နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNU တပ်မဟာ (၃) နယ်မြေရှိ စစ်ကောင်စီတပ်စခန်းလေးခုကို တစ်ပြိုင်တည်း တိုက်ခိုက်၊ တစ်နာရီအတွင်း စခန်းနှစ်ခု ချေမှုန်းနိုင်ခဲ့

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) တပ်ပေါင်းစုမှ စစ်ကောင်စီတပ်ရဲ့တပ်စခန်း လေးခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး စခန်း နှစ်လုံးအား ချေမှုန်းဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဧပြီလ (၂၃) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။


ဧပြီလ (၂၂) ရက်နေ့ မနက် (၄) နာရီခွဲမှာ KNLA တပ်မဟာ (၃) တပ်ပေါင်းစုက KNU မူး(မုန်း)မြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်း၊ လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်း၊ ကျွန်းကုန်းစခန်းစတဲ့ စစ်ကောင်စီတပ်စခန်းလေးခုကို တိုက်ခိုက်ခဲ့ရာ တစ်နာရီအတွင်း စခန်းနှစ်ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

တိုက်ခိုက်ခဲ့တဲ့ စခန်းများအနက် ညောင်ကုန်းစခန်းနဲ့ ကျွန်းကုန်းစခန်းကို တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနိုင်ပြီး လက်နက်များ သိမ်းဆည်း ရမိခဲ့ကြောင်း၊ နောင်ကုန်းစခန်းနဲ့ ရန်မျိုးအောင် စခန်းနှစ်ခုကိုတော့ ချေမှုန်းဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။
စစ်ကောင်စီဘက်က (၁၆) ဦး သေဆုံးပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ သေဆုံးသူများထဲမှာ ဒုတပ်ရင်းမှူးတစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီကျဆုံးမှုစာရင်းကို ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

KNLA တပ်မဟာ (၃) တပ်ပေါင်းစုဘက်မှ တစ်ဦးကျဆုံးကာ နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေကို KNU ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြမထားသော်လည်း ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းမှာ စစ်ကောင်စီဘက်က လက်နက် ၁၀ လက်နဲ့ ကျည်၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တာကို တွေ့ရှိရပါတယ်။

စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူလာရောက်ခဲ့ပြီး ညောင်တန်း၊ ညောင်ကုန်းနဲ့ နရွဲပင်ကျေးရွာကြားကို တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ (၄) ကြိမ် ဗုံးကြဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တိုက်လေယာဉ်နဲ့လည်း ထပ်မံ လာရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီလို လေကြောင်း တိုက်ခိုက်မှုကြောင့် လယ်ဒိုနဲ့ မူးမြို့နယ်ရှိ ပြည်သူများ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
Era’sEyes/(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေဦးမြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 5 Views
အောက်တိုဘာလ (၃)ရက်။ မနေ့က နေ့လယ် (၂)နာရီခွဲအချိန်က စစ်ကောင်စီရဲ့ ရေဦးမြို့မရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ရေဦး-PDF ရဲ့
မြန်မာသတင်း

ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဝန်းရှေ့က စစ်ထောက်လှမ်းရေးရုံးချုပ် ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 5 Views
အောက်တိုဘာလ (၃)ရက်။ ‌မနေ့က ည (၇)နာရီ (၁၇)မိနစ်အချိန်က ရန်ကုန်မြို့ရှိ အောင်မင်္ဂလာအဝေးပြေးကားဝန်းရှေ့က စစ်ကောင်စီရဲ့ စစ်ထောက်လှမ်းရေးရုံးချုပ်(စရဖ)ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တယ်လို့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

(၃)နှစ်ကျော်ကာလထဲ ကရင်နီပြည်မှာ အရပ်သား (၇၀၀)နီးပါးသေဆုံးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 4 Views
အောက်တိုဘာလ (၃)ရက်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကစပြီး အခုနှစ် စက်တင်ဘာလအထိ ကရင်နီပြည်မှာ အရပ်သား (၆၈၃)ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ (၃)နှစ်ကျော်ကာလ ကရင်နီပြည်မှာ သေဆုံးခဲ့သူ (၆၈၃)ဦးထဲ အရပ်သားသတ်ဖြတ်ခံရသူ
မြန်မာသတင်း

အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကိုယ်စားလှယ်တွေကို ဖယ်ထုတ်ဖို့ အရပ်ဘက်အဖွဲ့ (၂၃၇)ဖွဲ့ တောင်းဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 4 Views
အောက်တိုဘာလ (၃)ရက်။ မကြာခင် ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးအပါအဝင် ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကိုယ်စားလှယ်တွေကို ဖယ်ထုတ်ဖို့ အရပ်ဘက်အဖွဲ့ (၂၃၇)ဖွဲ့က မနေ့က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ အခုရက်ပိုင်းထဲ လာအိုနိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျ
မြန်မာသတင်း

ကျောက်ဆည်မှာ တောင်ကျချောင်း‌ ဖြတ်မောင်းတဲ့ စစ်ကောင်စီဒုဗိုလ်မှူးကြီးတစ်ဦး ကားနဲ့အတူ မျောပါသေဆုံး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 6 Views
အောက်တိုဘာလ (၂)ရက်။ မနေ့ကညပိုင်းအချိန်မှာ ကျောက်ဆည်မြို့၊ ဆင်မင်းဘိလပ်မြေစက်ရုံအနီး တောင်းကျချောင်းကို ဖြတ်မောင်းတဲ့ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦး ကားနဲ့အတူ မျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ မနေ့က ည (၇)နာရီခွဲလောက်မှာ ကျောက်ဆည် ဘိလပ်မြေစက်ရုံနားက တောင်ကျချောင်းကို
မြန်မာသတင်း

ယောနယ်ထဲ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်တာမှာ ပူးပေါင်းပါဝင်သူတွေကို အရေးယူသွားမယ်လို့ YDF သတိပေး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 7 Views
အောက်တိုဘာလ (၂)ရက်။ ယောနယ်ထဲ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူတာမှာ ပူးပေါင်းပါဝင်သူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ယောကာကွယ်ရေးတပ်(YDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်သတိပေးထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ သူတို့လက်လှမ်းမီတဲ့ အတိုင်းအတာနဲ့ လူဦးရေ သန်းခေါင်စာရင်းတွေ ကောက်ယူနေတာဟာ အာဏာအဓွန့်ရှည်တည်တံ့နိုင်ဖို့အတွက် လုပ်ဆောင်နေတာလို့
မြန်မာသတင်း

(၁၀)လတာထဲ နိုင်ငံခြားသား (၅၀၀၀၀)ကျော်ကို ပြည်နှင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 7 Views
အောက်တိုဘာလ (၂)ရက်။ ၂၀၂၃ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဩဂုတ်လအထိ နိုင်ငံခြားသား (၅၄၄၃၃)ဦးကို ပြည်နှင်ခဲ့တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မနေ့ကပြုလုပ်တဲ့ နှစ် (၆၀)ပြည့် ရဲတပ်ဖွဲ့နေ့မှာ ပြောဆိုချက်အရ သိရပါတယ်။ ပြည်နှင်ခဲ့တဲ့ နိုင်ငံခြားသား (၅၀၀၀၀)ကျော်ဟာ
မြန်မာသတင်း

ဟားခါးမြို့မှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 6 Views
အောက်တိုဘာလ (၂)ရက်။ မနေ့က နံနက် (၁၀)နာရီဝန်းကျင်အချိန်မှာ ဟားခါးမြို့ထဲ သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့ကို ပစ်ခတ်ခဲ့တယ်လို့ CDF-HAKHA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၁၀)နာရီလောက် ဟားခါးမြို့ပေါ်ရဲစခန်းနားမှာ သန်းခေါင်စာရင်းကောက်နေတဲ့အဖွဲ့ကို ပစ်ခတ်ခဲ့တာပါ။ အဲ့ဒီမှာ