နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းအမျိုးသားတပ်မတော် CNF နဲ့ HPO တို့ ပူးတွဲပြီး ရိခေါ်ဒါရ်မြို့ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်သွားမယ်လို့ CNF ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်၊ ခေတ်မျက်လုံး။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခွါဒါရ်မြို့ပြည်သူ့အုပ်ချုပ်ရေးကို ဒေသခံတွေနဲ့ ဖွဲ့စည်း ထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ချင်းအမျိုးသားတပ်မတော် CNF နဲ့ Hualngo People Organization (HPO) တို့က အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ မနေ့က နိုဝင်ဘာလ (၂၂) ရက်နေ့မှာ CNF က သတင်းထုတ်ပြန်ထားပါတယ်။

အန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ ရိခေါ်ဒါရ်စစ်တပ်စခန်း နှစ်ခုကို CNA၊ CDF-Hualngoram၊ CDF-Zanniatram၊ PDA-Tedim နဲ့ CDF-Thantlang ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ (၁၃) ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ တစ်မြို့လုံးကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့ပါတယ်လို့ သိရပါတယ်။၊

တိုက်ပွဲအတွင်း မြန်မာဘက်က ယာယီစစ်ဘေးရှောင်များနဲ့ ဒဏ်ရာရရဲဘော်များရဲ့ လူမှုအခက်အခဲအလုံးစုံကို ကူညီဖြေရှင်းပေးတဲ့ မီဇိုရမ်ပြည်နယ် အစိုးရ၊ အန္ဒိယဗဟိုအစိုးရ၊ မီဇိုရမ်ပြည်သူများနဲ့ လူမှုအသင်းအဖွဲ့များအပေါ် အထူးကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ရိခေါ်ဒါရ်မြို့ဟာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိတဲ့အတွက် ပြည်သူ့လုံခြုံရေး၊ ဒေသတည်ငြိမ်ရေးနဲ့ တရာဉပဒေစိုးမိုးရေးအထူးလိုအပ်နေတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးအဆင်ပြေစေဖို့ ဒေသခံတွေ ဖော်ဆောင်နေတဲ့ ရိခေါ်ဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးကို ပူးတွဲကာ CNF နဲ့ HPO အနေနဲ့ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ CNF က သတင်းထုတ်ပြန်ထားပါတယ်။

ရိခေါ်ဒါရ်မြို့သိမ်း တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်က တော်လှန်ရေး ရဲဘော် ကိုးဦး ကျဆုံးခဲ့ပါတယ်။ CNF တပ်ဖွဲ့ဝင် ရဲဘော်ရှစ်ဦးနဲ့ PDA တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးတို့ ဖြစ်ပါတယ်။ (၁၅) ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ရိခေါ်ဒါရ်မြို့သိမ်း တိုက်ပွဲအတွင်း စစ်အောင်စီက လေကြောင်းအသုံးပြုကာ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်သလို (MI-35) တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက် စစ်ကူးပေး ပစ်ခတ်ခဲ့လို့ မြို့လုံးကျွတ် စစ်ဘေးရှောင်ခဲ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 25 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 25 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 25 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ မတရားဖိနှိပ်တာနဲ့ စစ်ဆင်ရေးတွေကြောင့် ကရင်နီပြည်သူတွေဟာ ရပ်ရွာနဲ့ အိုးအိမ်တွေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 21 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့
မြန်မာသတင်း

ရဲဘော်/ရဲမေ (၉)ဦးကို တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ကြေညာ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 23 Views
ဇွန်လ (၂၀)ရက်။ ရဲဘော်/ရဲမေ (၉)ဦးကို ‌တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ တပ်ရင်းမှာ တာဝန်ထန်းဆောင်နေချိန် တရားဝင်နှုတ်ထွက်ခွင့် တင်ပြလာတာမရှိဘဲ သူတို့သဘောဆန္ဒနဲ့ တပ်ပြေးသွားတာလို့ ဆိုပါတယ်။ တပ်ပြေးအနေနဲ့ ကြေညာခံရသူတွေဟာ နေလင်းအောင်၊
မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့က လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြည်သူအားလုံးရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 28 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်အဆက်ဆက်က မတရားဖမ်းဆီးချုပ်နှောင်တာ၊ နေအိမ်အကျယ်ချုပ်ထားတာနဲ့ အသက်အန္တရာယ်ကိုပါ
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 27 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို