နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်ခရိုင် တပ်ရင်း (၄) ခုက ဗိုလ်နဂါးရဲ့ MRDA နဲ့ မသက်ဆိုင်တော့ကြောင်း ထုတ်ပြန်

ယင်းမာပင်ခရိုင် အမှတ် (၃)၊ (၄)၊ (၅)၊ (၆) တပ်ရင်းတွေက မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) နဲ့ မသက်ဆိုင်တော့ကြောင်း ဒီကနေ့ ဩဂုတ်လ (၂၆) ရက်မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီတပ်ရင်း (၄) ခုဟာ NUG ကာကွယ်ရေး၀န်ကြီးဌာနရဲ့ COC အောက်ရှိခဲ့သလို ဗိုလ်နဂါး ခေါင်းဆောင်တဲ့ MRDA ရဲ့ တပ်ရင်းအမှတ် (၁)၊ (၂)၊ (၃)၊ (၄) တွေအနေနဲ့ တိုက်ပွဲ၀င်ခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်နဂါးအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက် ရပ်တည်ပါက မိမိဦးဆောင်မှုအောက်ကထွက်ပြီး ဦးဆောင်ဝယ်ယူထားတဲ့ လက်နက်ခဲယမ်းတွေ၊ စစ်သုံးပစ္စည်းတွေအားလုံးကို အပ်နှံရမယ်လို့ ဆုံးဖြတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီအတွက်ကြောင့် အထက်ပါတပ်ရင်း (၄) ခုက ဗိုလ်နဂါးရဲ့ ဦးဆောင်မှာအောက်မှာ လိုက်ပါလိုခြင်း မရှိတော့တာကြောင့် လက်နက်တွေ အားလုံးအပ်နှံခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ ဆက်လက်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီကနေ့ကစပြီး အဆိုပါတပ်ရင်း (၄)ခုအနေနဲ့ MRDA ဒါမှမဟုတ် ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BRNA) နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတော့ဘူးဆိုပြီး သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပို့ကုန်ရငွေ အပြည့်အဝ ပြန်ပေးသွင်းတာကြောင့် ဦးတေဇရဲ့ Htoo ကုမ္ပဏီအပါအဝင် (၁၇)ခုကို စစ်အုပ်စုက အမည်မည်းစာရင်းက ပယ်ဖျက်

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 6 Views
ဧပြီလ (၂၈)ရက်။ ပို့ကုန်ရငွေ အပြည့်အဝ ပြန်ပေးသွင်းတဲ့ ကုမ္ပဏီ (၁၇)ခုကို စစ်အုပ်စုဗဟိုဘဏ်က အမည်မည်းစာရင်းနဲ့ ပြည်ဝင်/ထွက်ခွင့် တားဆီးတာတို့ကနေ ပယ်ဖျက်ခဲ့တယ်လို့
မြန်မာသတင်း

TRI ဗျူဟာက ရဲဘော် (၃၅)ဦးကို တပ်က ထုတ်ပယ်တာနဲ့ အမည်ပျက်စာရင်းသွင်း

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 19 Views
ဧပြီလ (၂၈)ရက်။ PDF-TRI ဗျူဟာက ရဲဘော် (၃၅)ဦးကို တပ်က ထုတ်ပယ်တာနဲ့ အမည်ပျက်စာရင်းသွင်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကလေးဝမြို့ စစ်ကောင်စီရဲ့ အောင်ချမ်းသာအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 17 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၂၅)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်က ကလေးဝမြို့ စစ်ကောင်စီရဲ့ အောင်ချမ်းသာအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပကဖအသံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစအတွက် ဗျူဟာမြောက်အရေးပါတဲ့ ကလေးဝနယ် အောင်ချမ်းသာအထိုင်စခန်းကို
မြန်မာသတင်း

သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်း ၇၉မမနဲ့ ပစ်ခတ်ခံရပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 22 Views
ဧပြီလ (၂၇)ရက်။ သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၇၉မမ အလုံး (၂၀)နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သံတောင်ကြီးမြို့ ဘောလဂိ-မော်ချီးလမ်း (၄၈)မိုင်က အကြမ်းဖက်စစ်အုပ်စုတပ်စခန်းကို ၇၉မမ အလုံး
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်မှုအောက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 18 Views
ဧပြီလ (၂၇)ရက်။ မင်းအောင်လှိုင်ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိးတိုးတက်မယ်ဆိုပြီး နေပြည်တော်ရောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ တရုတ်နိုင်ငံက မင်းအောင်လှိုင် သမ္မတအနေနဲ့ ရွေးကောက်တင်မြှောက်ခံရပြီး နာရီပိုင်းထဲ ဝမ်းမြောက်သဝဏ်လွှာ ပေးပို့တာနဲ့
မြန်မာသတင်း

ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး PDF ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 20 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၂၂)ရက်နေ့က ‌ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာတယ်လို့ ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ဘုတ်ပြင်းမြို့အခြေစိုက် ခလရ(၂၂၄)တပ်ရင်းက အသက် (၃၃)နှစ်အရွယ် ပေါက်ကြီးဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ လူမှုထူးချွန်ဆု(တတိယအဆင့်)ချီးမြှင့်ခံရတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 21 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၁၈)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က ပေါင်းတလည်မြို့ ဒွကျေးရွာအနီးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပစ်ခတ်ရှင်းလင်းခံရသူဟာ ပြည်မြို့၊ ဝက်ထီးကန်နယ်မြေ အင်းဝင်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး
မြန်မာသတင်း

နယ်မြေဆုံးရှုံးတာတွေနဲ့ တပ်ထဲဖိအားတွေကြောင့် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် တာဝန်ကနေ ဖယ်ရှားခံရ

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 22 Views
ဧပြီလ (၂၅)ရက်။ ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်ကို စစ်တပ်က တာဝန်ကနေ ဖယ်ရှားလိုက်တယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဧရာဝတီတိုင်းထဲ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာ (၂၂၈)ရွာကို တနှစ်ကျော်ကြာတဲ့အထိ ပြန်လည်မသိမ်းပိုက်နိုင်တာကြောင့် အခုလို