နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးနှင့် ဟားမတ်စ်တို့အကြား တိုက်ပွဲများ ခေတ္တရပ်ဆိုင်းရန် နိုဝင်ဘာ (၂၄) ရက်နေ့ နံနက် ၇ နာရီမှ စတင်မည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်၊ ဂါဇာ။

အစ္စရေးနှင့် အစ္စလမ္မစ်အဖွဲ့ ဟားမတ်စ်တို့ကြား တိုက်ပွဲများ ရပ်ဆိုင်းထားရန် ဒေသစံတော်ချိန် နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် ၇ နာရီတွင် (မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ ၃၀ မိနစ်) တွင် စတင်မည်ဟု ကာတာအစိုးရက ကြေညာခဲ့သည်။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာတွင် ဖမ်းဆီးထားသည့် ဓားစာခံ ၁၃ ဦးအား နိုဝင်ဘာလ (၂၄) ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီအချိန်တွင် ပြန်လွှတ်ပေးမည်ဟုလည်း ထုတ်ပြန်ထားသည်။

ဓားစာခံ ၂၄၀ ခန့်ကို ဂါဇာတွင် ထိန်းသိမ်းထားသည်ဟု ယုံကြည်ရသည်။ ကာတာအစိုးရသည် တိုက်ပွဲများ ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေး အတွက် စေ့စပ်ညှိနှိုင်းမှုတွင် ဖျန်ဖြေသူအဖြစ် ဆောင်ရွက်နေပါသည်။

ယခုအချိန်အထိ ကြေညာထားသည့် သဘောတူညီချက်အရ အနည်းဆုံး လေးရက်ကြာ တိုက်ပွဲများ ရပ်စဲသွားမည်ဖြစ်ပြီး၊ ဟားမတ်စ်အဖွဲ့မှ ဖမ်းဆီးထားသော အမျိုးသမီးနှင့် ကလေး စုစုပေါင်း ၅၀ ဦးကို လွှတ်ပေးရန်အတွက် အပြန်အလှန်အားဖြင့် အစ္စရေးမှ အကျဉ်းချခံထားရသော အမျိုးသမီးများနှင့် ကလေးငယ်များကို လွှတ်ပေးမည်ဖြစ်သည်။ ဟားမတ်စ် ဓားစာခံ ၁၀ ဦး ထပ်မံလွတ်မြောက်လာတိုင်း အစ္စရေး အစိုးရက စစ်ပွဲရပ်တန့်ခြင်းကို တစ်ရက် သက်တမ်း တိုးပေးမည်ဟု ပြောကြားထားသည်။

နိုဝင်ဘာ ၂၂ ရက်တွင် အစ္စရေးနှင့် ဟားမတ်စ်တို့က စစ်ပွဲအတွင်း ခေတ္တရပ်ထားရန် သုံ့ပန်းများကို လွှတ်ပေးရန် သဘောတူညီခဲ့ကြသည်။

သဘောတူညီချက်ကို ဆွေးနွေးရန် မတွေ့ဆုံမီတွင်၊ သဘောတူညီချက်တွင် သုံ့ပန်းများ ပိုမိုပါဝင်ရန်နှင့် လိုက်လျောမှုကို နည်းပါးစေရန် ၎င်း၏လုပ်ဆောင်မှုအတွက် နေတန်ယာဟုက ဘိုင်ဒင်အား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

“ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြစ်လာစေရန် အသွင်ကူးပြောင်းမှုမျိုးမလုပ်ဆောင်ဘဲ အမေရိကန်ရဲ့ဖိအားပေးမှုတွေက တခြားပိုပြီး တည်မြဲတဲ့အရာတစ်ခုရရှိဖို့ လုပ်နေတာမျိုး ဖြစ်လာမလားဆိုတာကို တကယ်စောင့်ကြည့်ရမှာပါ” ဟု James Dorsey စင်္ကာပူနိုင်ငံ အရှေ့အလယ်ပိုင်း အင်စတီကျုမှ ဂုဏ်ထူးဆောင် အရာရှိ တစ်ဦးက Al Jazeera သို့ ပြောကြားခဲ့သည်။

ဟားမတ်စ်ဘက်မှ ဂါဇာတွင် ဖမ်းထားသည့် ဓားစာခံ ကလေးနှင့်အမျိုးသမီး (၅၀) ကို လွှတ်ပေးမည်။

အစ္စရေးဘက်မှ အစ္စရေးအကျဉ်းထောင်တွင်ဖမ်းထားသည့် ကလေးနှင့်အမျိုးသမီး (၁၅၀) ကို လွှတ်ပေးမည်။

အချိန်ကာလအနေနှင့် (၄) ရက်သတ်မှတ်ပြီး ရက်တိုးပေးနိုင်သည်။

အစ္စရေးဘက်မှ ဂါဇာမှ လူ (၁၀) ဦး နေ့စဉ်လွှတ်ပေးနေသမျှ တိုက်ခိုက်ခြင်းကို တနေ့စီ တိုး၍ ရပ်နားထားမည်။

အစ္စရေးသည် စစ်ဘက်ဆိုင်ရာ စက်ယန္တယား ရွေ့လျားသွားလာမှုကို ရပ်ထားမည် ဖြစ်ပြီး လူများကို ဆာလာအယ်ဒင်လမ်းမှ မြောက်မှ တောင်သို့ သွားခွင့် ပြုမည် ဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ လောင်စာအပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ သယ်ဆောင်လာသည့် ကားတန်းများကို ထိုအချိန်ကာလတွင် ဖြတ်သန်းခွင့်ပေးမည်။

ဝန်ကြီးချုပ်နေတင်ရာဟုက စစ်ကိုအဆုံးသတ်ခြင်း မဟုတ်ဘဲ၊ ရပ်နားခြင်းပြီးဆုံးသွားပါက ဂါဇာတွင် ဟားမတ်စ် လုံးဝမရှိသည်အထိ စစ်ကို ဆက်လက်တိုက်ခိုက်သွားမည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 48 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက