နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

တင်းမာနေတဲ့ ကိုရီးယားကျွန်းစွယ်မှာ စစ်မီးထတောက်တော့မှာလား

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်၊ ခေတ်မျက်လုံး။

ထောက်လှမ်းရေးဂြိုလ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်နိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့အတွက် နောက်ထပ် ဂြိုလ်တုတွေ အချိန်တိုအတွင်း ထပ်မံလွှတ်တင်သွားမယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာဖြစ်တဲ့ KCNA ရဲ့ဖော်ပြချက်မှာတော့ နိုဝင်ဘာလ (၂၂) ရက်နေ့ ည ၁၀ နာရီ ၄၂ မိနစ်အချိန်မှာ အနောက်ဘက်ကမ်းရိုးတန်းကနေ ကင်းထောက်ဂြိုလ်တု မာလီဂျောင်း-၁ ကို အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဂြိုလ်တုလွှတ်တင်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပြီး ကမ္ဘာပတ်လမ်းကြောင်းထဲ ဂြိုလ်တုရောက်ရှိသွားပြီးနောက်မှာ သိပ္ပံပညာရှင်တွေနဲ့ နည်းပညာသမားတွေကို ချီးကျူးခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ဂြိုလ်တုလွှတ်တင်မှုအပေါ် အမေရိကန်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုဖြစ်သလို ဒေသတွင်းမလုံခြုံမှုကို ဖြစ်ပေါ်စေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ “ကမ္ဘာပတ်လမ်းကြောင်းထဲလွှတ်တင်လိုက်တဲ့ မြောက်ကိုရီးယားရဲ့ ဂြိုလ်တုဟာ တိုက်ချင်းပစ်ဒုံးကျည်စနစ်တွေ ပါဝင်နေပါတယ်” လို့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ အင်ဒရီယန်နီဝက်ဆင်က ပြောပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ မြောက်ကိုရီးယားရဲ့ခြေလှမ်းတိုင်းကို အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရကတော့ မြောက်ကိုရီးယားဟာ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံပြီးနောက်မှာ အခုလို ဂြိုလ်တုလွှတ်တင်ဖို့ အမြန်ဆုံးဖြစ်လာခဲ့တာလို့ စွပ်စွဲပြောဆိုထားပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ဂြိုလ်တုလွှတ်တင်တော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ အမေရိကန် လေယာဉ်တင်သင်္ဘော ကားလ်ဗင်ဆင်ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ဆိပ်ကမ်းကို ဆိုက်ကပ်ရောက်ရှိလာခဲ့ပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးရှင်ဝန်ဆစ် သွားရောက်လည်ပတ်ခဲ့ပါတယ်။

ကားလ်ဗင်ဆင် လေယာဉ်တင်သင်္ဘောဟာ မဟာမိတ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနဲ့အတူ စစ်ရေးလေ့ကျင့်မှု၊ သတင်းအချက်အလက် ရှာဖွေစုဆောင်းမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ မြောက်ကိုရီးယားရဲ့ ဂြိုလ်တု လွှတ်တင်ပြီးနောက်မှာ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်က မိမိတို့အနေနဲ့ ၂၀၁၈ ခုနှစ်က နှစ်နိုင်ငံသဘောတူညီချက်ကို ဖျက်သိမ်းပြီး မြောက်ကိုရီးယားနယ်စပ်စည်းတလျှောက်မှာ စောင့်ကြည့်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ ၂၀၁၈ ခုနှစ်က တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ သမိုင်းဝင်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြားမှာ စစ်ရေးစောင့်ကြည့်မှုတွေ မပြုလုပ်ဖို့ သဘောတူညီမှုရယူခဲ့ကြတာပါ။အခုတော့ မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်ပြီးတဲ့နောက်မှာ သဘောတူညီချက်ကို တောင်ကိုရီးယားဘက်က ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

ကိုရီးယားကျွန်းစွယ်ပေါ်က တင်းမာမှုတွေအပေါ် စိုးရိမ်ပူပန်မိတာကြောင့် သက်ဆိုင်သူတွေအနေနဲ့ ကိုရီးယားကျွန်းစွယ်တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးကို ရှေးရှုဆောင်ရွက်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လက်ရှိမှာ မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုကြောင့် ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်စစ်ဘက်အဖွဲ့အစည်းတွေဟာ ဖျက်သင်္ဘောတွေစေလွှတ်ထားပြီး မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြပါတယ်။

အဲဒီလိုတင်းမာမှုတွေကြောင့် ကိုရီးယားကျွန်းစွယ်မှာ စစ်မီးထတောက်လာမှာကို တောင်ကိုရီးယားပြည်သူတွေကလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 12 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 13 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 28 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 44 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 48 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN