နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာစီးပွားရေး

နိုင်ငံတကာစီးပွားရေး အမေရိကန် ဥရောပ

အရောင်းသွက်သည့် ဟန်ဒေလျှပ်စစ်ကားများ အမေရိကန်တွင် စတင်ထုတ်တော့မည်

ဟန်ဒေ (Hyundai) သည် ၎င်း၏ လျှပ်စစ်ကား Q4 ထုတ်လုပ်ရောင်းချမှုတွင် နှစ်ဆကျော် အမြတ်အစွန်း ရရှိခဲ့သည့် အတွက် လျှပ်စစ်ကားထုတ်လုပ်မှုကို ပိုမိုတွန်းအားပေးလာခဲ့သည်။ တောင်ကိုးရီးယား ကားထုတ်လုပ်သူသည် ထောက်ပံ့ရေး ကွင်းဆက်များကို လုံခြုံစေကာ အမေရိကန် တွင်စက်ရုံကို တည်ဆောက်သည်။

တောင်ကိုရီးယား မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီသည် ကမ္ဘာ့ဈေးကွက်တွင် ၎င်း၏ လျှပ်စစ်ကားများကို ဝယ်အားကောင်းသောကြောင့် ၎င်း၏ လုပ်ငန်းလည်ပတ်မှုအမြတ်သည် ယခင်နှစ် အလားတူကာလထက် စတုတ္ထ သုံးလပတ်တွင် နှစ်ဆကျော် တိုးလာသည်ဟု ကုမ္ပဏီက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဟန်ဒေ၏ လုပ်ငန်းဆောင်ရွက်မှုအမြတ်သည် တစ်နှစ်ထက်တစ်နှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ဝမ် ၃.၄ထရီလီယံ (ဒေါ်လာ ၂.၈ ဘီလီယံ) သို့ ၁၁၉.၆% ခုန်တက်သွားပြီး ဝင်ငွေ ၂၄.၂% မှ ၃၈.၅ ထရီလီယံဝမ်အထိ တိုးလာသည်။ တစ်ချိန်တည်းမှာပင် အသားတင်အမြတ်ငွေသည် ၁၄၃.၈% မှ ဝမ် ၁.၇ ထရီလီယံ သို့ တစ်နှစ်ထက်တစ်နှစ် တိုးလာသည်။

ဟန်ဒေသည် လျှပ်စစ်ကားများ ရောင်းချမှု မြင့်တက်လာခြင်းနှင့် အမေရိကနှင့် ဥရောပ အပါအဝင် အဓိကဈေးကွက်များတွင် မော်ဒယ်အသစ်များ မိတ်ဆက်ခြင်းတို့ကို သုံးစွဲသူများက နှစ်သက်သဖြင့် ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်းဖြစ် သည်။ ကုမ္ပဏီသည် ပြည်တွင်းဈေးကွက်အပါအဝင် ၎င်း၏ကမ္ဘာ့ လျှပ်စစ်ကား EV များ အရောင်းအား ၂၀၂၂ မှ ယခုနှစ်တွင် ၃၃၀,၀၀၀ သို့ ၅၈% အထိ မြှင့်တင်ရန် ရည်မှန်းထားသည်။

မော်တော်ယာဉ်အစိတ်အပိုင်းများ ထောက်ပံ့မှု ပိုမိုကောင်းမွန်လာခြင်းသည် ယမန်နှစ်က ထုတ်လုပ်မှုကို တိုးမြင့်လာစေ သည်ဟု ဟန်ဒေမှ ပြောကြားခဲ့သည်။ “ကုမ္ပဏီသည် ၎င်း၏ လျှပ်စစ်ကားထုတ်လုပ်မှု၌ ခေါင်းဆောင်မှုကို ခိုင်မာစေရန်အတွက် ယခုနှစ်တွင် Kona EV နှင့် Ioniq 5 N တို့ကိုလည်း မိတ်ဆက်သွားပါမည်” ဟု ဟန်ဒေမှ ရလဒ်များကို ထုတ်ပြန်ပြီးနောက် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ “ထို့ပြင်၊ ကုမ္ပဏီသည် ၎င်း၏ လျှပ်စစ်ကား အရောင်းကို ပိုမိုချဲ့ထွင်ရန်အတွက် ယခုနှစ်တွင် ကမ္ဘာ့ဈေးကွက်အသီးသီးတွင် ဖြန့်ကြက်မည့် Ioniq 6 ကို မျှော်လင့်ထားသည်။”

ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံး ကားထုတ်လုပ်သူအဖြစ် ဖွဲ့စည်းထားသည့် ဟန်ဒေသည် ဘက်ထရီထုတ်လုပ်သူများနှင့် ပူး ပေါင်းကာ လျှပ်စစ်ကား ထုတ်လုပ်မှုအတွက် ထောက်ပံ့ရေးကွင်းဆက်များကို လုံခြုံစေပါသည်။ ဟန်ဒေနှင့် တောင်ကိုရီးယား၏ LG Energy Solution တို့သည် ၂၀၂၁ ခုနှစ်တွင် အင်ဒိုနီးရှားတွင် ဖက်စပ်လုပ်ငန်းကို စတင်ခဲ့ပြီး လာမည့်နှစ်မှ စတင်ကာ EV ဘက်ထရီများ ထုတ်လုပ်ရန် စီစဉ်ထားသည်။

“ကိုရီးယားကား ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ ခိုင်မာတဲ့ မော်ဒယ်လိုင်းနဲ့ တင်သွင်းဖို့ စောင့်ဆိုင်းနေတဲ့ လိုအပ်ချက်တွေကြောင့် သူတို့ရဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် ပိုအားကောင်းတဲ့ အနေအထားကနေ ရုန်းထွက်နိုင်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” ဟု Nomura သူတေသန၏ သုံးသပ်သူ အင်ဂျလာဟောင် (Angela Hong) က ယခုလအစောပိုင်းတွင် ပြောကြားခဲ့ပါသည်။

သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က လျှပ်စစ် ကားများအတွက် အခွန်အခများကို ခရက်ဒစ်ပေးမည် ဖြစ်သော်လည်း ပြည်တွင်း၌သာ ထုတ်လုပ်သည့် မော်တော်ယာဉ်များအတွက်သာပေးသဖြင့် ဟန်ဒေသည် ၎င်း၏ အဓိက ဈေးကွက်ဖြစ်သော အမေရိကန်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ဝါရှင်တန်၏မူဝါဒကို လိုက်နာရန် ဟွန်ဒိုင်းသည် ပြီးခဲ့သောနှစ်တွင် အမေရိကန်တွင် ၎င်း၏ပထမဆုံး လျှပ်စစ်ကား EV စက်ရုံကို စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှစ၍ ဂျော်ဂျီယာပြည်နယ်တွင် မော်တော်ယာဉ်များ ထုတ်လုပ်မည်ဖြစ်သည်။

Source: Nikkei

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 65 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 78 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 61 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော