နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပခုက္ကူ -ရေစကြိုလမ်း တွင် Non CDM ဆရာ၊ဆရာမ ၆၀ ကျော်ကို PDF တွေ ဖမ်းမိ၊နောက်ဆုံးအကြိမ် သတိပေးဆုံးမကာ ပြန်လွှတ်ပေးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခုက္ကူ -ရေစကြိုကားလမ်းမှာ စစ်အုပ်စု လက်အောက်ခံ Non CDM ဆရာ၊ဆရာမ ၆၀ ကျော်ကို PDF တပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

အဲဒီဆရာဆရာမ တွေထဲမှာပျူရွာတွေမှာ နေထိုင်သူတွေပါဝင်ခဲ့ပေမယ့် နောက်ဆုံးအကြိမ်အဖြစ် သတိပေးဆုံးမကာ ပြန်လွှတ်ပေးခဲ့တယ်လို့ Young Force (UG)က မေ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပခုက္ကူ -ရေစကြိုကားလမ်းကို ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ဆေးရာမှာ မေ ၁၈ရက် ညနေပိုင်းက ကားသုံးစီးနဲ့ လိုက်ပါလာတဲ့ စစ်အုပ်စု လက်အောက်ခံဝန်ထမ်းတွေဖြစ်တဲ့ Non  CDM ဆရာ၊ဆရာမ အယောက် ၆၀ကျော်ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ကားသုံးစီးနဲ့ပါလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယန္တရား လည်ပတ်စေဖို့ ပါဝင်ပေးနေတဲ့ Non CDM ဆရာ၊ဆရာမ အယောက် ၆၀ကျော်ကို ခေတ္တထိန်းသိမ်းထားခဲ့ပြီးလူများတာရယ်၊ ထိန်းသိမ်းထားဖို့နေရာ အခက်ခဲကြောင့်ခေတ္တထိန်းသိမ်းပြီး ပြန်လွှတ်ပေးခဲ့တာပါ။

အဲဒီဆရာ၊ဆရာမတွေကို လက်ရှိ ဖြစ်ပေါ်နေတဲ့ မတရားအာဏာလုယူခံရမှုနဲ့ဆရာ ဆရာမတို့ထောက်ခံနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာ‌တွေကိုအကြောင်းမဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်စီးနေကြောင်းကိုလည်း PDFတပ်ဖွဲ့ဝင်တွေက ရှင်းပြလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီဆရာ ဆရာမ အဖွဲ့တွေရဲ့ ကျောင်းသုံးဆက်စပ်ပစ္စည်းတွေနဲ့ ကားသုံးစီးကိုသိမ်းယူပြီးလိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မတရားမှု့ကိုဆန့်ကျင်ပြီး CDM ပြုလုပ်လိုပါက စိစစ်လက်ခံနေဆဲဖြစ်ပြီး လက်နက် ခဲယမ်းတွေ ယူဆောင်လာနိုင်ပါက ထိုက်တန်တဲ့ ဆုငွေလည်း ပေးအပ်သွားမှာဖြစ်တယ်လို့ Young Force (UG) ပခုက္ကူမြို့နယ်(ပကဖ)က ထုတ်ပြန်ထားပါတယ်။

#Era’Eyes /Photo -Young Force (UG)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

ကူမင်းဆွေးနွေးပွဲမစခင် တရက်အလို နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးအလုံးရေ (၁၇၀)ကျော် တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေအပါအဝင် လေယာဉ်နဲ့ ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

ခေတ်မျက်လုံးပရိဿတ်များ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 5 Views
ခေတ်မျက်လုံးပရိဿတ်များ ခေတ်မျက်လုံးရဲ့ဒီတနင်္ဂနွေနေ့ LIVE ဆွေးနွေးမဲ့ ခေါင်းစဥ်ကတော့ အများစိတ်ဝင်စားနေတဲ့ “အာဂျင်တီးနားဝရမ်းနဲ့စကစ” “တရုတ်ဖိအားနဲ့ TNLA” “ထိုင်းဖြတ်တောက်မှုနဲ့ BGF” ဖြစ်ပါတယ်
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်ကောင်စီဂိတ်စခန်း (၃)ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က ည (၁၂)နာရီအချိန်က လယ်ဒိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဂိတ်စခန်း (၃)ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီဂိတ်တွေဟာ နရွဲပင်ဂိတ်စခန်း၊
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အင်းစိန်ထောင်က ရိုဟင်ဂျာ (၉၀၀)ကျော်ကို စစ်ကောင်စီ ရခိုင်ပို့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီဝန်းကျင်ခန့်ကစပြီး လွတ်ရက်စေ့ ရိုဟင်ဂျာ (၉၃၆)ဦးကို စစ်ကောင်စီက အင်းစိန်ထောင်ကနေ ခေါ်ထုတ်သွားခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်းစိန်ထောင်က လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာ
မြန်မာသတင်း

ရွှေကုက္ကိုလ်နဲ့ KK Park က ကျားဖြန့်လုပ်ကိုင်တဲ့ နိုင်ငံခြားသား (၈၀၀)နီးပါးကို စစ်ကောင်စီ ဖမ်းဆီး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မြဝတီမြို့ ရွှေကုက္ကိုလ်နဲ့ KK Park မှာ ကျားဖြန့်လုပ်ငန်းအပါအဝင် ဒုစရိုက်မှုတွေကျူးလွန်တဲ့ နိုင်ငံခြားသား (၇၉၉)ဦးကို ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကနေတဆင့် မြန်မာနိုင်ငံကို
မြန်မာသတင်း

အခုနှစ်မှာ ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ အခု ၂၀၂၅ခုနှစ်မှာ ချင်းပြည်ထဲ ကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းတွေ ကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီ ဒုဥက္ကဋ္ဌ(၁) Salai Men Nyo က (၇၈)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

မြဝတီတောင်ဘက် ကနဲလေးရွာတိုက်ပွဲထဲ စစ်ကောင်စီထံက လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့က မြဝတီမြို့တောင်ဘက်ရှိ ကနဲလေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Cobra Column 2 Venom ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၅)ရက်နေ့က ကနဲလေးစခန်းကို
မြန်မာသတင်း

မင်းလှမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မင်းလှမြို့ ဇရစ်မျှောင်ကျေးရွာနေ ခွက်မအုပ်စုအုပ်ချုပ်ရေးမှူး သန်းထွေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၂)ထံက သိရပါတယ်။ “ ဇရစ်မျှောင်ကျေးရွာမှာနေတဲ့ ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး သန်းထွေးကို သူ့ရဲ့နေအိမ်မှာပဲ