နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

အစ္စရေးတင့်ကားများ ဂါဇာကမ်းမြောင်မြောက်ပိုင်းကို ဝင်ရောက်စီးနင်းပြီး ပြန်လည်ဆုတ်ခွာခဲ့

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ ဂါဇာ။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ ပစ်မှတ်ထားသော နေရာများကို တင့်ကားများဖြင့် စီးနင်းတိုက်ခိုက်မှုကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပြီးနောက် နယ်မြေမှ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု အစ္စရေးစစ်တပ်က ကြေညာလိုက်သည်။

IDF မှ ထုတ်ပြန်သော ဗီဒီယိုတွင် တင့်ကားများနှင့် သံချပ်ကာယာဉ်များ ခြံစည်းရိုးအနီး လမ်းမတစ်လျှောက်တွင် ဘူဒိုဇာတစ်စင်းအပါအဝင် တင့်ကားများနှင့် သံချပ်ကာယာဉ်များကို ပြသထားသည်။ တင့်ကားများ ပစ်ခတ်နေပြီး အနီးနားတွင် ပျက်စီးသည့် လက္ခဏာများကို မြင်တွေ့နိုင်သည်။

ဓာတ်ပုံ။ ဂါဇာကမ်းမြောင်မြောက်ပိုင်းတွင် အစ္စရေး ကာကွယ်ရေးတပ်၏ သံချပ်ကာယာဉ်များ စစ်ဆင်ရေး ပြုလုပ်နေစဉ်။
Israel Defense Forces/Reuters

IDF က အဆိုပါစီးနင်းမှုသည် “ တိုက်ပွဲ၏နောက်ထပ်အဆင့်အတွက် ပြင်ဆင်မှု၏တစ်စိတ်တစ်ပိုင်း” ဟု ဖော်ပြခဲ့သည်။ စစ်ဆင်ရေးပြီးဆုံးပြီးနောက် စစ်သားများသည် ဂါဇာကမ်းမြောင်မှ ထွက်ခွာသွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

IDF ၏ ပြောရေးဆိုခွင့်ရှိသူ Lerner က စီးနင်းမှုသည် ကြီးမားသော်လည်း နယ်ပယ်တွင် အကန့်အသတ်ရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါ စစ်ဆင်ရေးသည် မြေပြင်စစ်ဆင်ရေးအတွက် ပိုမိုကောင်းမွန်သော အခြေအနေများ ဖန်တီးရန် ရည်ရွယ်သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ ရန်သူကို အမှန်တကယ် တွေ့မြင်ထားပြီး တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းနေတဲ့ အကြမ်းဖက်သမားတစ်ဦးကို သတ်ဖြတ်ခဲ့တယ်” ဟု Lerner က CNN သို့ ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်တွေကို ချေမှုန်းပစ်မည်ဟု IDF က ကတိပြုထားပြီး အောက်တိုဘာ (၇) ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ ကတိပြုခဲ့ပါသည်။ ဟားမတ်စ်တို့၏ တိုက်ခိုက်မှုအတွင်း လူ ၁၄၀၀ သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ပြီး ဓားစာခံ ၂၀၀ ကျော်ကို ဖမ်းဆီးခြင်းခံခဲ့ရသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက “ ဂါဇာကမ်းမြောင်ဒေသကို မြေပြင်က ကျူးကျော်စစ်ထိုးဖို့ ပြင်ဆင်နေတယ်” ဟု အစ္စရေးက ၂၅ ရက်နေ့က ရုပ်သံမိန့်ခွန်းတွင် အတည်ပြုခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှု သုံးပတ်နီးပါးကြာအောင် ပြုလုပ်ခဲ့သည်။

ဟားမတ်စ် ထိန်းချုပ်ထားသော ဂါဇာကမ်းမြှောင်ရှိ ကျန်းမာရေးအာဏာပိုင်များက ယခုအချိန်အထိ အစ္စရေး၏ တိုက်ခိုက်မှုများတွင် လူပေါင်း ၆,၄၀၀ ကျော် သေဆုံးပြီး ၁၇,၀၀၀ ဒဏ်ရာရခဲ့ကြောင်း သိရသည်။ အနောက်ဘက်ကမ်း ရာမာလာရှိ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက အဆိုပါ အချက်အလက်ကို ထုတ်ပြန်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမတ်စ်တိုက်ခိုက်ရေးသမားများကြား အကန့်အသတ်ဖြင့် မြေပြင်တိုက်ပွဲများ ရှိနှင့်ပြီးဖြစ်သည်။ အောက်တိုဘာလ (၂၂) ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အစ္စရေးစစ်သားတစ်ဦး သေဆုံးခဲ့သည်ဟု IDF က ၂၄ ရက်နေ့တွင် ကြေညာခဲ့သည်။ အောက်တိုဘာလ (၇) ရက်နေ့နောက်ပိုင်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်၏အသေအပျောက်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 91 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 202 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 36 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 63 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 67 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 68 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော