နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီထုတ်တဲ့ နှစ်သောင်းတန်ငွေစက္ကူကို တရားမဝင်အဖြစ် NUG သတ်မှတ်


ယခုလကုန်မှာ စစ်ကောင်စီက ထုတ်ဝေဖို့စီစဉ်နေတဲ့ နှစ်သောင်းတန်ငွေစက္ကူကို တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလဗဟိုဘဏ်က ယနေ့ ဇူလိုင်လ ၂၇ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ နှစ်သောင်းတန်ငွေစက္ကူတွေကို NUG နဲ့ ၎င်းအားဆက်ခံသော အစိုးရများက အသိအမှတ်ပြုမှာမဟုတ်ကြောင်းနဲ့ တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။



တရားမဝင်အာဏာသိမ်းစစ်ကောင်စီကဖြစ်စေ၊ ၎င်းအားဆက်ခံသော အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ ၎င်းရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ ငွေစက္ကူအမျိုးအစားအသစ် ရိုက်နှိပ်ထုတ်ဝေခြင်းက တရားဝင်မှု အလျဉ်းမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရေးသားထားပါတယ်။

အဖက်ဖက်က အကြပ်အတည်းဆိုက်နေတဲ့ စစ်ကောင်စီအနေနဲ့ ၎င်းတို့သက်ဆိုးရှည်စေဖို့နဲ့ ပြည်သူအပေါ် ရက်စက်စွာ ဆင်နွှဲလျက်ရှိတဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကို စဉ်ဆက်မပြတ် ကျူးလွန်နိုင်ဖို့ ငွေစက္ကူအမျိုးအစားအသစ် စတင်ရိုက်ထုတ်တာဖြစ်တယ်လို့ NUG က ဆိုပါတယ်။

စစ်ကောင်စီရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေကြောင့် ယခင်မကြုံဖူးတဲ့ ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနဲ့ ကပ်ရောဂါတို့ကို စုပြုံခံစားနေရချိန်မှာ အိမ်ထောင်စုတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်သူအပေါ် ထပ်မံဒုက္ခအကြပ်အတည်း ဆိုက်ရောက်စေမယ့် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေခြင်းက လက်ခံနိုင်ဖွယ်မရှိတဲ့ လုပ်ရပ်လို့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်တိုက်ပွဲထဲ စစ်ကောင်စီက မြေပြင်၊ ရေပြင်နဲ့ ဝေဟင်ကနေ ပစ်ခတ်တာတွေကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေရှိနေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 3 Views
အောက်တိုဘာလ (၂၃)ရက်။ ရခိုင်တိုက်ပွဲထဲ စစ်ကောင်စီဟာ မြေပြင်၊ ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေနဲ့ လေကြောင်းကနေ ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ နေ့တိုင်းရှိနေတယ်လို့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့နယ်ထဲ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 3 Views
အောက်တိုဘာလ (၂၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ဂန့်ကော်ကျေးရွာ စာသင်ကျောင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ရဲ့
မြန်မာသတင်း

ဝက်လက်မြို့မှာ သမီးရည်းစားချင်း စကားများရာက သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ PDF ဒုတပ်ခွဲမှူး ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 3 Views
အောက်တိုဘာလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၆)ရက်နေ့က ဝက်လက်မြို့၊ သခွတ္တောကျေးရွာက အမျိုးသမီးတစ်ဦးကို သမီးရည်းစားချင်းစကားများချိန် PDF ဒုတပ်ခွဲမှူးက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေနတ်နဲ့ ပစ်သတ်ခဲ့သူ ဒုတပ်ခွဲမှူးဟာ
1027 Operations မြန်မာသတင်း

လားရှိုးမြို့အဝင်ရှိ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 3 Views
အောက်တိုဘာလ (၂၃)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က လားရှိုးမြို့အဝင်ရှိ ရိုးရာဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၈)နာရီ (၃၅)မိနစ်လောက်က မြို့အဝင် ဆိုင်းဘုတ်နားက
မြန်မာသတင်း

ရန်ကုန်ရှိ ရွှေဆိုင်ပိုင်ရှင်တွေ လုံခြုံရေးကြိုတင်ပြင်ဆင်ကြဖို့ ရွှေမသင်းသတိပေး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 3 Views
အောက်တိုဘာလ (၂၃)ရက်။ ရန်ကုန်တိုင်းထဲရှိ ရွှေဆိုင်ပိုင်ရှင်တွေအနေနဲ့ လုံခြုံရေးစနစ်တွေ ကြိုတင်ပြင်ဆင်ထားကြဖို့ ရွှေလုပ်ငန်းရှင်များအသင်းက မနေ့က သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ရွှေဆိုင်တွေမှာ စီစီတီဗီတွေ တပ်ဆင်ထားတဲ့အတိုင်း ရွှေဆိုင်ပိုင်ရှင်တွေ နေထိုင်တဲ့ အိမ်နေရာပတ်ဝန်းကျင်နဲ့ ကားပါကင်နေရာတွေမှာ စီစီတီဗီ ကင်မရာတွေနဲ့ အရေးပေါ်
မြန်မာသတင်း

ရွေးကောက်ပွဲမှာ မဲပေးဖို့ နိုင်ငံသားကတ်တွေ လျှောက်ထားကိုင်ဆောင်ကြဖို့ စစ်ကောင်စီညွှန်ကြား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 8 Views
အောက်တိုဘာလ (၂၃)ရက်။ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရဖို့ နိုင်ငံသားကတ်ပြားမရှိသူတွေအနေနဲ့ သက်သေခံကတ်ပြား ကိုင်ဆောင်ကြဖို့ စစ်ကောင်စီရဲ့ လဝကဝန်ကြီး ဦးမြင့်ကြိုင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံသားဆိုင်ရာ ဘယ်လိုကတ်ပြားမှ ရရှိကိုင်ဆောင်ထားတာ မရှိတဲ့သူတွေအနေနဲ့ သက်သေခံကတ်ပြား(NV card)ကို
မြန်မာသတင်း

ဘုတလင်ထဲ အရပ်သားတွေကို သတ်ဖြတ်တာက စစ်အုပ်စုရဲ့ တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တာတွေအတွက် လက်စားချေတဲ့ နည်းဗျူဟာလို့ NUG ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 9 Views
အောက်တိုဘာလ (၂၃)ရက်။ ဘုတလင်နယ်ထဲ အရပ်သားတွေကို သတ်ဖြတ်တာ၊ လူသားဒိုင်းအနေနဲ့ စေခိုင်းတာတို့က အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးနည်းဗျူဟာတရပ်အနေနဲ့ ကျူးလွန်တာ ထင်ရှားတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘုတလင်နယ်ထဲက စီပါရွာအနီး တိုက်ပွဲတခုမှာ စစ်အုပ်စုရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဘူးသီးတောင်မြို့မှာ ARSA နဲ့ AA တို့ တိုက်ပွဲ (၅)ကြိမ်ဖြစ်ပွားခဲ့၊ စခန်းနေရာ (၄)ခုနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ AA ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 14 Views
အောက်တိုဘာလ (၂၃)ရက်။ ဘူးသီးတောင်မြို့နယ်၊ ခရုချောင်းမူဆလင်ကျေးရွာရဲ့ အနောက်မြောက်ဘက် တောင်တန်းတွေမှာ ARSA တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ (၅)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ARSA နဲ့ အာရက္ခတပ်တော်(AA)တို့ဟာ အောက်တိုဘာလ (၁၉)ရက်နေ့