နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

FED ဒရုန်းတပ်မှတပ်ဖွဲ့ဝင် ဆရာဝန်နှစ်ဦးထွက်ပြေးမှု ဖြစ်ပွား

NUG နဲ့ KNLA တို ပူးပေါင်းပြီး ဒရုန်းသင်တန်းများ ပို့ချပေးပြီး တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ FED ဒရုန်းတပ်မှ တပ်ဖွဲ့ဝင် ဆရာဝန်နှစ်ဦး ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်းနဲ့ အဲ့ဒီ ဆရာဝန်နှစ်ဦးကို ဖောက်ပြန်ရေးသမား၊သစ္စာဖောက် နာမည်ပျက်စာရင်းသွင်း၍ ထုတ်ပယ်လိုက်ကြောင်း” FED (Force For Federal Democracy) အဖွဲ့က သြဂုတ်လ (၂၃) ရက်နေ့က ကြေညာထားပါတယ်။

အဲ့ဒီဆရာဝန်နှစ်ဦးရဲ့ နာမည်က ဒေါက်တာစိုးထက်နဲ့ ဒေါက်တာဟန်ထက် ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

FED အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ –

“ တော်လှန်ရေးသမားတွေ ဖြစ်လာပြီဆိုရင် ဒီလို သစ္စာဖောက်တယ် ဖောက်လွှဲတယ် ဖောက်ပြန်တယ်ဆိုတာကတော့ ကြုံလာနိုင်တဲ့ ကိစ္စတွေပဲ ဖြစ်တယ်။ သမိုင်းဖြစ်ရပ်တွေကိုပဲ ကြည့်ကြည့် ဒါမျိုးသာဓကတွေ များစွာတွေ့နိုင်ပါတယ်။ အရေးကြီးတာက ကျွန်တော်တို့ တော်လှန်ရေးစိတ်ဓာတ်၊ ခံယူချက်ဟာ ဒီလို လူ့လောက်ကောင် ဖောက်ပြန်ရေးသမားတွေ ကြောင့် ပြောင်းလဲသွားမှာလား ယိမ်းယိုင်သွားမှာလားဆိုတာကို စဥ်းစားတတ်ဖို့ပဲဖြစ်ပါတယ်။

နောက်တစ်ခုက ဒီလိုအဖြစ်တွေကို ပြည်သူတွေ သိရင်၊ ရဲဘော်တွေ သိရင် စိတ်ဓာတ်ကျသွားမှာတွေ၊ ငါတို့တော်လှန်ရေး ယိမ်းယိုင်နေပြီပဲဆိုတဲ့ အတွေးမျိုးတွေ ဝင်သွားနိုင်တယ်ဆိုပြီး ပေးမသိဘဲ ဖုံးဖိထားမယ့်အစား၊ အဖြစ်မှန်ကို အမှန်အတိုင်း အသိပေးပြီး ရှေ့ဆက်သွားနိုင်အောင် လုပ်ရမှာပဲဖြစ်ပါတယ်။

တော်လှန်ရေးမှာ အရေအတွက်က အရေးမကြီးပါဘူး။ အရည်အသွေးတွေ တော်လှန်ရေး စိတ်ဓာတ်တွေကပဲ အဓိကကျကြောင်း ပြောပါရစေလို့” ဖော်ပြထားပါတယ်။”

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 1 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 13 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 11 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့
မြန်မာသတင်း

AA နဲ့တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွှေရင်မျှော်ဆရာတော်ရဲ့သင်္ကန်းကို အဆောင်အယောင်အနေနဲ့ ကိုးကွယ်နေကြရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
ဇွန်လ (၂၄)ရက်။ ပုသိမ်ခရိုင်ထဲ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ ရိုးမတောထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ဗိုလ်တွေအပါအဝင် တပ်ဖွဲ့တွေဟာ နေ့တိုင်း စစ်ရှိန်ပြင်းထန်လာတာနဲ့အတူ တပ်ပြေးအနေနဲ့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရွှေကူခရိုင်ထဲနေသူတွေ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို KIA သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
ဇွန်လ (၂၄)ရက်။ ရွှေကူခရိုင်နယ်မြေထဲ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ကြဖို KIA က မနေ့ကရက်စွဲနဲ့ သတိပေးထားတယ်လို သိရပါတယ်။ စစ်ကောင်စီနဲ့ မပတ်သက်ဖို KIA က သတိပေးတာမှာ ရွှေကူခရိုင်ထဲ နေထိုင်တဲ့ ပြည်သူတွေနဲ့