နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝက်လက်မှာ ကျေးရွာ “ ပအဖ” က ကျေးရွာ “ ပကဖ” ခေါင်းဆောင်ကို NUG တရားရုံးတွင် အမှုဖွင့်တိုင်ကြားထား

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် ဆားတောင်ကြီးကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်မောင်စန်းမှ တောင်သူ (၃) ဦးထံမှ ၎င်းတို့ လုပ်ကိုင်နေသည့် လယ်တစ်ဧကကို ကာလပေါက်စျေးသိန်း ၁၀၀ ရှိပါက သိန်း ၅၀ အား တော်လှန်ရေး စရိတ်ပေးရမည်ဟုဆိုပြီး တောင်းခံခဲ့သည်။

တောင်းခံသည့် ငွေကြေးအား မပေးဆောင်ပါက လယ်ယာလုပ်ပိုင်ခွင့်အား ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်သည်ဟု အာဏာကို အလွဲသုံးစား လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဆားတောင်ကြီး ကျေးရွာ ပကဖ မောင်စန်းက စာထုတ်ရာတွင် သာမန်တောင်သူများကို ပျူစောထီးများ ဖြစ်ကြောင်း နာမည်တပ်ပြီး စာထုတ်ခဲ့သော်လည်း ဒေသခံများအပါအဝင် ကျေးရွာပအဖက ပျူစောထီးများ မဟုတ်ကြောင်း သက်သေခံခဲ့သည်။

ကျေးရွာပကဖ ခေါင်းဆောင်မှထို ကဲ့သို့လုပ်ဆောင်နေမှုများကြောင့် လယ်ယာလုပ်ပိုင်ခွင့်သိမ်းဆည်းခံရသည့် တောင်သူများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်များမှ NUG လက်အောက်ရှိ ဝက်လက်မြို့နယ်တရားရုံးထံ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ဒေသခံများထံမ သိရှိရသည်။

ဆားတောင်ကြီးကျေးရွာ ပကဖခေါင်းဆောင် မောင်စန်းသည် ပြီးခဲ့သည့် မတ်လအတွင်းကလည်း လယ်သမား (၉၁) ဦးပါဝင်ဖွဲ့စည်းထားသည့် ကောင်းသူစံသမဝါယမ အဖွဲ့ပိုင် လယ်ဧက၂၀၀ နီးပါးကို သိမ်းယူခြင်းနှင့် ကျေးရွာဒေသခံများထံမှ ငွေကျပ်တစ်သောင်းမှ သုံးသောင်းအထိ လယ်ယာပိုင်ဆိုင်မှုအပေါ် မူတည်ပြီး ငွေကောက်ခံခဲ့မှုများလည်း ရှိခဲ့သည်။

ဆားတောင်ကြီးကျေးရွာ ပကဖခေါင်းဆောင် မောင်စန်းသည် စစ်ဘေးရှောင် (၂) ဦးအား (တဦးမှာ GZ Special Task Force ၏ ထောက်ပို့ တာဝန်ခံ) သတ်ဖြတ်အလောင်းဖျောက်ထားမှုတွင်လည်း ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများထံက သိရှိရပါသည်။

ယင်းအမှုတွဲကို NUG သို့ တိုင်တန်းထားသော်လည်း အရေးယူခြင်း မရှိသေးပေ။

၎င်းဆားတောင်ကြီးကျေးရွာ ပကဖခေါင်းဆောင် မောင်စန်းကို ဝက်လက်အခြေစိုက် GZ Special Task Force မှ တပ်ဖွဲ့ဝင် (၂) ဦးက သေနတ် အချက် ၂၀ ပစ်ခတ်လုပ်ကြံသည်ဟု စွတ်စွဲပြီး NUG လက်အောက် ခံ ဝက်လက်မြို့နယ်တရားရုံးက ထောင် (၁၀) နှစ်ချမှတ်လိုက်သော်လည်း ခေတ်မျက်လုံးက ဖတ်ရှူရသည့် တရားအမှုတွဲ ဖော်ပြချက်များအရ တရားမျှတစွာ စီရင်ထားခြင်း မရှိကြောင်း တွေ့ရှိရသည်။

ဤအမှုအပါအဝင် ဝက်လက်မြို့နယ် အခြေစိုက် ဗိုလ်ကျားကြီး အဖွဲ့အား ဝက်လက်မြို့နယ်ပကဖ နေမျိုးအောင်နှင့် ဒူဂျွန်စိုင်းသူ ဦးဆောင်သည့် ရွှေဘိုခရိုင်တပ်ရင်း (၂) တို့က ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် ဗိုလ်ကျားကြီး စခန်းကို အင်အားသုံးဝင်စီးပြီး အကြမ်းဖက် ပစ်ခတ်ခဲ့သည့်အတွက် ဗိုလ်ကျားကြီးအဖွဲ့မှ ရဲဘော် (၂) ဦး ကျဆုံးခဲ့ရပြီး ရဲဘော်တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ရသည့်အမှုကို တိုင်ကြားထားသော်လည်း ယခုအချိန်အထိ အရေးယူခြင်း မရှိသေးပေ။

သို့ရာတွင် အာဏာအလွဲသုံးစားပြုလုပ်နေပြီး လူသတ်အလောင်း ဖျောက်ထားသည့် ဆားတောင်ကြီးကျေးရွာ ပကဖခေါင်းဆောင် မောင်စန်းကို သေနတ် အချက် ၂၀ ပစ်ခတ်လုပ်ကြံသည်ဟု စွတ်စွဲပြီး GZ Special Task Force မှ တပ်ဖွဲ့ဝင် (၂) ဦးကိုမူ မတရားစီရင်ပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည့်အပေါ် ဒေသခံများက မကျေမနပ်ဖြစ်နေကြသည်။

ခေတ်မျက်လုံးသတင်းဌာနအနေနှင့်လည်း ဗိုလ်ကျားကြီးအဖွဲ့၊ GZ Special Task Force အဖွဲ့နှင့် ဖိနှိပ်ခံ ဒေသခံများ တရားမျှတမှု ရရှိသည်အထိ မှတ်တမ်းတင် တင်ပြသွားပါမည်။

ဓာတ်ပုံစာ။

(၁) ဆားတောင်ကြီး ကျေးရွာ ပကဖ မောင်စန်းက လယ်ယာလုပ်ပိုင်ခွင့်အား ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်သည်ဟု ရေးသားထားသည့်စာ။

(၂) ဆားတောင်ကြီး ကျေးရွာ ပကဖ မောင်စန်း

(၃) ဗိုလ်ကျားကြီး အဖွဲ့ဝင် ရဲဘော် ကိုရန်လင်းထွန်း (အသက် ၂၃) ကျဆုံး

(၄) ဗိုလ်ကျားကြီး အဖွဲ့ဝင် ရဲဘော် ကိုစိုင်းမောင်မောင် (အသက် ၂၇) ကျဆုံး

(၅) ပြင်းထန်စွာဒဏ်ရာရရှိသွားသည့် ဗိုလ်ကျားကြီး အဖွဲ့ဝင် ရဲဘော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပေါက်နယ်ရှိ စစ်ကော်မရှင်ရဲ့ ရေပြာရွာရဲစခန်းနဲ့ ကုက္ကိုစုပျုရွာကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 20 Views
ဇွန်လ (၅)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်မှာ ပေါက်နယ်ရှိ စစ်ကော်မရှင်ရဲ့ ရေပြာရွာရဲစခန်းနဲ့ ကုက္ကိုစုပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွဂ့်ဒေသရဖို စစ်အုပ်စုဆီကနေ SNA တောင်း

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 16 Views
‌ဇွန်လ (၅)ရက်။ မနေ့က နေပြည်တော်မှာ စစ်ကော်မရှင်ရဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ(SNA)တို တွေ့ဆုံခဲ့တယ်လို သိရပါတယ်။ ရှမ်းနီတပ်ဖွဲဟာ မင်းအောင်လှိင်ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်တာမှာ
မြန်မာသတင်း

ရခိုင်ရိုးမပေါ် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး အရာရှိတွေအပါအဝင် (၇၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 18 Views
‌ဇွန်လ (၅)ရက်။ ဂွမြိုကို စစ်ကြောင်းထိုးဖိုလာတဲ့ စစ်တပ်စစ်ကြောင်းဟာ ရခိုင်ရိုးမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဂွဘက်ကို စစ်ကြောင်းထိုးဖို ရိုးမပေါ်တက်တဲ့အချိန် လမ်းခရီးမှာ မိုင်းဆွဲခံရတာနဲ့ ပစ်ခတ်ခံရတာ။ အဲ့ဒီမှာ ဗိုလ်အဆင့် (၂)ဦးအပါအဝင် (၇၀)လောက်
မြန်မာသတင်း

စစ်ကိုင်းမြို့ရှိ စစ်ကော်မရှင်ရဲ့ လဝကရုံးထဲ ဗုံးပေါက်ကွဲ

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 20 Views
ဇွန်လ (၅)ရက်။ ဒီကနေ့ နံနက်(၁၀)နညရီခွဲအချိန်က စစ်ကိုင်းမြို့ရှိ စစ်ကော်မရှင်ရဲ့ လဝကရုံးထဲ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ဖြစ်တာက လဝကရုံး ဝင်ပေါက်ဘေးမှာ ပေါက်ကွဲတာ။ ဝန်ထမ်းတွေကော မှတ်ပုံတင်တွေ အိမ်ထောင်စုဇယားလာလုပ်တဲ့သူတွေ တော်တော်များများ ထိကြတယ်၊
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်က နေအိမ် (၇၀)ထက်မနည်း မီးရှို့ပြီး ပြည်သူ (၂)ဦးကို သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 13 Views
ဇွန်လ (၅)ရက်။ မြိုင်နယ်ထဲရှိ ဝက်ပုတ်ကျေးရွာနဲ့ ကုန်းရွာကျေးရွာတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၄)ရက်နေ နံနက် (၇)နာရီအချိန်က မြိုင်စက်မှု(၂)ကနေထွက်လာတဲ့ အင်အား (၈၀)ခန့်ပါ စစ်တပ်က ဝက်ပုတ်ကျေးရွာက
မြန်မာသတင်း

တီမောသမ္မတရဲ့ မြန်မာပြည်တွင်းရေး ပြောဆိုတာတွေအပေါ် စစ်ကော်မရှင်ပယ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 16 Views
နေရာဒေသအများစု တည်ငြိမ်အေးချမ်းနေတယ်ဆိုပြီး ဗြောင်လိမ်ပြန် ‌ဇွန်လ (၄)ရက်။ နိုင်ငံတကာဖိုရမ်တွေမှာ တီမောနိုင်ငံသမ္မတက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ပတ်သက်ပြီး ပြောဆိုတာတွေအပေါ် စစ်ကော်မရှင်က ဒီကနေ့မှာ သတိပေးတိုက်တွန်းစာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ တီမောသမ္မတရဲ့ ပြောဆိုတာတွေဟာ မြန်မာနိုင်ငံပြည်တွင်းရေးတွေအပေါ် ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး အာဆီယံပဋိညာဉ်ပါ
မြန်မာသတင်း

မကွေးတိုင်းထဲ စစ်ကား (၂)စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံပန်းအချို ဖမ်းမိခဲ့တယ်လို PDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 12 Views
‌ဇွန်လ (၄)ရက်။ ပြီးခဲ့တဲ့လက မကွေးတိုင်းစစ်ဌာနထဲရှိ စစ်ဆင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး PDF က ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ မေလ(၂၂) ရက်က မိတ္ထီလာအခြေစိုက် စစ်တပ်ရဲ့ တပ်မ(၉၉)က ယာဉ်တန်း (၅)စီးနဲ့ ချောက်မြို ကပစစ(၂၁)ကို ထွက်ခွာလာချိန်
မြန်မာသတင်း

စစ်(၃)စစ်နဲ့ ၂၀၀၈ခြေ/ဥကို တိုက်ဖျက်ဖို ကလလတ တိုက်တွန်း‌

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 13 Views
စစ်(၃)စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ကုန်စင်အောင် တိုက်ဖျက်ကြဖို (၆၂)နှစ်ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့မှာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က တိုက်တွန်းထားတယ်လို သိရပါတယ်။ ၁၉၄၈ခုနှစ် မတ်လမှာစတင်ခဲ့တဲ့ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကနေ ဒီကနေ့ နွေဦးတော်လှန်ရေးအဆုံး အုပ်စိုးသူအဆက်ဆက်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတွေမှာ