နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းတုန်းမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တွေ (၂ ) ရက် ဆက်တိုက် တိုက်ခိုက်ခံရကာ စစ်ကောင်စီဘက်က (၂၃) ဦး သေဆုံးခဲ့ဟုဆို။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ (၂) ရက်ဆက်တိုက် တိုက်ခိုက်ခံရကာ ထိခိုက်သေဆုံးတာတွေ အများအပြား ရှိခဲ့တယ်လို့ NUG ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ဩဂုတ်လ (၂၅)ရက်နေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

သြဂုတ်လ (၂၃)ရက်နေ့ မနက် (၈) နာရီခန့်ကနေ (၁၀) နာရီ (၄၀)မိနစ်ခန့်အထိ မင်းတုန်းမြို့နယ်၊ ကြို့ဝရွာနဲ့ ရွာသစ်ရွာကြားက လမ်းပိုင်းပေါ် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂၀)ခန့်ကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ကြို့ဝရွာအနီးရှိ ကုန်းမြင့်တစ်နေရာမှာ ဝင်ရောက်နေရာယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF ပူးပေါင်းတပ်တွေရှိမယ်လို့ ယူဆတဲ့ နေရာတွေကို လက်နက်ကြီးပစ်ကူနဲ့ တိုက်ခိုက်ခဲ့ပေမယ့် ၎င်းတို့တပ်ပေါ် လက်နက်ကြီး တည့်တည့်ကျရောက်ခဲ့ကာ စစ်ကောင်စီတပ်သား (၁၅) ဦးသေဆုံးခဲ့တာကို မျက်မြင်တွေ့ရှိခဲ့ရတယ်လို့ ဆိုထားပြီး အတွင်းသတင်းအရ (၅၀) ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ပြောပေမယ့် အတည်မပြုနိုင်ဘူးလို့ ရေးသားထားပါတယ်။

အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာသစ်ရွာထဲ ဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူပိုင် ပစ္စည်းတွေကို အကြမ်းဖက်သိမ်းယူခဲ့သလို ရွာသစ်ရွာမှာ ပိတ်မိနေတဲ့ ဒေသခံ (၅) ဦးကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဩဂုတ်လ (၂၄) ရက်နေ့ နေ့လယ် (၂) နာရီ (၂၀)မိနစ်ခန့်ကလည်း ကြို့ဝရွာနဲ့ ရွာသစ်ရွာကြား လမ်းပိုင်းပေါ်ကို ထပ်မံ အင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့ ဖောကား (၁)စီးနဲ့ သစ်ကား (၁) စီး အပါအ၀င် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၃၀) ခန့်ကို PDF ပူးပေါင်းအဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၈) ဦး သေဆုံးပြီး ဖောကား (၁) စီး မိုင်းထိမှန်ခဲ့တာကြောင့် ပျက်စီးခဲ့ကာ နေရာမှာပဲ ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေကို သရက်ခရိုင် အမှတ်(၄) တပ်ရင်း – Eagle Force (လင်းယုန်တပ်)၊ ကျောင်းသားလက်ရုံးတပ်တော် – Student Armed Force (SAF)၊ လွတ်မြောက်သော စစ်သည်တော်များအဖွဲ့ (WOLF) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာတာကြောင့် ရွာသစ်ရွာနဲ့ ကြို့ဝရွာ အနီးဝန်းကျင်က ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရကာ PDF ပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 35 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 32 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 38 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ