စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ ဧပြီလ (၂၅) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မှတ်ပုံတင်ခွင့်ပြုပြီး တရားဝင်ရပ်တည်ခွင့်ရှိတဲ့ နိုင်ငံရေးပါတီ ငါးခုရှိလာပြီလို့ သိရပါတယ်။
အဆိုပါ ပါတီငါးခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရပ်တစ်ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ ဖလုံ-စပေါ်ဒီမိုကရက်တစ်ပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ ဖြစ်ပါတယ်။
![](https://eraseye.com/wp-content/uploads/2023/04/343482081_210632991673236_564950959818160259_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/343568464_1407394916754230_3103158677724821954_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/343430903_245253318167082_2397115190301836700_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/343430703_1247411949535089_6887575069405500302_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/343560336_625960148973197_3141937361525576999_n.jpg)
ဒါပေမဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) နဲ့ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်တို့ကိုတော့ မှတ်ပုံတင်ခွင့်ပြုတာ မတွေ့ရသေးပါဘူး။
UEC ရဲ့ ထုတ်ပြန်ချက်အရ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ပါတီ (၆၃) ခုရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် မလျှောက်ထားတဲ့ပါတီ (၄၀)ကိုတော့ ဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။
Era’sEyes