နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း အာရှ

မြန်မာသင်္ဘောသားများ ပါဝင်သည့် ဟောင်ကောင် ကုန်တင်သင်္ဘော နစ်မြုပ်မှု ၁၃ ဦး ကယ်ဆယ်နိုင်ပြီး

ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် နာဂါစာကီစီရင်စု၏ အနောက်ဘက် ကီလိုမီတာ ၁၁၀ ခန့်အကွာရှိ ဒါန်းဂျိုးကျွန်းစုတွင် ခုတ်မောင်းနေသည့် ဟောင်ကောင် မှတ်ပုံတင်ထားသော ကုန်တင်သင်္ဘော “JIN TIAN” (6551 တန်) မှ အရေးပေါ် SOS အချက်ပြ ပေးပို့ခဲ့မှုကို ဂျပန်နိုင်ငံ ကီတာကယူးရှူးမြို့ရှိ ခရိုင် (၇) ကမ်းခြေစောင့်တပ်ဌာနချုပ်မှ လက်ခံရရှိခဲ့သည်။

ကမ်းခြေစောင့်တပ်က ကုန်တင်သင်္ဘောကို ဆက်သွယ်သည့်အခါ သင်္ဘောကိုယ်ထည်ထဲသို့ ရေဝင်နေပြီး သင်္ဘောမြုပ်သွားသဖြင့် ကယ်ဆယ်ပေးရန်တောင်းဆိုကြောင်း ပြောကြားခဲ့သည်။ ကုန်တင်သင်္ဘော နစ်မြုပ်သွားသည်ဟု ယူဆရပြီး အနီးနားတွင် ခုတ်မောင်းနေသော သင်္ဘောများက သင်္ဘောသားများကို ကယ်ဆယ်ရန် ကြိုးစားနေကြသည်။

ခရိုင် (၇) ကမ်းခြေစောင့်တပ်၏ အဆိုအရ အဆိုပါ ကုန်တင်သင်္ဘောတွင် သင်္ဘောသား စုစုပေါင်း ၂၂ ဦး၊ တရုတ် ၁၄ ဦးနှင့် မြန်မာနိုင်ငံသား ၈ ဦးတို့ လိုက်ပါလာခဲ့ပြီး မနစ်မြုပ်မီ အသက်ကယ်လှေပေါ် တက်နိုင်ခဲ့သည်ဟု ယူဆရသည်။ ၎င်းတို့ထဲမှ တရုတ်နိုင်ငံသားငါးဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး အခြား ရှစ်ဦးကိုလည်း

တွေ့ရှိကယ်ဆယ်နိုင်ခဲ့သော်လည်း ၎င်းတို့ကို အသက်ရှင်လျက် သို့မဟုတ် သေဆုံးလျက် တွေ့ရှိခဲ့သည်ကို မသိရပေ။ ကျန်ကိုးဦးကို ဂျပန်ကမ်းခြေစောင့်တပ်၊ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့နှင့် တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့တို့မှ သင်္ဘောများဖြင့် ရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ယင်းသင်္ဘောနစ်မြုပ်မှုအတွက် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၅ နာရီတွင် ဂျပန်ဝန်ကြီးချုပ်ရုံးသည် အကျပ်အတည်းစီမံခန့်ခွဲမှုဗဟိုဌာန၌ သတင်းပြန်ကြားရေးဆက်ဆံရေးရုံးကို ဖွင့်လှစ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို