နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

နယ်စပ်က ရာဇဝတ်မှုကျူးလွန်သူတွေကို အရေးယူပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းဖို့ တရုတ်က စစ်ကောင်စီကိုပြော

မြန်မာနယ်စပ်ဒေသက ဆက်သွယ်ရေးလိမ်လည်မှုတွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဥပဒေနဲ့အညီ အရေးယူပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု အလုံးစုံအခြေအနေကို ထိန်းသိမ်းကြဖို့ တရုတ်သံအမတ်က ပြောဆိုခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နေပြည်တော်မှာ ဇူလိုင်လ ၂၅ရက်နေ့က တရုတ်နိုင်ငံသံအမတ် Mr. Chen Hai နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဆက်သွယ်ရေးလိမ်လည်မှု စတဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်နှိမ်နင်းရေး တွေ့ဆုံဆွေးနွေးခဲ့တာနဲ့စပ်လျဉ်းပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံမြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ဆက်သွယ်ရေးလိမ်လည်မှုတွေ ဆက်လက်များပြားနေဆဲဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို ဆိုးရွားစွာ ထိခိုက်နေတယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

တရုတ်အစိုးရအနေနဲ့ ၎င်းအပေါ် များစွာအလေးထားကြောင်းနဲ့ တရုတ်ပြည်သူများကလည်း အလွန်မုန်းတီးနေကာ နှစ်ဦးနှစ်ဖက် အားကောင်းသော အစီအမံများကို ဆက်လက်ဆောင်ရွက်ပြီး အိမ်နီးချင်းနိုင်ငံများနဲ့ ပူးပေါင်းတိုက်ဖျက်နှိမ်နင်းမှုတွေ လုပ်ဆောင်သင့်တယ်လို့ ဆိုထားပါတယ်။

ဆက်သွယ်ရေးလိမ်လည်မှုများ ခိုအောင်းတဲ့နေရာတွေကို အစွမ်းကုန်နှိမ်နင်းပြီး ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်တင်ကာ မြန်မာပြည်တွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု အကြွင်းအကျန်တွေကို အမြစ်ဖြတ်ပစ်ရမယ်လို့လည်း ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုတွေကို အလေးထားကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ ဆက်သွယ်ရေးလိမ်လည်မှုများနဲ့ လောင်းကစားမှုများကို တိုက်ဖျက်နှိမ်နင်းရေးမှာ ရပ်တည်ချက်ပြတ်သားကြောင်းအပါအဝင် နှစ်နိုင်ငံပြည်သူများရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မယ်လို့ စစ်ကောင်စီဝန်ကြီး ဦးသန်းဆွေက ပြန်လည်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

ကိုးကန့်ဒေသ စစ်ကောင်စီရဲ့ လေကြောင်းကြောင့် အရပ်သား (၃၈)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၂၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 0 Views
‌နိုဝင်ဘာလ (၂)ရက်။ ဇူလိုင်လကစပြီး အောက်တိုဘာလအထိ ကိုးကန့်ရဲ့ အထူးဒေသ(၁)ထဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြိမ်ရေ (၅၀)ကျော်အထိရှိခဲ့တယ်လို့ MNDAA ရဲ့ မနေ့က
မြန်မာသတင်း

ကျွန်းစုမြို့နယ်ထဲ ဒေါင်းနက်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့က ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းတာတွေပြုလုပ်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 7 Views
‌နိုဝင်ဘာလ (၂)ရက်။ ‌ကျွန်းစုမြို့နယ်ရှိ ကျေးရွာအချို့မှာ “ ဒေါင်းနက်” နာမည်နဲ့ အင်အား(၁၀)ဝန်းကျင်ခန့် လက်နက်ကိုင်အဖွဲ့က ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းတာတွေ ပြုလုပ်နေတယ်လို့
မြန်မာသတင်း

မန္တလေးမှာ အခြေချပြီး ဂိုဏ်းဖွဲ့ လူကုန်ကူးသူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 7 Views
နိုဝင်ဘာလ (၂)ရက်။ မန္တလေးမှာ အခြေချပြီး ထိုင်းနိုင်ငံကနေတဆင့် တရုတ်နိုင်ငံကို ဂိုဏ်းဖွဲ့ကာ လူကုန်းကူးတဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၂၄)ရက်နေ့က မန္တလေးလေဆိပ်မှာ ထိုင်းနိုင်ငံကို MAI လေကြောင်းနဲ့ သွားရောက်မယ့်
မြန်မာသတင်း

ကျောက်ကြီးမြို့မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၀)ဦးသေဆုံးကာ (၁၅)ဦး ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 8 Views
‌နိုဝင်ဘာလ (၂)ရက်။ မနေ့က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကို KNLA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ်ရှိ ကျွန်းဘုရားကို ဝင်ရောက်လာတာကြောင့် KNLA
မြန်မာသတင်း

မန္တလေးမှာ အခြေချပြီး ဂိုဏ်းဖွဲ့ လူကုန်ကူးသူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 4 Views
နိုဝင်ဘာလ (၂)ရက်။ မန္တလေးမှာ အခြေချပြီး ထိုင်းနိုင်ငံကနေတဆင့် တရုတ်နိုင်ငံကို ဂိုဏ်းဖွဲ့ကာ လူကုန်းကူးတဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၂၄)ရက်နေ့က မန္တလေးလေဆိပ်မှာ ထိုင်းနိုင်ငံကို MAI လေကြောင်းနဲ့ သွားရောက်မယ့်
မြန်မာသတင်း

ခေါင်းဆောင်ကစပြီး ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ပါက အရေးယူမယ်လို့ မိုးကုတ်ဗျူဟာ သတိပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 5 Views
နိုဝင်ဘာလ (၂)ရက်။ ခေါင်းဆောင်ကစပြီး ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူမယ်လို့ မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂)တပ်ရင်းရဲ့ မနေ့က သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ တပ်ရင်းအနေနဲ့ ရဲဘော်အင်အား အမြဲတိုးတက်နေပြီး အင်အား များလာတာနဲ့အတူ COC သက်ရောက်တာနဲ့
မြန်မာသတင်း

မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ (၇၇)ကြိမ်ရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 6 Views
နိုဝင်ဘာလ (၂)ရက်။ အောက်တိုဘာလထဲ မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ (၇၇)ကြိမ်အထိ ရှိခဲ့တယ်လို့ CDF-Mindat ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းတပ်မြို့ကို စစ်ကောင်စီက အောက်တိုဘာလ (၁၈)ရက်နဲ့ (၁၉)ရက်နေ့မှာ နှစ်ရက်ဆက်တိုက် (၇)ကြိမ်
မြန်မာသတင်း

အကြမ်းဖက်စစ်အုပ်စုက သတင်းသမား (၇)ဦးကို သတ်ဖြတ်ပြီး (၁၅၀)ထက်မနည်းကို ဖမ်းဆီးညှင်းပမ်းနှိပ်စက်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 4 Views
‌နိုဝင်ဘာလ (၂)ရက်။ အကြမ်းဖက်စစ်အုပ်စုဟာ သတင်းသမား (၇)ဦးကို သတ်ဖြတ်ပြီး (၁၅၀)ဦးထက်မနည်းကို ဖမ်းဆီးတာနဲ့ ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာဏာလုယူဖို့ ကြိုးပမ်းတဲ့အချိန်ကစပြီး အောက်တိုဘာလ (၃၀)ရက်နေ့အထိ စစ်အုပ်စုဟာ သတင်းသမား