ပြင်သစ်ကလပ် မာဆေးအသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူး အူဘာမီယန်ကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလကမှ ဘာစီလိုနာကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အူဘာမီယန်ဟာ ချဲလ်ဆီးအသင်းအတွက် ၂၂ ပွဲကစား၊ ၃ ဂိုးသာသွင်းယူပေးနိုင်ခဲ့လို့ ရောင်းထုတ်တဲ့စာရင်းထဲ ပါဝင်သွားခဲ့တာဖြစ်ပါတယ်။
အူဘာမီယန်ရဲ့ အပြောင်းအရွှေ့နဲပတ်သက်ပြီး နှစ်ဖက်အသင်းတွေကတော့ ပြောင်းရွှေ့ကြေးကို ဖော်ပြခဲ့ခြင်းမရှိပါဘူး။ အသက် ၃၄ နှစ်အရွယ် အူဘာမီယန်ဟာ ဘာစီလိုနာအသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့သလို ချဲလ်ဆီးအသင်းမှာလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ဒါကြောင့်လည်း ချဲလ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ပြင်သစ်နိုင်ငံမှာ မွေးဖွါးပြီး ဂါဘွန်နိုင်ငံသားခံယူထားတဲ့ အူဘာမီယန်ဟာ သူ့ရဲ့ ကစားသမားဘ၀ကို ပြင်သစ်ကလပ် ဒီဂျွန်အသင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ စိန့်အက်တီယန်အသင်းနဲ့အတူ ပြင်သစ်လိဂ်ဖလားရယူနိုင်ခဲ့လို့ အဲဒီကနေ ဒေါ့မွန်၊ အာဆင်နယ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီးအသင်းတွေဆီ ပြောင်းရွှေ့ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
အခုတော့ သူ့ရဲ့ခြေစွမ်းကျဆင်းချိန်မှာ ကစားသမားဘ၀စတင်ခဲ့တဲ့ ပြင်သစ်မြေမှာ ပြန်ကစားဖို့ မာဆေးအသင်းထံ ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။
Era’sEye/SportNews