နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်နီပြည်က မယ်စဲ့ဗျူဟာကုန်းစစ်တပ်စခန်းက တပ်ရင်းတစ်ခုလုံး လက်နက်ချတာ သတင်းအမှားဆိုပြီး စစ်ကောင်စီဘက်က ငြင်းဆိုနေ

ကရင်နီပြည်ရှိ စစ်ကောင်စီတပ်ရဲ့ မယ်စဲ့ဗျူဟာကုန်းစစ်တပ်စခန်းက တပ်ရင်းတစ်ခုလုံး လက်နက်ချ အလင်းဝင်တယ်ဆိုတာ သတင်းအမှားဆိုပြီး စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ငြင်းဆိုဖော်ပြမှုတွေရှိနေပါတယ်။

မယ်စဲ့ဗျူဟာကုန်းစစ်တပ်စခန်းက အင်အား ၁၀၀နီးပါးရှိတဲ့ ခမရ ၄၃၀တပ်ရင်းတစ်ခုလုံးသည် တော်လှန်ရေးအင်အားစုများထံ လက်နက်ချ အလင်းဝင်ခဲ့ကာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇာနည်အောင်နဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူး ကျော်သူစိုးတို့ပါဝင်တယ်လို့ ငွေမောင်းသံမီဒီယာက ဖော်ပြလာတာပါ။

“သူတို့ စစ်ကောင်စီထောက်ခံတဲ့သူတွေက မဟုတ်ဘူးဆိုပြီး ပြန်ငြင်းတာဆိုတော့ အဲ့သတင်းက တကယ်အမှန်လို့တောင်ပြောရမှာပေါ့၊ သူတို့အဲ့လောက်ထိ ငြင်းပြီဆိုရင် ပြည်သူတွေက အဲ့သတင်းအမှန်လို့ပဲတွေးကြတာ၊ အချိန်တန်ရင်တော့ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်လာမှာပါ”လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုပါတယ်။



ထိုသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီကိုထောက်ခံနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ သတင်းအမှားသာဖြစ်တယ်ဆိုပြီး ငြင်းဆိုဖော်ပြမှုများရှိနေကာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇာနည်အောင်က သင်တန်းတက်နေတာဖြစ်တယ်ဆိုပြီး ရေးသားထားပါတယ်။

ထိုခမရ ၄၃၀ တပ်ရင်းတစ်ခုလုံးသည် အသုတ်လိုက် အလင်းဝင်လာခြင်းဖြစ်ပြီး ပထမအသုတ်အဖြစ် တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး ဦးဆောင်အဖွဲ့က စခန်းပြင်ပနဲ့ ဒုတိယအသုတ်အဖြစ် စခန်းမှာကျန်ရှိတဲ့ အင်အားများက လက်နက်ချ အလင်းဝင်လာခြင်းဖြစ်ကာ လက်နက် ၁၀၀ကျော်နဲ့ အမြောက်များ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်ချ အလင်းဝင်လာသူများအားလုံးရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက် သက်ဆိုင်ရာက စီစဉ်နေပြီး ထုတ်ပြန်သွားမယ်လို့လည်း တော်လှန်ရေးအင်အားစုအဖွဲ့က ပြောဆိုထားတာဖြစ်ပါတယ်။

#Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 46 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို