နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေးအတွက် လမ်းညွှန်ဝေဖန်ဆုံးမမှုတွေ ပြုလုပ်ပေးဖို့ ပြည်သူကို အထွေထွေသပိတ်ကော်မတီတောင်းဆို

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။

နွေဦးတော်လှန်ရေးဟာ ပြည်သူသည်သာ အခြေခံပြီး ဦးဆောင်လမ်းညွှန်သူဖြစ်တာကြောင့် တော်လှန်ရေးအတွက် လိုအပ်တဲ့ လမ်းညွှန်မှုတွေနဲ့ ဝေဖန်ဆုံးမမှုတွေ ပြုလုပ်ပေးဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုထားချက်အရ သိရပါတယ်။

“နွေဦးတော်လှန်ရေးရက် (၁၀၀၀) ပြည့် ပြည်သူလူထုသို့ ဦးညွှတ်ဂါရဝပြုခြင်းနှင့် တော်လှန်ရေးအင်အားစုများသို့ တိုက်တွန်းနှိုးဆော်ချက်”ကို GSCB က ထုတ်ပြန်ထားကာ ပြည်သူတွေရဲ့ ကျေးဇူးတရားနဲ့ မြင့်မြတ်တဲ့ စွန့်လွှတ်စွန့်စားစိတ်ဓါတ်တွေကို ဦးညွှတ်ဂါရဝပြုကြောင်း ပြောဆိုထားပါတယ်။

ရက် (၁၀၀၀) ပြည့်ချိန် နွေဦးတော်လှန်ရေးကာလတလျှောက် ပြည်သူနဲ့ တော်လှန်ရေးအပေါ် မျက်နှာမမူမိတဲ့အခြေအနေတွေ၊ စီမံခန့်ခွဲမှုအလွဲတွေ၊ မထိရောက်တဲ့ တိုက်ပွဲဖော်ဆောင်မှုပုံသဏ္ဍာန်တွေနဲ့ ယုံကြည်မှုကျဆင်းစေတဲ့ လုပ်ရပ်တွေကို ကျူးလွန်မိပါက တော်လှန်ရေးသမားတွေက ဝန်ချတောင်းပန်သင့်ကြောင်း တိုက်တွန်းထားပါတယ်။

တော်လှန်ရေးရက်(၁၀၀၀)ပြည့်တဲ့အထိ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖိနှိပ်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ အစုအပြုံလိုက်လူသတ်တာနဲ့ လူမျိုးတုန်းသတ်ဖြတ်တာတွေရဲ့ ဖိအားဒဏ်ကို ကြံ့ကြံ့ခံ တော်လှန်နေတာက ပြည်သူရဲ့ စုပေါင်းရုန်ကန်မှု၊ စုပေါင်းဆန့်ကျင်မှုနဲ့ စုပေါင်းခံနိုင်မှုကြောင့်ဖြစ်တယ်လို့ GSCB က ပြောဆိုထားပါတယ်။

အများစုသောပြည်သူတွေရဲ့ စားဝတ်နေထိုင်ရေးဟာ လွန်စွာခက်ခဲကြပ်တည်းလျက်ရှိတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် ပိုအဆင်ပြေသူများက ပိုမိုခက်ခဲကြပ်တည်းသူတွေကို မျှဝေထောက်ပံ့ကူညီတာနဲ့ အားပေးတာတွေကို ကြိုးစားဆောင်ရွက်ပေးဖို့ တောင်းပန်ဖော်ပြထားပါတယ်။

လိုအပ်နေသူကို မျှဝေကူညီတာက မြင့်မြတ်တဲ့လုပ်ဆောင်ခြင်းဖြစ်တဲ့အပြင် တော်လှန်ရေးရဲ့ အောင်မြင်မှုကို အထောက်အပံ့ပြုတာလည်းဖြစ်တာကြောင့် မျှဝေကူညီတဲ့နည်းလမ်းကို ရွေးချယ်ပြီး နွေဦးတော်လှန်ရေးမှာ တဖက်တလမ်းက ပါဝင်နိုင်ဖို့ တော်လှန်ရေး ရက် (၁၀၀၀) ပြည့်တဲ့အချိန်မှာ တိုက်တွန်းနှိုးဆော်ထားတာလည်းဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 22 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 19 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 25 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို