စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက တပင်ကောင်းရွာကို စစ်တပ်က မီးရှို့ဖျက် ဆီးနေလို့ ဒေသခံ ၅ ထောင် ကျော်ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရွှေဘိုမြို့နယ် ၊ ညောင်ပင်သာဘက်က လာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ဧပြီ ၂၅ရက်က ခင်ဦးမြို့နယ် တပင်ကောင်းရွာကို မီးရှို့ဖျက်ဆီးပြီး ညအိပ်တပ်စွဲခဲ့တာကြောင့် ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးနေရတာဖြစ်ပါတယ်။
![](https://eraseye.com/wp-content/uploads/2023/04/343329669_194638839583531_112182516293390894_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/343324196_779734450418253_8289309428146641170_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/343216485_760500145795221_3653216147389674619_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/343075937_6539190359427137_7011104593660936048_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/343320472_224058956893908_6399869841640709181_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/343329906_889610545459124_2874894763955534797_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/343305065_923613802292918_8969120834791172972_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/343191600_168445792822243_2813368476598648630_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/343306686_791648989050965_1506349498929298161_n.jpg)
မီးရှို့ဖျက်ဆီးခံရတဲ့ အရေအတွက်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်တပ်ဟာ ဒီနေ့ ဧပြီ ၂၆ရက်မှာ တပင်ကောင်းရွာကနေ မဏီကုန်း ရွှေယမင်းဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် နီးစပ်ရာ ကျေးရွာ ၈ရွာက ပြည်သူ ၅ထောင် ကျော်မှာလည်း ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
Era’sEyes |Photo -CJ