နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

1027 Operations

1027 Operations မြန်မာသတင်း

စတုတ္ထမြောက်မြို့အဖြစ် မန်တုံမြို့ကို တအာင်းတပ်မတော် သိမ်းပိုက်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်၊ ခေတ်မျက်လုံး။

တအာင်းပြည်နယ် တပ်မဟာ (၃) စစ်ဒေသ၊ မန်တုံမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေတဲ့ တပ်စခန်းတွေကို တအာင်းတပ်မတော် (TNLA) က ဝင်င်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာလ (၂၄) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မန်တုံမြိုနယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော်က ဒီဇင်ဘာလ (၁၉) ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် (၄) ပတ်အကြာ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ (၆) နာရီ မိနစ် (၃၀) အချိန်မှာ စစ်ကောင်စီ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနဲ့ စကစ ဌာနဆိုင်ရာရုံးတွေ အားလုံးကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

မန်တုံမြို စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းဟာဆိုရင် စစ်ဗျုဟာ-၂ လက်အောက်ခံ ခလရ-၁၃၀ တပ်နဲ့ တမ-၁၀၁ လက်အောက်ခံ ခလရ-၂၅၄ တို့က လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားနေတဲ့တပ် ဖြစ်တယ်လို့ ဆိုပါတယ်။

မန်တုံမြိုရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်နဲ့ (၄၃)ကြိမ် ၊ Y12 လေယာဥ်ဖြင့် (၁၈၃) ကြိမ်နဲ့ တိုက်ခိုက်ရေးရဟတ်ယာဥ် Mi35 နဲ့ အကြိမ် (၃၀) လာရောက်ပစ်ကူတိုက်ခိုက်ပေးခဲ့တယ်လို့ သိရပါတယ်။

မန်တုံမြိုတိုက်ပွဲအတွင်း စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းကနေ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ (၁၃၇) ကြိမ် ထက်မနည်း မန်တုံမြိုတွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Mi17 ထောက်ပိုယာဥ်နဲ့ စစ်ကူအင်အား၊ လက်နက်ခဲယမ်းတွေကို (၉) ကြိမ် မန်တုံစခန်းကုန်းကို လာရောက် ပစ်ချထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မန်တုံမြို့စခန်းသိမ်းတိုက်ပွဲ (၄) ရက်တာကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ( ၂၆၅) ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း (၁၀၃၈) ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၁၃၇) ကြိမ် တိုက်ခိုက်ခဲ့ပြီး၊ တစ်ရက် ပျမ်းမျှလေကြောင်းတိုက်ခိုက်မှု (၆၆) ကြိမ်၊ တစ်ရက် ပျမ်းမျ ဗုံးကြဲတိုက်ခိုက်မှု (၂၅၉) ကြိမ် တိုက်ခိုက်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အများဆုံး စံချိန်တင် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မန်တုံတပ်စခန်းကို တအာင်းတပ်မတော်က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီရဲ့အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မန်တုံမြို့နယ် ဒေသခံ (၁) ဦး ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်တွေ၊ လူနေအိမ် (၁၅) လုံး လက်နက်ကြီးနဲ့ လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခဲ့ပြီး လူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း ၁၅၅ ဟောင်ဝစ်ဇာအမြောက် (၂) လက် အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဒီဇင်ဘာ ၂၃ ရက်နေ့အထိ တအာင်းတပ်မတော်က မိုင်းလုံမြို၊ နမ့်ဆန်မြိုနဲ့ နမ့်ခမ်းမြိုကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စတုတ္ထမြောက်မြို့အဖြစ် မန်တုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source/Photo: TNLA သတင်းပြန်ကြားရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 133 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို