နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်တွင် စစ်တပ်က ရွာများကို မီးရှို့ဖျက်ဆီး၊ PDF တပ်ဖွဲ့က မီးဝင်ငြိမ်းသတ်ပေးခဲ့ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် PDF တပ်တွေကအချိန်မီ ဝင်ရောက် မီးငြိမ်းသတ်ခဲ့ရတာကို တွေ့မြင်ရမှာပါ။

ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာ အုပ်စုရှိ ကျေးရွာ (၇) ရွာကို စစ်တပ်က ဇန်နဝါရီလ ၂၃ ရက်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ ပြီး ကျောက်မှော်ရွာ ၊ပန်းတိမ်ပြင်ရွာ ၊ အင်းပတ်ရွာ ၊ ကြက်ရှာရွာ ၊ ကျောက် ကုန်းရွာ ၊ နော်ပင်ရွာ ၊ ကျွန်းပေါ်ရွာ များမှ အိမ်ခြေ ရာချီ၍ မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရွာများအတွင်းက ထွက်ခွာတာနဲ့ တပြိုင်နက် PDF တပ်တွေက မီးလောင်နေတဲ့ ရွာများအတွင်း ဝင်ရောက်ကာ မီးငြိမ်းသတ်ခဲ့ကြတာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထိုင်ရဲကို ပစ်ခတ်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်အဖွဲ့ထံ ပြန်လွှဲပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 8 Views
ဇန်နဝါရီလ (၂၂)ရက်။ ထိုင်းရဲတပ်ကြပ်တဦးကို ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်တွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

မောင်တောမြို့မှာ စစ်တပ်ထောင်ထားတဲ့ M-14 မိုင်း (၇၈)လုံး AA သိမ်းဆည်းရမိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 16 Views
ဇန်နဝါရီလ (၂၂)ရက်။ မောင်တောမြို့မှာ စစ်တပ်နဲ့ ARSA ARA နဲ့ RSO အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို AA
မြန်မာသတင်း

ICJ နဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာတွေ မလုပ်ဖို့ဆိုပြီး စစ်ကော်မရှင် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 16 Views
ဇန်နဝါရီလ (၂၂)ရက်။ ICJ မှာ တရားရင်ဆိုင်ဆဲကာလ အားပေးထောက်ခံတဲ့သူတွေအနေနဲ့ အထူးသတိပြု လိုက်နာရမယ့်အချက်တွေဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က သတိပေးထားတဲ့ အချက်တွေထဲ ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာ၊
မြန်မာသတင်း

မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် ရလဒ်ထုတ်ပြန်ဖို့ တိုင်ကြားသူတွေ တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 20 Views
ဇန်နဝါရီလ (၂၂)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွက်းဝန် မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် စစ်ဆေးတဲ့ရလဒ်ကို ထုတ်ပြန်ပေးဖို့ တိုင်ကြားသူတွေက မနေ့က တောင်းဆိုထားတယ်လို့ သိရပါတယ်။ မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်တာ၊ အာဏာအလွဲသုံးစားလုပ်တာ၊ အဂတိလိုက်စားတာ၊ လိင်ပိုင်းဆိုင်ရာနှောက်ယှက်တာနဲ့
မြန်မာသတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 24 Views
ဇန်နဝါရီလ (၂၂)ရက်။ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho က မနေ့က (၃)နှစ်ပြည့်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတခုလုံးရှိ တိုင်းရင်းသားလူမျိုးစု အားလုံးအတွက် ကောင်းမွန်မျှတတဲ့ နိုင်ငံရေးစနစ်တခု
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 36 Views
ဇန်နဝါရီလ (၂၁)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က ဗန်းမော်မြို့ကို လာမယ့် ဇန်နဝါရီလ (၂၅)ရက်နေ့ ရွေးကောက်ပွဲအပိုင်း(၃) ကျင်းပမယ့်
မြန်မာသတင်း

တနှစ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၀၀)ကျော်ရှိခဲ့ပြီး အရပ်သား (၂၃၀၀)ကျော် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 22 Views
ဇန်နဝါရီလ (၂၁)ရက်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် တနှစ်ထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၂၁)ကြိမ်ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် (၅၂၂၂)ကြိမ်ရှိခဲ့ကာ စက်တင်ဘာ၊ အောက်တိုဘာနဲ့ ဒီဇင်ဘာလထဲ
မြန်မာသတင်း

(၂)နှစ်ထဲ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ MSRF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 24 Views
ဇန်နဝါရီလ (၂၁)ရက်။ ၂၀၂၄ခုနှစ်ကနေ အခုနှစ် ဇန်နဝါရီလအထိ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရဲဘော် (၁၄)ဦးဟာ သတ်မှတ်ခွင့်ရက်ထဲ တပ်ရင်းကို ပြန်မလာတဲ့ တပ်ပြေးတွေနဲ့ ရှေ့တန်းနဲ့ နောက်တန်းတို့မှာ