နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

တပ်မ၉၉လက်အောက်ခံစစ်သားတစ်ဦး MNDAA ထံ လက်နက်ချအလင်းဝင်

မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA) ထံသို့ တပ်မ ၉၉ လက်အောက်ခံတပ်ရင်း (၄၁၉) မှ တပ်သားတစ်ဦး လက်နက်ချအလင်းဝင်ရောက်လာခဲ့တယ်လို့ The Kokangက ဒီ‌‌ကနေ့မှာ ဖော်ပြထားပါတယ်။

တပ်ရင်း၄၁၉မှ တပ်သား သန်းထိုက်အောင်ဟာ ဇွန်လ၂၀ရက်နေ့မှာ အလင်းဝင်လာခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်အထူးဒေသ(၁) မုံကိုးခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဂုဏ်ပြုအခမ်းအနားနဲ့ ကျပ်သိန်းနှစ်ဆယ် ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်ရာမှာ ကိုသန်းထိုက်အောင်ဟာ ရိုင်ဖယ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ လက်ပစ်ဗုံးတစ်လုံးနဲ့ ကျည် ၁၈၆တောင့်ကိုတစ်ပါတည်း ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ MNDAA ထံသို့ လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းရှိပြီး အလင်းဝင်ရောက်လာရန် မုံကိုးခရိုင် အထွေထွေအတွင်းရေးမှုးက ဖိတ်ခေါ်ထားပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်ရှိ စမ်းချောင်းမြို့က ငွေလဲကောင်တာတခု လုယက်ခံရကာ ဆိုင်မန်နေဂျာ ဓါးထိုးခံရပြီးသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 0 Views
နိုဝင်ဘာလ (၉)ရက်။ မနေ့က နေ့လယ် (၃)နာရီ (၄၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် မြေနီကုန်းတောင်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ငွေလဲကောင်တာတစ်ခု လုယက်မှုဖြစ်ပွားခဲ့တယ်လို့
မြန်မာသတင်း

ပုဂံက ဟိုတယ်တစ်ခုမှာ ဟိုတယ်မန်နေဂျာနဲ့ ဝန်ထမ်းတွေက လာရောက်တည်းခိုတဲ့ လူငယ်တွေကို ရိုက်နှက်ရာက တစ်ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 0 Views
နိုဝင်ဘာလ (၉)ရက်။ နိုဝင်ဘာလ (၃)ရက်နေ့ ညပိုင်းအချိန်က ပုဂံဒေသရှိ ရွှေစည်းခုံဘုရားအနီးက Cheri Land River House ဟိုတယ်မှာ
မြန်မာသတင်း

ကျွန်းလှမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်းက အရပ်သား (၂)ဦးကို သတ်ဖြတ်ပြီး (၃)ဦးကို ဖမ်းဆီးသွား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 4 Views
နိုဝင်ဘာလ (၉)ရက်။ မနေ့က နံနက် (၉)နာရီကျော်အချိန်က ကျွန်းလှမြို့နယ်၊ သအင်းသရက်တောရွာကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်မီးရှို့ပြီး အရပ်သား (၂)ဦးကို သတ်ဖြတ်ကာ (၃)ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ အင်အား
မြန်မာသတင်း

ဆေးကုသမှုခံယူနေရတဲ့ ဖမ်းဆီးခံ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် အဆုတ်ရောင်ရောဂါနဲ့ မန္တလေးဆေးရုံမှာ ကွယ်လွန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 2 Views
နိုဝင်ဘာလ (၈)ရက်။ မနေ့က ည‌ (၁၀)နာရီခန့်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံထားရတဲ့ NLD ရဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ အဆုတ်ရောင်ရောဂါနဲ့ မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ “ သူက ဖမ်းဆီးခံထားရတဲ့အချိန် ထောင်ထဲမှာ
မြန်မာသတင်း

မှော်ဘီလေတပ်စခန်း တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 3 Views
‌နိုဝင်ဘာလ (၉)ရက်။ ဒီကနေ့ နံနက် (၁)နာရီခန့်က ရန်ကုန်ရှိ မှော်ဘီလေတပ်စခန်းကို တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Urban Special Operation(USO)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မှော်ဘီလေတပ်စခန်းကို မြို့ပြအထူးစစ်ဆင်ရေးအနေနဲ့ တာဝေးပစ် မစ်ဇိုင်းဒုံး (၄)လုံးနဲ့
မြန်မာသတင်း

ဝါဒဖြန့်ဘာသာရပ်တွေကို စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ စစ်ကောင်စီ ပြင်ဆင်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 11 Views
နိုဝင်ဘာလ (၈)ရက်။ ဝါဒဖြန့်ဘာသာရပ်တွေကို စစ်ကောင်စီက သူ့ရဲ့လက်အောက်မှာရှိတဲ့ စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ ပြင်ဆင်နေတယ်လို့ Burma Affairs and Conflict Study ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မတရားစစ်မှုထမ်းဥပဒေနဲ့ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့
မြန်မာသတင်း

မင်္ဂလာဒုံမြို့ရှိ စစ်ကောင်စီလုံခြုံရေးဂိတ် မိုင်းခွဲခံရပြီး (၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 12 Views
နိုဝင်ဘာလ (၈)ရက်။ နိုဝင်ဘာလ (၆)ရက်နေ့ ည(၇)နာရီကျော်အချိန်က မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ အိမ်ထောင်သည်ဝန်ထမ်းအိမ်ယာ လုံခြုံရေးဂိတ်ကို ပဒေသာမိုင်းတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Rangoon Urban Column ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။ “ နိုဝင်ဘာ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီနေတာက မြန်မာပြည်သူတွေရဲ့ ဆန္ဒကို မလေးစားတာလို့ CRPH ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 18 Views
နိုဝင်ဘာလ (၈)ရက်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့ ပံ့ပိုးကူညီနေတာက မြန်မာပြည်သူတွေရဲ့ ဆန္ဒကို မလေးစားတာလို့ CRPH က ဒီကနေ့မှာ ကျရောက်တဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ (၄)နှစ်ပြည့်မှာ ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတော်အာဏာကို