နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

မယ်စဲ့မြို့ နေရာတချို့ကို တော်လှန်ရေး မဟာမိတ်အင်အားစုများက စတင်ထိန်းချုပ်

စစ်တပ်က ပင်မတပ်စခန်းကိုပြန်လည်သိမ်းပိုက်ရန်အပူတပြင်းပြင်ဆင်

ကရင်နီ ပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် စစ်ကောင်စီတပ်၏ ဗဟိုအချက်အချာကျသော ပင်မ တပ်စခန်းကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။

ဇွန် ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က စစ်တပ် အခြေစိုက်စခန်းကို KA ၊ KNDF ပူးပေါင်းတပ် ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့ မနက် ၆ နာရီအချိန်မှာ စစ်တပ်က လေယာဉ် ၄ စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့လာပါတယ်။

အဲဒီစခန်းဟာ မယ်စဲ့မြို့နယ်အတွင်း ကစစ်ကောင်စီတပ်ရဲ့ပင်မအထိုင်စခန်းဖြစ်ပြီး ၅ ခု မြောက် သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်း ဖြစ်ပါတယ်။



လက်ရှိမှာတော့ မယ့်စဲမြို့ရဲ့နေရာတချို့ကို တော်လှန်ရေးတပ်တွေက စတင်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့ကဆိုပါတယ်။

ဇွန်လ ၁၃ ရက်နေ့ကစပြီး ဇွန်လ ၂၄ ရက်နေ့ အခုထိ စခန်း ၅ ခု သိမ်းထားနိုင်ပြီ နယ်စပ်ဘက်တော့ ကျန်သေးတယ်း စခန်း သိမ်းပြီးတော့ ဗုံးကျဲခံရတာရှိတယ်၊  ပြီးခဲ့တဲ့ ဇွန်  ၁၃ ရက်က စပြီး မယ့်စဲ့ရဲစခန်း၊ တောင်လှစခန်း၊ မယ်တနွယ်စခန်း နဲ့ ထိုင်းနယ် စပ် က နမ့်ပေါင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ် ။ ပင်မအခြေစိုက်စခန်းကို မနေ့က သိမ်းပိုက်နိုင်ခဲ့တယ်” လို့ KNDF တပ်ဖွဲ့က ပြောပါတယ်။

စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်တပ်က မယ်စဲ့မြို့နယ်အတွင်း ရဟတ်ယာဉ်ဖြင့် အင် အားဖြည့်တင်းနေပြီး စစ်ကောင်စီအတွက် အရေးကြီးသည့် တပ်စခန်းဖြစ်သည့် အတွက် ပြည်လည်ရယူနိုင်ရန် လေကြောင်း ကုန်းကြောင်းမှ  အင်အားဖြည့်တင်းကာ ပြန်လည် ရယူနိုင်ဖို့ ကြိုး စားနေတယ်လို့သိရပါတယ်။

Era’sEye

ဓာတ်ပုံ- ကရင်နီပြည်နယ် တိုက်ပွဲများတွင် စစ်တပ်ထံမှ သိမ်းဆည်းရမိသည့် ၁၂၀ မမ အမြောက် အပါအဝင် လက်နက်များ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 46 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 48 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 38 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို