နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

လွတ်မြောက်လာတဲ့ ဓားစာခံအစ္စရေးအမျိုးသမီး သတင်းစာရှင်းလင်းပွဲပြုလုပ်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်၊

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စလမ္မစ်အဖွဲ့ ဟားမတ်စ်၏ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အစ္စရေးအမျိုးသမီးနှစ်ဦးကို ၂၃ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး နောက်တစ်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သူမ၏ အတွေ့အကြုံများကို ပြောပြခဲ့သည်။

ဓာတ်ပုံ။

လွတ်မြောက်လာသည့်ဓားစာခံအစ္စရေးအမျိုးသမီး Yocheved Lifshitz ၊ Tel Aviv ၊ Israel / Janis Laizans / Reuters

Yocheved Lifshitz (85) နှစ်သည် ဟားမတ်စ်အဖွဲ့မှ အစ္စရေးကို အံ့အားသင့်စွာ တိုက်ခိုက်ခဲ့ရာမှ နှစ်ပတ်ကျော်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၂၄ ရက်နေ့က အစ္စရေးနိုင်ငံ Tel Aviv မှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သူမက ‘ငရဲကို ကျမမြင်ခဲ့ရတယ်’ ဟု ဟီဘရူးဘာသာဖြင့် ပြောခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နေသော သူမ၏သမီးက စကားပြန်အဖြစ် ဆောင်ရွက်ခဲ့သည်။

“ ဒါဟာ နာကျင်လှပါတယ်။ ကျမတို့ကို ဂိတ်ပေါက်ထဲကို ခေါ်သွားပြီး မော်တော်ဆိုင်ကယ်တစ်စီးရဲ့ ဘေးမှာ လှဲလျောင်းနေရတဲ့အနေအထားနဲ့ ခေါ်ဆောင်သွားခဲ့တယ်။ ဆိုင်ကယ်ဘေးမှာ လဲလျောင်းရင်း လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်မှာ အညိုအမဲတွေ စွဲခဲ့ရတယ်” ဟု သူမက ပြောခဲ့သည်။

ပင့်ကူအိမ်နှင့်တူသည့် ကြီးမားသော မြေအောက်ဥမင်လိုဏ်ခေါင်းကြီးတစ်ခုရှိပြီး စိုစွတ်နေသည့် မြေပြင်မှာ ကီလိုမီတာပေါင်းများစွာ လမ်းလျှောက်ခဲ့ကြရသည်ဟု ဆိုသည်။ ဆရာဝန်များနှင့် ဆေးမှူးများက စောင့်ဆိုင်းနေကြသည်ဟု ဆိုသည်။

Lifshitz ကို အစောပိုင်းတွင် လူ ၂၅ ဦးခန့် အုပ်စုတွင် ထားရှိခဲ့သော်လည်း နောက်ပိုင်းတွင် အနီးနားကျေးရွာများမှ အခြားလေးဦးဖြင့် သေးငယ်သော အုပ်စုသို့ ပြောင်းရွှေ့ခဲ့သည်။

ထိခိုက်မှုမရှိစေရန်အတွက် လိုအပ်သောဆေးဝါးများ ပေးဆောင်ခဲ့ကြောင်း သိရသည်။ ဖျားနာမှုမဖြစ်စေရန် တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ထည့်သွင်းစဉ်းစားပြီး မွေ့ယာပေါ်တွင် အိပ်ကြရသည်။ လိုဏ်ခေါင်းအတွင်းပိုင်းတစ်ခုလုံး စိုစွတ်နေသည်ဟု သူမက ဆိုပါသည်။

ဂါဇာတွင် ဓားစာခံ ၂၀၀ ကျော်ကို ဟားမတ်စ်တို့က ဖမ်းဆီးထားဆဲဖြစ်သည်။ “ လူတိုင်း အိမ်ပြန်မပြီးမချင်း မပြီးဆုံးသေးဘူး” ဟု သူမကပြောကြားခဲ့သည်။

Lifshitz သည် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) နှင့် စ္စရေးလုံခြုံရေးအေဂျင်စီ (ISA) တို့ကို ဝေဖန်ခဲ့သည်။ ဟားမတ်စ်အဖွဲ့သည် လယ်ကွင်းများကို မီးရှို့ခြင်းနှင့် မီးပုံးပျံဗုံးများ ပစ်လွှတ်ခြင်းတို့ဖြင့် တိုက်ခိုက်ခြင်းမပြုမီ သုံးပတ်ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့သော်လည်း IDF နှင့် ISA တို့သည် ခြိမ်းခြောက်မှုများကို အလေးအနက် မထားခဲ့ကြကြောင်း သူမက ပြောကြားခဲ့သည်။

ဂါဇာနယ်စပ်တလျှောက်မှာ စိုက်ထူထားသည့် တန်ဖိုးကြီးခြံစည်းရိုးများကိုလည်း သူမတို့ နေထိုင်သည့် Niluoz ကို ကာကွယ်ဖို့ ဘာမှ မလုပ်နိုင်ခဲ့ဘူးဟု ဝေဖန်ခဲ့ပါသည်။ ဟားမတ်စ် တိုက်ခိုက်ရေးသမားများသည် ခြံစည်းရိုးကို ဖောက်ထွင်းဝင်ရောက်ကာ အခြေအနေကို “အလွန်ခက်ခဲပြီး စိတ်မသက်မသာဖြစ်စေတယ်” ဟု ပြောကြားခဲ့သည်။

အစ္စရေးအာဏာပိုင်များ၏အဆိုအရ Niluoz တွင် နေထိုင်သူလေးပုံတစ်ပုံကျော်သည်သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးနေသည်ဟု သိရပါသည်။

Source: CNN Japan

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 31 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဗန်စ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ‘အချို့အရာတွေကို မှားယွင်းလုပ်ဆောင်ခဲ့တယ်’ ဟု ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 30 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ မကြာသေးမီ သီတင်းပတ်များအတွင်း တင်းမာလာပုံရချိန်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု သည် “ အချို့အရာတွေကို အသေအချာပဲ မှားယွင်းလုပ်ဆောင်ခဲ့တာ ရှိပါတယ်” ဟု
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်တွင် အဓိကကျသော လျှို့ဝှက်ကတိကဝတ်များ ပါဝင်ခြင်း မရှိဟုဆိုကာ စာသားပါအချက်အလက်များကို အမေရိကန်အရာရှိများ လျှော့ချပြောဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက် ဝါရှင်တန်နှင့် တဟီရန်တို့အကြား ရရှိထားသော သဘောတူညီချက်ပါ တိကျသည့် စာသား အသုံးအနှုန်းများ၏ အရေးပါမှုကို လျှော့ချပြောဆိုနေကြသော်လည်း၊ အမေရိကန် ညှိနှိုင်း ရေးမှူးများသည် အဆိုပါသဘောတူညီချက်
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ၁၄ ချက်ပါ ငြိမ်းချမ်းရေးစီမံကိန်း (ဝေဖန်ဆန်းစစ်ချက် မှတ်စုများနှင့်တကွ)

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာ (MOU) သည် အပစ်အခတ်ရပ်စဲရေးကို ပိုမိုကျယ်ပြန့်စေရန်နှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေကြောင်းသွားလာမှု ပြန်လည်ပတ်စေရန် ရည်ရွယ်သည်။