နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပခုက္ကူ -ရေစကြိုလမ်း တွင် Non CDM ဆရာ၊ဆရာမ ၆၀ ကျော်ကို PDF တွေ ဖမ်းမိ၊နောက်ဆုံးအကြိမ် သတိပေးဆုံးမကာ ပြန်လွှတ်ပေးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခုက္ကူ -ရေစကြိုကားလမ်းမှာ စစ်အုပ်စု လက်အောက်ခံ Non CDM ဆရာ၊ဆရာမ ၆၀ ကျော်ကို PDF တပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

အဲဒီဆရာဆရာမ တွေထဲမှာပျူရွာတွေမှာ နေထိုင်သူတွေပါဝင်ခဲ့ပေမယ့် နောက်ဆုံးအကြိမ်အဖြစ် သတိပေးဆုံးမကာ ပြန်လွှတ်ပေးခဲ့တယ်လို့ Young Force (UG)က မေ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပခုက္ကူ -ရေစကြိုကားလမ်းကို ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ဆေးရာမှာ မေ ၁၈ရက် ညနေပိုင်းက ကားသုံးစီးနဲ့ လိုက်ပါလာတဲ့ စစ်အုပ်စု လက်အောက်ခံဝန်ထမ်းတွေဖြစ်တဲ့ Non  CDM ဆရာ၊ဆရာမ အယောက် ၆၀ကျော်ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ကားသုံးစီးနဲ့ပါလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယန္တရား လည်ပတ်စေဖို့ ပါဝင်ပေးနေတဲ့ Non CDM ဆရာ၊ဆရာမ အယောက် ၆၀ကျော်ကို ခေတ္တထိန်းသိမ်းထားခဲ့ပြီးလူများတာရယ်၊ ထိန်းသိမ်းထားဖို့နေရာ အခက်ခဲကြောင့်ခေတ္တထိန်းသိမ်းပြီး ပြန်လွှတ်ပေးခဲ့တာပါ။

အဲဒီဆရာ၊ဆရာမတွေကို လက်ရှိ ဖြစ်ပေါ်နေတဲ့ မတရားအာဏာလုယူခံရမှုနဲ့ဆရာ ဆရာမတို့ထောက်ခံနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာ‌တွေကိုအကြောင်းမဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်စီးနေကြောင်းကိုလည်း PDFတပ်ဖွဲ့ဝင်တွေက ရှင်းပြလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီဆရာ ဆရာမ အဖွဲ့တွေရဲ့ ကျောင်းသုံးဆက်စပ်ပစ္စည်းတွေနဲ့ ကားသုံးစီးကိုသိမ်းယူပြီးလိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မတရားမှု့ကိုဆန့်ကျင်ပြီး CDM ပြုလုပ်လိုပါက စိစစ်လက်ခံနေဆဲဖြစ်ပြီး လက်နက် ခဲယမ်းတွေ ယူဆောင်လာနိုင်ပါက ထိုက်တန်တဲ့ ဆုငွေလည်း ပေးအပ်သွားမှာဖြစ်တယ်လို့ Young Force (UG) ပခုက္ကူမြို့နယ်(ပကဖ)က ထုတ်ပြန်ထားပါတယ်။

#Era’Eyes /Photo -Young Force (UG)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးတဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 16 Views
မေလ (၁)ရက်။ ဧပြီလ (၂၄)ရက်နေ့က လယ်ဒိုမြို့ရှိ လယ်မူသောရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူပြော

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 26 Views
မေလ (၁)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ သူမကို
မြန်မာသတင်း

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီ ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁ရက် ရိုက်တာသတင်းဌာန —ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသည် စစ်တပ်က သူမဦးဆောင်သည့် အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုဗယ်လ်ဆုရှင်အား ထောင်သွင်း
မြန်မာသတင်း

ရေးမြိုမှာ DKBA ခေါင်းဆောင်တဦးကို ရေးဘီလူးတပ်ရင်း ဝင်ရောက်ပစ်ခတ်၊ လက်နက်ခဲယမ်းအချို သိမ်းဆည်းရမိခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 31 Views
ဧပြီလ (၃၀)ရက်။ ရေးမြိုနယ်မှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီဆိုသူကို ပစ်ခတ်ခဲ့တယ်လို ရေးဘီလူးတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေးမြိုမှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီကို နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ခဲ့တာ။
မြန်မာသတင်း

ကဆုန်လပြည့်ဗုဒ္ဓနေ့ အကျဉ်းသား (၁၅၀၀)ကျော်ကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင် လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၁၅၀၈)ဦးကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်က ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အပါအဝင် လူသားစာနာမှုနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်စေဖို့ဆိုပြီး ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား (၁၅၀၈)ဦးကို လွတ်ငြိမ်းခွင့်ပေးတာလို့
မြန်မာသတင်း

ပုလဲနယ်ထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အထိအခိုက်အကျအဆုံး များပြားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 26 Views
ဧပြီလ (၃၀)ရက်။ ဖေဖော်ဝါရီလ (၂၂ရက်နေ့ကစပြီး ပုလဲနယ် ချင်ပစ်-မုံသွင်ဘက်မှာ အင်အား (၄၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင်ခရိုင်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား (၁)လကျော်ကြာ
မြန်မာသတင်း

မြိုင်မြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 32 Views
ဧပြီလ (၂၉)ရက်။ ဒီကနေ့ မြိုင်မြို့နယ်အရှေ့မြောက်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကော်မရှင်ဂိတ်စခန်းကို ပခုက္ကူခရိုင် အမှတ်(၂၊၆၊၇)တပ်ရင်းတွေ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်တော်(MGY) အညာမြေတပ်ပေါင်းစုနဲ့ မြိုင်(ပ.က.ဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲဟာ (၁)နာရီနီးပါး ကြာမြင့်ခဲ့ပြီး အဲ့ဒီဂိတ်နေရာမှာ
မြန်မာသတင်း

“ The Low-Class Intellectuals”

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 29 Views
By U Tin Nyunt (April 16, 2026) Note: The Author was arrested after he published the article and his whereabout