နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 25 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အမေရိကန် ဥရောပ

အိုက်ကာဦ ရေလွှာလျှောစီးပြိုင်ပွဲ

ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးနှင့် လူပြောအများဆုံး ရေလွှာလျှောစီးပြိုင်ပွဲများထဲမှ တစ်ခုဖြစ်သည့် ရေလွှာလျှောစီး ပြိုင် ပွဲကို ဟာဝိုင်အီတွင် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် ကျင်းပမည်ဟု ခန့်မှန်းရသည်။ ယခုနှစ်တွင် အမျိုးသမီး ရေလွှာလျှောစီးသူများသည် The Eddie Aikau Big Wave Invitational ပြိုင်ပွဲ ၏ ၃၉ နှစ်ကြာ သမိုင်းတွင် ပထမဆုံးအကြိမ် အမျိုးသားများနှင့်အတူ ယှဉ်ပြိုင်မည်ဖြစ်သည်။

“အက်ဒီ” ဟု ရိုးရှင်းစွာသိကြတဲ့ ထိုပြိုင်ပွဲကို အိုအာဟူ မြောက်ပိုင်းကမ်းခြေ (Oahu’s North Shore) မှာရှိတဲ့ ဝိုင်မေအာပင်လယ်အော် (Waimea Bay) မှာ ကျင်းပမည့် တစ်ရက်တာ ပြိုင်ပွဲဖြစ်ပြီး လှိုင်းကြီးတဲ့ ဆောင်းရာသီမှာ လှိုင်းစီးပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပြီး၊ ဆောင်းရာသီ ဒီဇင်ဘာလလယ်မှ မတ်လ လယ်အထိ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပသည့် ပြိုင်ပွဲဖြစ်ပါသည်။

ဟာဝိုင်အီ၏ တိုင်းတာချက်များအရ “ကြီးမားသော” ဆိုသည်မှာ ပေ ၂၀ (၆ မီတာ) လှိုင်းအမြင့် ဖြစ်သည်။ ၎င်းသည် ယခုနှစ် မတိုင်မီက အမေရိကန်ပြည်ထောင်စုတွင်ရှိ နည်းလမ်းအားလုံးဖြင့် တိုင်းတာသည့်အခါ ပေ ၄၀ (၁၂ မီတာ) ခန့်နှင့် ညီမျှသည်၊ ယခုပြိုင်ပွဲသည် ၁၉၈၄ ခုနှစ် ကနဦးပြိုင်ပွဲမှ ကိုးကြိမ်တိုင်တိုင် ကျင်းပခဲ့သည့် အခြေအနေများနှင့် ကိုက်ညီပါသည်။ ပွဲစီစဉ်သူ 

“ကလွိုက်အိုင်ကာအူ (Clyde Aikau)” က ဟာဝိုင်ယီ တိုင်းတာမှုအရ လှိုင်းအမြင့်သည် ၂၅-၃၀ ပေ (၇.၆-၉ မီတာ) သို့မဟုတ် တနိုင်ငံလုံး အတိုင်းအတာအရ ပေ ၅၀-၆၀ (၁၅-၁၈ မီတာ) အထိ ရောက်ရှိမည်ဟု မျှော်လင့်ထားကြောင်း သောကြာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ ဟုတ်ပါတယ်၊ ပြိုင်ပွဲကို တနင်္ဂနွေနေ့မှာ ကျင်းပသွားမှာပါ” ဟု ၎င်းက ပြောသည်။

ကမ္ဘာတစ်ဝှမ်းရှိ အခြားနေရာများတွင် လှိုင်းကြီးများကိုစီးသည့် လှိုင်းစီးပွဲများရှိသည်- ကယ်လီဖိုးနီးယားရှိ မာဗရစ်စ် (Mavericks)၊ ပေါ်တူဂီရှိ နာဇာရေ (Nazare) နှင့် ဟာဝိုင်ယီ မာဝီ (Hawaii’s Maui) ကျွန်းရှိ ပီအာဟီ (Peahi) တို့တွင်လည်း ကျင်းပကြသည်။ သို့ရာတွင် စာရေးဆရာ စတူဝပ်ကိုလ်မင် (Stuart Coleman) ကတော့ “အက်ဒီ” ပြိုင်ပွဲကို ဒဏ္ဍာရီဆန်ဆန် ဌာနေဟာဝိုင်ယီလူမျိုး “အက်ဒီအိုက်ကာဦ (Eddie Aikau)” ကို သူ၏ကိုယ်ကျိုးမဖက်မှု၊ သတ္တိနဲ့ အနစ်နာခံမှုတွေအတွက် ဂုဏ်ပြုမှည့်ခေါ်ထားသည်ဟု ဆိုပါသည်။

“ဒီပြိုင်ပွဲကို အထူးခြားဆုံး ဖြစ်စေတာကတော့ သူနေထိုင်ခဲ့တဲ့အချိန်နဲ့နေရာကို တကယ်ကို ကျော်ဖြတ်ခဲ့တဲ့ လူတစ်ဦး တစ်ယောက်ရဲ့ အမှတ်ရစရာပါပဲ” ဟု အိုက်ကာဦ၏ အတ္ထုပ္ပတ္တိဖြစ်သော Eddie Will Go ကို ရေးခဲ့သော ကိုးလ်မန်းက ပြောကြားခဲ့သည်။

နာမည်အရှည်ကောက် Edward Ryon Makuahanai Aikau သည် အိုအာဟူ မြောက်ပိုင်းကမ်းခြေတွင် အသက်ကယ်စောင့်အဖြစ် အလုပ်လုပ်ရန်အတွက် ဟိုနိုလူလူမှ ငှားရမ်းထားသောသူဖြစ်ပြီး လူ့အသက်များကို သူ၏ စွန့် စားကယ်တင်မှုကြောင့် ပထမဆုံး အသက်ကယ်စောင့်အဖြစ် ထင်ရှားလာပြီး သူ၏အသက်မွေးဝမ်းကြောင်းအတွင်း လူပေါင်း (၅၀၀) ကျော်ကို ကယ်တင်ခြင်းအတွက် လေးစားမှု ခံခဲ့ရသည်။ သူသည် မည်သူမျှ မစီးရဲသော လှိုင်းလုံးကြီးများပေါ် လှိုင်းစီးခြင်းကြောင့်လည်း ကျော်ကြားသည်။

အက်ဒီအိုက်ကာဦသည် ဟိုနိုလူလူမှ တဟီတီ (Tahiti) သို့ ရိုးရာပိုလီနီးရှားရေကြောင်းခရီးကို ကနူးလှေဖြင့် လေ့လာရေး ခရီးထွက်ခွာလာစဉ်အတွင်း အသက် ၃၁ နှစ်အရွယ် ၁၉၇၈ ခုနှစ်တွင် သေဆုံးသွားခဲ့သည်။ ဆိပ်ကမ်းမှ နာရီအနည်းငယ်အကြာတွင် ဟိုကူလေအာ (Hokulea) ဟု လူသိများသော ဧရာမသင်္ဘောနှစ်စင်းပါသော ကနူးလှေကြီးသည် ရေပေါ်သို့ တက်ကာ မုန်တိုင်းထန်သော ရာသီဥတုတွင် မှောက်သွားခဲ့သည်။

အိုက်ကာဦသည် အနီးနားရှိ လင်နိုင် (Lanai) ကျွန်းသို့ မိုင်ပေါင်းများစွာ လှော်တက်နှင့်လှော်ပြီး ကျန်အဖွဲ့သားများအတွက် အကူအညီရယူရန် ၎င်း၏ လှိုင်းစီးဘုတ်ပြား (surfboard) ဖြင့် အကူအညီ ထွက်ရှာခဲ့သော်လည်း နောက်ပိုင်းတွင် သူ့ကို မတွေ့ရတော့ပေ။ စီးပွားရေးသုံးလေယာဉ် တစ်စင်းက အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့သို့ ကနူးသင်္ဘောကို တွေ့ရှိသည့် သတင်းကို သတိပေးခဲ့ပြီးနောက် နာရီအနည်းငယ် အကြာတွင် ကျန်သင်္ဘောသားများကို ကယ်ဆယ်နိုင်ခဲ့သည်။ ကိုလ်မင်က “အက်ဒီ” သည် လှိုင်းကြီးစီးခြင်း၏ အကောင်းဆုံး နေရာတခုဖြစ်ပြီး ဟာဝိုင်ယီ ယဉ်ကျေးမှု၏ အကောင်းဆုံး အကြောင်း အရာတခုလည်းဖြစ်သည်။

“ကျင်းပတဲ့ကာလကို စတင်ကျင်းပဖို့ စုဝေးကြတဲ့ ဖွင့်ပွဲအခမ်းအနားမှာ အမြဲတမ်း ပြောလေ့ရှိတာက ‘ဒါဟာ ပြိုင်ပွဲတစ်ခုတင် မဟုတ်ပါဘူး။ ငါတို့က အချင်းချင်း လှိုင်းစီးပြီး ပြိုင်နေကြတာ မဟုတ်ဘူး။ ငါတို့ အားလုံးက “အက်ဒီ” ရဲ့ စိတ် ဓာတ်နဲ့ လှိုင်းစီးနေတာဖြစ်တယ်” ဟု ကိုးလ်မန်းက ပြောသည်။ ယခုနှစ်တွင် ပွဲစီစဉ်သူများသည် ကမ္ဘာတစ်ဝှမ်းမှ ပြိုင်ဖက် ၄၀ နှင့် အလှည့်ကျ ၁၈ ဦးကို ဖိတ်ကြားထားပြီး ကမ္ဘာ့လှိုင်းစီးပြိုင်ပွဲတွင် စံချိန် ၁၁ ကြိမ်ရရှိခဲ့သည့် ကယ်လီစလေတာ (Kelly Slater) အပါအဝင်၊ မြောက်ဖက်ကမ်းခြေတွင် ကျော်ကြားသော ဂျွန်ဂျွန်ဖလောရန့်စ်သည် ကမ္ဘာ့ချန်ပီယံဆု နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးထားသူဖြစ်ပြီးသူကိုလည်း ပါဝင်ရန် တောင်းဆိုထားသည်။

ကဝိုင်အီမှ အမျိုးသမီး လှိုင်းလုံးကြီးစီးသူ ရေလှိုင်းချန်ပီယံ ကီယာလာကင်နယ်လီ (Keala Kennelly) သည်လည်း အမျိုး သမီး ဖိတ်ကြားသူများထဲတွင် ပါဝင်ပါသည်။ ဟိုနိုလူလူ၏နာမည်ကျော် ကြေညာသူ မင်ဒီပဲနီဘက်ကာ (Mindy Penny-backer)သည် အမျိုးသမီးများ လှိုင်းကြီးစီးသည်ကို အားပေးသည့် “ Surfing Sisterhood Hawaii:Wahine Recla-iming the Waves” မကြာမီထွက်လာမည့် စာအုပ်ကို ရေးသားသူဖြစ်သည်။

သူက လှိုင်းကြီးများကို တက်စီးခြင်းသည် အမျိုးသမီးများအတွက် အန္တရာယ်များလွန်းပြီး ထိုနေရာတွင် လှိုင်းစီးခြင်း မပြုနိုင်ဟု ယူဆထားသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ အမျိုးသမီးများ အနေနှင့် ပြိုင်ပွဲတွင်ပါဝင်ရန် တိုက်ပွဲဝင်ခဲ့ရပြီး တစ်ချိန်တည်းတွင် ၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းရှိ နေရာများတွင် လှိုင်းကြီးများကို ကိုင်တွယ် စီးနင်းနိုင်ကြောင်း ပြသနိုင်ရမည်ဟု ပြောသည်။

“ လှိုင်းစီးနေသည့် အမျိုးသမီးများသာမက အမျိုးသမီးများနှင့် အမျိုးသားများသည် အပြန်အလှန် လေးစားမှုနှင့် တန်းတူညီမျှမှုဖြင့် တူညီသောဖြစ်ရပ်ကို အတူတကွမျှဝေကြသည်ကို မြင်တွေ့ရခြင်းအတွက် ကျွန်ုပ်သည် အမှန်တကယ်ပင် ပီတိဖြစ်မိပါသည်” ဟု ပင်တီဘက်ကာ မှ ပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲသည် မြောက်ဘက်ကမ်းရိုးတန်းကိုဖြတ်၍ ကွေ့ ကောက်နေသော နှစ်လမ်းသွား အဝေးပြေးလမ်းမကြီးနှင့် ကမ်းရိုးတန်း ကမ်းခြေတလျှောက် အစက်အပြောက်ရှိသော မြို့ငယ်လေးများ တွင်ရှိသည့် ပရိသတ်ထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ရသည်။

North Shore Neighborhood ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌ ကက်တလင်း ဖဟီနူအီ (Kathleen Pahinui) က ဤပြိုင်ပွဲသည် စီးပွားရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များအတွက် ကောင်းမွန်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လမ်းများပိတ်ဆို့ နေသောကြောင့် ကားကြုံနှင့် ဘတ်စ်ကားစီးရန် ဧည့်သည်များကို တိုက်တွန်းခဲ့သည်။ “ပါဝင်သူအားလုံးကို ကံကောင်းပါစေလို့ ဆုတောင်းပါတယ်” လို့ သူမက ဆိုပါသည်။

Source: အေပီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 29 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၏ ထိခိုက်လွယ်သော သုတေသနလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် သိပ္ပံပညာရှင် အနည်းဆုံး ၁၀ ဦး မကြာသေးမီနှစ်များအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေမှုအပေါ် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးအဖွဲ့များ အရှိန်မြှင့်လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီသည် ထိခိုက်လွယ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို ကိုင်တွယ်ခွင့်ရှိသူ သိပ္ပံပညာရှင်များ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း ဆိုင်ရာ အစီရင်ခံစာများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်