နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

CRPH ဥက္ကဋ္ဌ နဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီဒါရိုက်တာတို့ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့် နဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီရဲ့ ဒါရိုက်တာ Ms. Henrietta Levin တို့ ဇွန် ၂၁ ရက်မှာ တွေ့ဆုံခဲ့ တယ်လို့သိရပါတယ်။

အဲဒီတွေ့ဆုံမှုမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဌာန တာဝန်ရှိသူ Mr. Liam McGum (Burma Desk) တို့လည်းပါဝင်ခဲ့ကြပါတယ်။

မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အထောက်အကူပြု အကျိုးဖြစ်ထွန်းစေမယ့် ဆွေးနွေးမှု တွေကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။

CRPH ဥက္ကဋ္ဌက မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခအား အမြန်ဆုံး အဆုံးသတ်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက် နိုင်ရေးမှာ လိုအပ်နေတဲ့ ကိစ္စရပ်များ၊ အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့တယ်လို့ထုတ်ပြန်ထားတာပါ။

အမေရိကန်အစိုးရအနေနဲ့ ဆက်လက်ကူညီပေးစေလိုတဲ့ ကဏ္ဍတွေကို တောင်းဆို‌တိုက်တွန်းခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကြပ်ညှပ်စွာနေရတယ်ဆိုတဲ့သတင်းတွေကြောင့် အိုးဘိုထောင်က နိုင်/ကျဉ်း (၇၀)ကျော်ကို ထောင်ပြောင်းရွှေ့

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 0 Views
ဇွန်လ (၁၇)ရက်။ ဇွန်လ (၁၅)ရက်နေ့ နံနက်(၂)နာရီခန့်ကစပြီး မန္တလေးအိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားအဆောင်ထဲက နိုင်ငံရေးအကျဉ်းသား (၇၀)ကျော်နဲ့ မူးယစ်(၃)ဦးခန့်ကို ထောင်ပြောင်းရွှေ့ခဲ့တယ်လို့ PPNM
မြန်မာသတင်း

ရန်ကုန်က မြို့နယ်အချို့မှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး VPN တွေကိုပါ စစ်ဆေးနေ

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 2 Views
ဇွန်လ (၁၇)ရက်။ ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ စစ်ကောင်စီလက်အောက်ခံတွေက ဧည့်စာရင်းအကြောင်းပြပြီး VPN အသုံးပြုတာရှိမရှိကို စစ်ဆေးတာတွေရှိနေတယ်လို့ မြို့ခံပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

၂၀၂၅ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 3 Views
ဇွန်လ (၁၇)ရက်။ လာမယ့် ၂၀၂၅ခုနှစ်ထဲ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ(၁၅)ရက်က မိတ္ထီလာမြို့ကိုသွားရောက်ခဲ့ချိန်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကို ၂၀၂၃ခုနှစ်ထဲ ကျင်းပမယ်လို့ အစောပိုင်းကာလတွေက ပြောဆိုခဲ့တာတွေရှိပေမယ့် အခုအချိန်အထိ
မြန်မာသတင်း

အာဏာရှင်စနစ်တွေကို အမြစ်ပြတ်တိုက်ဖျက်ရေးမှာ ဆက်လက်ပါ၀င်လက်တွဲသွားမယ်လို့ PNLA ပြော

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဇွန်လ (၁၅)ရက်။ ဘ၀တူညီနောင်တွေနဲ့အတူ အာဏာရှင်စနစ်တွေကို အမြစ်ပြတ်တိုက်ဖျက်ရေးမှာ ဆက်လက်ပါ၀င်လက်တွဲသွားတယ်လို့ PNLA (၁၇)နှစ်ပြည့်အခမ်းအနားအနေနဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကာလ (၁၇)နှစ်တိုင်တိုင် PNLA အနေနဲ့ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ဖက်ဒရယ်ပညာရေးကောင်စီ ပေါ်ပေါက်လာဖို့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ NUG ယာယီသမ္မတ တိုက်တွန်း

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 8 Views
ဇွန်လ (၁၅)ရက်။ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေအနေနဲ့ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ ပေါ်ပေါက်လာဖို့အတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မနေ့က တိုက်တွန်းထားချက်အရ သိရပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်သစ် တည်ဆောက်ရာမှာ တစ်ဦးတစ်ယောက်၊ တဖွဲ့အပေါ်မှာ မူတည်တာမရှိစေဘဲ
မြန်မာသတင်း

ဒီပဲယင်းမြို့က ထွေ/အုပ်ရုံးအပါအဝင် စစ်ကောင်စီနေရာတွေ ဒရုန်းနဲ့ဗုံးကြဲခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 14 ရက်
  • 8 Views
ဇွန်လ (၁၄)ရက်။ မနေ့က နံနက်(၅)နာရီခွဲအချိန်မှာ ဒီပဲယင်းမြို့ထဲက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်(အမေ့သား)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီပဲယင်းမြို့ထဲက ထွေ/အုပ်ရုံးအပါအဝင် ဇွဲစားသောက်ဆိုင်နဲ့ အထက(၁)ကျောင်းတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးတပ်ဘက်က
မြန်မာသတင်း

စိုးမိုးနယ်မြေတွေရှိ ဆေးရုံဆေးခန်းပေါင်း (၇၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ NUG ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 14 ရက်
  • 8 Views
ဇွန်လ (၁၄)ရက်။ (၃)နှစ်တာကာလထဲ စိုးမိုးနယ်မြေတွေရှိ ဆေးရုံ၊ ဆေးခန်းနဲ့ ရွေ့လျားဆေးခန်းပေါင်း (၇၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ၂၀၂၁ခုနှစ် ဧပြီလ (၁၆)ရက်ကစပြီး ၂၀၂၄ခုနှစ် ဧပြီလ (၁၆)ရက်နေ့အထိ
မြန်မာသတင်း

တိုက်ပွဲငြိမ်နေတဲ့ ဆီဆိုင်မြို့မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

  • 2024 ခုနှစ်၊ ဇွန်လ 14 ရက်
  • 7 Views
ဇွန်လ (၁၄)ရက်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ရှိ ထီစဲခါးမှာ အထိုင်ချတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ကရင်နီဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ Pa-O Youth Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုအခါ မြေပြင်မှာ တိုက်ပွဲငြိမ်နေတယ်လို့ ယူဆနိုင်ပေမယ့်