို့မှာ ဘာမှမရှိဘူး။ သူတို့ ဆွေးနွေးချင်ရင် ဖုန်းဆက်ရုံပဲ!” ဟု ရေးသားခဲ့သည်။

အကယ်၍ ဆွေးနွေးပွဲများ အောင်မြင်ခဲ့ပါက အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) သည်လည်း ပူးပေါင်းရန် “အသင့်အနေအထား” တွင် ရှိနေကြောင်း အိမ်ဖြူတော်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ယခုလအစောပိုင်းက ပထမအကြိမ် ဆွေးနွေးပွဲတွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်ပြီး၊ ယခုခရီးစဉ်တွင် ၎င်းမပါဝင်ခြင်းက ကြီးမားသော အချိုးအကွေ့တစ်ခု မျှော်လင့်မထားကြောင်း ပြသရာ ရောက်နိုင်သည်။

အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) ကမူ တီဟီရန်အနေဖြင့် ဆွေးနွေးရန် လမ်းဖွင့်ထားဆဲဖြစ်သော်လည်း “ကတိကဝတ်များ ချိုးဖောက်ခြင်း၊ ပိတ်ဆို့မှုများနှင့် ခြိမ်းခြောက်မှုများသည် စစ်မှန်သော ညှိနှိုင်းမှုများအတွက် အဓိက အဟန့်အတားများဖြစ်သည်” ဟု ယခင်က ပြောကြားခဲ့ဖူးသည်။

Reuters သတင်းဌာန၏ ဖော်ပြချက်အရ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif) သည် အစ္စလာမ္မာဘတ်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီနှင့် တွေ့ဆုံခဲ့သည်။

ဧပြီ ၁၁ ရက်က သဘောတူညီမှုမရဘဲ ပြီးဆုံးခဲ့သည့် အမေရိကန်နှင့် အီရန်အရာရှိကြီးများ အကြား ဆွေးနွေးမှု အပါအဝင်၊ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပါကစ္စတန်သည် နှစ်ဖက်ကြား ဆက်သွယ်ပေးရန် ကြားဝင်စေ့စပ်ပေးခဲ့သည်။

အိုမန်နှင့် ရုရှားနိုင်ငံများသို့လည်း သွားရောက်မည့် အရတ်ချီက ၎င်း၏ ပါကစ္စတန် ခရီးစဉ်သည် “အကျိုးရှိသည်” ဟု X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ “အီရန်အပေါ် ဆင်နွှဲနေတဲ့ စစ်ပွဲကို အမြဲတမ်းအဆုံးသတ်ဖို့ လုပ်ဆောင်နိုင်တဲ့ မူဘောင်နဲ့ ပတ်သက်ပြီး အီရန်ရဲ့ ရပ်တည်ချက်ကို မျှဝေခဲ့ပါတယ်” ဟု ၎င်းက ဆိုသော်လည်း အမေရိကန်၏ သံတမန်ရေးရာအပေါ် အလေးအနက်ထားမှုကိုမူ သံသယရှိနေဆဲဖြစ်သည်။

ပါကစ္စတန်ဝန်ကြီးချုပ်ကမူ ၎င်းတို့နှစ်ဦးသည် “လက်ရှိဒေသတွင်း အခြေအနေအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်နိုင်ခဲ့သည်” ဟု ပြောကြားခဲ့သည်။ အီရန်နိုင်ငံပိုင် သတင်းဌာန အရ အရတ်ချီသည် အိုမန်သို့ သွားရောက်ပြီးနောက် ပါကစ္စတန်သို့ ပြန်လာရန် ရှိနေသည်။

အီရန်က အဏုမြူဗုံး ထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဟု အမေရိကန်နှင့် အစ္စရေးတို့က သံသယရှိနေကြပြီး၊ အီရန်အနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်လာမှုကို ဝါရှင်တန်က ကန့်ကွက်ခြင်းသည် လက်ရှိပဋိပက္ခကို ဖြစ်ပွားစေသည့် အကြောင်းရင်းတစ်ခုအဖြစ် ဖော်ပြကြသည်။ တီဟီရန်ကမူ ၎င်းတို့၏ နျူကလီးယားအစီအစဉ်သည် စွမ်းအင် ထုတ်လုပ်ရန်အတွက်သာဖြစ်ကြောင်း အမြဲတမ်းငြင်းဆိုထားသော်လည်း ယူရေနီယံ သန့်စင်မှုကို လက်နက်အဆင့်နီးပါးအထိ မြှင့်တင်ထားသည်။

အခြားတစ်ဖက်တွင်လည်း၊ စနေနေ့က လက်ဘနွန်တောင်ပိုင်းသို့ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။ အစ္စရေးစစ်တပ်ကမူ ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့က အစ္စရေးသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးနှင့် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအုပ်စုကြား အပစ်အခတ်ရပ်စဲရေး ရှိနေသော်လည်း၊ နှစ်ဖက်စလုံးသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အပြန်အလှန် ပစ်ခတ်မှုများ ဆက်လက်ရှိနေကာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်သည်ဟု အပြန်အလှန် စွပ်စွဲနေကြသည်။

စနေနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ရုံးခန်းမှ ထုတ်ပြန်ချက်တစ်ခု၌ “လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ ပစ်မှတ်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန်” စစ်တပ်ကို အမိန့်ပေးထားကြောင်း ဖော်ပြထားသည်။

သမတထရန့်

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် (ဘယ်) နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီ (ညာ) တို့ အစ္စလာမ္မာဘတ်မြို့တွင် တွေ့ဆုံစဉ်(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 71 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 83 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက