နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးနှင့် ဟားမတ်စ်တို့အကြား တိုက်ပွဲများ ခေတ္တရပ်ဆိုင်းရန် နိုဝင်ဘာ (၂၄) ရက်နေ့ နံနက် ၇ နာရီမှ စတင်မည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်၊ ဂါဇာ။

အစ္စရေးနှင့် အစ္စလမ္မစ်အဖွဲ့ ဟားမတ်စ်တို့ကြား တိုက်ပွဲများ ရပ်ဆိုင်းထားရန် ဒေသစံတော်ချိန် နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် ၇ နာရီတွင် (မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ ၃၀ မိနစ်) တွင် စတင်မည်ဟု ကာတာအစိုးရက ကြေညာခဲ့သည်။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာတွင် ဖမ်းဆီးထားသည့် ဓားစာခံ ၁၃ ဦးအား နိုဝင်ဘာလ (၂၄) ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီအချိန်တွင် ပြန်လွှတ်ပေးမည်ဟုလည်း ထုတ်ပြန်ထားသည်။

ဓားစာခံ ၂၄၀ ခန့်ကို ဂါဇာတွင် ထိန်းသိမ်းထားသည်ဟု ယုံကြည်ရသည်။ ကာတာအစိုးရသည် တိုက်ပွဲများ ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေး အတွက် စေ့စပ်ညှိနှိုင်းမှုတွင် ဖျန်ဖြေသူအဖြစ် ဆောင်ရွက်နေပါသည်။

ယခုအချိန်အထိ ကြေညာထားသည့် သဘောတူညီချက်အရ အနည်းဆုံး လေးရက်ကြာ တိုက်ပွဲများ ရပ်စဲသွားမည်ဖြစ်ပြီး၊ ဟားမတ်စ်အဖွဲ့မှ ဖမ်းဆီးထားသော အမျိုးသမီးနှင့် ကလေး စုစုပေါင်း ၅၀ ဦးကို လွှတ်ပေးရန်အတွက် အပြန်အလှန်အားဖြင့် အစ္စရေးမှ အကျဉ်းချခံထားရသော အမျိုးသမီးများနှင့် ကလေးငယ်များကို လွှတ်ပေးမည်ဖြစ်သည်။ ဟားမတ်စ် ဓားစာခံ ၁၀ ဦး ထပ်မံလွတ်မြောက်လာတိုင်း အစ္စရေး အစိုးရက စစ်ပွဲရပ်တန့်ခြင်းကို တစ်ရက် သက်တမ်း တိုးပေးမည်ဟု ပြောကြားထားသည်။

နိုဝင်ဘာ ၂၂ ရက်တွင် အစ္စရေးနှင့် ဟားမတ်စ်တို့က စစ်ပွဲအတွင်း ခေတ္တရပ်ထားရန် သုံ့ပန်းများကို လွှတ်ပေးရန် သဘောတူညီခဲ့ကြသည်။

သဘောတူညီချက်ကို ဆွေးနွေးရန် မတွေ့ဆုံမီတွင်၊ သဘောတူညီချက်တွင် သုံ့ပန်းများ ပိုမိုပါဝင်ရန်နှင့် လိုက်လျောမှုကို နည်းပါးစေရန် ၎င်း၏လုပ်ဆောင်မှုအတွက် နေတန်ယာဟုက ဘိုင်ဒင်အား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

“ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြစ်လာစေရန် အသွင်ကူးပြောင်းမှုမျိုးမလုပ်ဆောင်ဘဲ အမေရိကန်ရဲ့ဖိအားပေးမှုတွေက တခြားပိုပြီး တည်မြဲတဲ့အရာတစ်ခုရရှိဖို့ လုပ်နေတာမျိုး ဖြစ်လာမလားဆိုတာကို တကယ်စောင့်ကြည့်ရမှာပါ” ဟု James Dorsey စင်္ကာပူနိုင်ငံ အရှေ့အလယ်ပိုင်း အင်စတီကျုမှ ဂုဏ်ထူးဆောင် အရာရှိ တစ်ဦးက Al Jazeera သို့ ပြောကြားခဲ့သည်။

ဟားမတ်စ်ဘက်မှ ဂါဇာတွင် ဖမ်းထားသည့် ဓားစာခံ ကလေးနှင့်အမျိုးသမီး (၅၀) ကို လွှတ်ပေးမည်။

အစ္စရေးဘက်မှ အစ္စရေးအကျဉ်းထောင်တွင်ဖမ်းထားသည့် ကလေးနှင့်အမျိုးသမီး (၁၅၀) ကို လွှတ်ပေးမည်။

အချိန်ကာလအနေနှင့် (၄) ရက်သတ်မှတ်ပြီး ရက်တိုးပေးနိုင်သည်။

အစ္စရေးဘက်မှ ဂါဇာမှ လူ (၁၀) ဦး နေ့စဉ်လွှတ်ပေးနေသမျှ တိုက်ခိုက်ခြင်းကို တနေ့စီ တိုး၍ ရပ်နားထားမည်။

အစ္စရေးသည် စစ်ဘက်ဆိုင်ရာ စက်ယန္တယား ရွေ့လျားသွားလာမှုကို ရပ်ထားမည် ဖြစ်ပြီး လူများကို ဆာလာအယ်ဒင်လမ်းမှ မြောက်မှ တောင်သို့ သွားခွင့် ပြုမည် ဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ လောင်စာအပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ သယ်ဆောင်လာသည့် ကားတန်းများကို ထိုအချိန်ကာလတွင် ဖြတ်သန်းခွင့်ပေးမည်။

ဝန်ကြီးချုပ်နေတင်ရာဟုက စစ်ကိုအဆုံးသတ်ခြင်း မဟုတ်ဘဲ၊ ရပ်နားခြင်းပြီးဆုံးသွားပါက ဂါဇာတွင် ဟားမတ်စ် လုံးဝမရှိသည်အထိ စစ်ကို ဆက်လက်တိုက်ခိုက်သွားမည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ