နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီဘက်က ၉၀ ကျော် သေဆုံးတဲ့ တိုက်ပွဲအတွင်း ဒရုန်းတပ်ဖွဲ့အနေနဲ့ ငွေကျပ် ၄၃ သိန်း ကုန်ကျခဲ့၊ ဗုံးသီး ၂၁၅ လုံး အသုံးပြုခဲ့ ဟုဆို

ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက် ခဲ့ချိန် ငွေကျပ် ၄၃၀၀၀၀ဝ ကျပ် ကုန်ကျခဲ့တယ်လို့ KNDF – Explosion and Technique Department (KNDF- ETD) ဒရုန်းတပ်ဖွဲ့ကနေ သိရပါတယ်။


ဒရုန်းဗုံးသီး အလုံး ၂၁၅ လုံး အသုံးပြုခဲ့ပြီး ဒရုန်းဗုံးသီး တစ်လုံးတန်ဖိုးက ငွေကျပ် ၂၀,၀၀၀ (နှစ်သောင်း ကျပ်) ခန့် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

မတ်လ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အတွင်း ဒေါတမကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD၊ နေပြည်တော် PDF တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အရာရှိတွေ အပါအဝင် ၉၀ ကျော် သေဆုံးကာ ၅၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံကနေ MA-1 (၁၀) လက် ၊ MA-2 (၁၀) လက် ၊ MA-3 (၁၀) လက် ၊ MA-4 79 တွဲ (၁) လက် ၊ 9MM ပစ္စတို (၅) လက် ၊ RPG (၂) လက် ၊ (၆၀) မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာ စက် (၁) လုံး ၊ ဆက်သွယ်ရေးစက် ၊ မိုင်း၊ လက်ပစ်ဗုံး၊ ကွန်ပျူတာ၊ ဖုန်း၊ ဆက်စပ် ခဲယမ်းမီးကျောက်တွေနဲ့ အသုံးအဆောင် အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Era’sEyes/Photo – KNDF- ETD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ ကမ္ဘာမကြေဘူး” သီချင်းရေးစပ်ခဲ့တဲ့ တေးရေး နိုင်မြန်မာ ကွယ်လွန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန် သန်လျင်မြို့်ရှိ နေအိမ်မှာ တေးရေး နိုင်မြန်မာ ကွယ်လွန်သွားခဲ့တယ်လို့
မြန်မာသတင်း

ရွှေကုက္ကိုလ်နယ်မြေထဲ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား (၆၁)ဦးကို စစ်ကောင်စီ ပြန်လွှဲပြောင်းပေး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၇)ရက်။ မြဝတီ-ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေထဲက လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား (၆၁)ဦးကို စစ်ကောင်စီက ထိုင်းဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်ရာမှာ အသက်မပြည့်သူတွေ မပါဝင်စေဖို့ စစ်ကောင်စီပြောဆိုချက် လက်တွေ့နဲ့ကွဲလွဲနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၇)ရက်။ ပြည်သူ့စစ်မှုထမ်းတွေ ဆင့်ခေါ်ရာမှာ အသက်(၁၈)နှစ် မပြည့်သေးသူတွေ မပါဝင်အောင် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး မောင်မောင်အေးက မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကစပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကာ တစ်နှစ်နီးပါးအကြာမှာတော့
မြန်မာသတင်း

လက်နက်ကိုင်အဖွဲ့တွေ ပြည်သူအားလုံးရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၇)ရက်။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပြည်သူအားလုံးရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ နယ်မြေဒေသတွေက ဒေသခံပြည်သူတွေဟာ နိုင်ငံနဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ တိုက်ခိုက်တာတွေကို စိတ်ကုန်မုန်းတီးနေကြပြီလို့
မြန်မာသတင်း

နောင်ချို သပြေတောင်ဘုရားကုန်း ဗုံးကြဲခံရပြီး ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီ (၂၀)မိနစ်အချိန်က နောင်ချိုမြို့ရှိ သပြေတောင်ဘုရားကုန်းပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချို သပြေတောင်ဘုရားကုန်းပေါ်ကို စကစက လေကြောင်းကနေ
မြန်မာသတင်း

ပဲခူးရိုးမတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးပြီး (၁၅)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက် (၉)နာရီခန့်က အုတ်ဖိုမြို့အပိုင် ပဲခူးရိုးမထဲမှာ အင်အား (၃၀)ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုတ်ဖိုအပိုင် ပဲခူးရိုးမထဲက
မြန်မာသတင်း

တော်လှန်ရေးတပ်အချို့ CoC အောက်က နုတ်ထွက်တာ MOD တာဝန်ရှိသူအချို့ လာဘ်စားတာနဲ့ တာဝန်ယူမှုမရှိလို့ဟုဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၆) ရက်။ တော်လှန်ရေးတပ်အချို့ CoC အောက်ကနေ နုတ်ထွက်တာဟာ MOD တာဝန်ရှိသူအချို့ လာဘ်စားတာနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာကြောင့်လို့ Generation Z-Loikaw ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ ရှမ်းတောင်က တပ်ရင်း(၂)ခုအပါအဝင်
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ မီးလောင်ဗုံးတွေကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့က လယ်ဒိုမြို့နယ်ရှိ အလှိုင်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မီးလောင်ဗုံးတွေ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလှိုင်ရွာထဲကို ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၆၄)က ၁၂၀မမ