နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

သာကေတ-သန်လျင်ရထားသံလမ်းပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီ က ဧည့်စာရင်းစစ်ပြီး လူငယ်အချို့ကိုရှာဖွေ

ရန်ကုန်မြို့၊ သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ရထားသံလမ်းပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်တွေက အနီးနားရပ်ကွက်တွေကို ရှာဖွေမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

အဲဒီရထားလမ်းပိုင်းမှာ မေလ ၂၃ ရက်မနေ့က ည ၉ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီတပ်တွေက ညတွင်းချင်းဧည့်စာရင်းစစ်တာ၊ လုံခြုံရေးတင်းကျပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီ က ဧည့်စာရင်းစစ်ဆေးတာတွေလုပ်ပြီး လူငယ်အချို့ကို ရှာဖွေနေတယ်လို့ သာကေတမြို့နယ် ၁ဝ တောင် ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။

လက်ရှိအချိန်အထိတော့ ဒီပေါက်ကွဲမှုဖြစ်စဥ်ဟာ ဘယ်အဖွဲ့လုပ်ဆောင်တယ်ဆိုတာကို ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။

မေ ၂၄ ရက်မှာလည်း စစ်ကောင်စီတပ်တွေနဲ့
ယာဥ်ထိန်းရဲတွေဟာ သာကေတမြို့နယ်ဘက်အခြမ်းအပြင် သန်လျင်မြို့နယ်ဘက်တွေမှာလည်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

Era’sEye / ရန်ကုန်တိုင်း၊ သန်လျင်မြို့နဲ့ သာကေတမြို့တို့ကို ဆက်သွယ်ထားတဲ့ သန်လျင်တံတားကို တွေ့ရစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ ကမ္ဘာမကြေဘူး” သီချင်းရေးစပ်ခဲ့တဲ့ တေးရေး နိုင်မြန်မာ ကွယ်လွန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန် သန်လျင်မြို့်ရှိ နေအိမ်မှာ တေးရေး နိုင်မြန်မာ ကွယ်လွန်သွားခဲ့တယ်လို့
မြန်မာသတင်း

ရွှေကုက္ကိုလ်နယ်မြေထဲ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား (၆၁)ဦးကို စစ်ကောင်စီ ပြန်လွှဲပြောင်းပေး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၇)ရက်။ မြဝတီ-ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေထဲက လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား (၆၁)ဦးကို စစ်ကောင်စီက ထိုင်းဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်ရာမှာ အသက်မပြည့်သူတွေ မပါဝင်စေဖို့ စစ်ကောင်စီပြောဆိုချက် လက်တွေ့နဲ့ကွဲလွဲနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၇)ရက်။ ပြည်သူ့စစ်မှုထမ်းတွေ ဆင့်ခေါ်ရာမှာ အသက်(၁၈)နှစ် မပြည့်သေးသူတွေ မပါဝင်အောင် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး မောင်မောင်အေးက မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကစပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကာ တစ်နှစ်နီးပါးအကြာမှာတော့
မြန်မာသတင်း

လက်နက်ကိုင်အဖွဲ့တွေ ပြည်သူအားလုံးရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၇)ရက်။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပြည်သူအားလုံးရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ နယ်မြေဒေသတွေက ဒေသခံပြည်သူတွေဟာ နိုင်ငံနဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ တိုက်ခိုက်တာတွေကို စိတ်ကုန်မုန်းတီးနေကြပြီလို့
မြန်မာသတင်း

နောင်ချို သပြေတောင်ဘုရားကုန်း ဗုံးကြဲခံရပြီး ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီ (၂၀)မိနစ်အချိန်က နောင်ချိုမြို့ရှိ သပြေတောင်ဘုရားကုန်းပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချို သပြေတောင်ဘုရားကုန်းပေါ်ကို စကစက လေကြောင်းကနေ
မြန်မာသတင်း

ပဲခူးရိုးမတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးပြီး (၁၅)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက် (၉)နာရီခန့်က အုတ်ဖိုမြို့အပိုင် ပဲခူးရိုးမထဲမှာ အင်အား (၃၀)ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုတ်ဖိုအပိုင် ပဲခူးရိုးမထဲက
မြန်မာသတင်း

တော်လှန်ရေးတပ်အချို့ CoC အောက်က နုတ်ထွက်တာ MOD တာဝန်ရှိသူအချို့ လာဘ်စားတာနဲ့ တာဝန်ယူမှုမရှိလို့ဟုဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၆) ရက်။ တော်လှန်ရေးတပ်အချို့ CoC အောက်ကနေ နုတ်ထွက်တာဟာ MOD တာဝန်ရှိသူအချို့ လာဘ်စားတာနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာကြောင့်လို့ Generation Z-Loikaw ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ ရှမ်းတောင်က တပ်ရင်း(၂)ခုအပါအဝင်
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ မီးလောင်ဗုံးတွေကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့က လယ်ဒိုမြို့နယ်ရှိ အလှိုင်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မီးလောင်ဗုံးတွေ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလှိုင်ရွာထဲကို ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၆၄)က ၁၂၀မမ