၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။
စစ်အာဏာရှင်ကို ပြည်သူတွေမမေ့ကျဖို့ရန်ကုန်မြို့မှာ တော်လှန်လူငယ်တွေ ပူးပေါင်းကာ အောက်တို ဘာလ ၂၆ ရက်က စစ်အာဏာရှင် ဆန့်ကျင်ရေး စတစ်ကာ ကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီကမ်းပိန်းက မြန်မာနိုင်ငံရဲ့အာဏာသိမ်းထားတဲ့ အမှောင်ထုဖုံးလွှမ်းနေဆဲ နေ့ရက်တွေကို မမေ့လျော့ကြစေဖို့ရည်ရွယ်ပြီး ရန်ကုန်မြို့တွင်းတစ်နေရာနဲ့ အများသုံးယာဥ်တွေမှာ ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။
တော်လှန်ရခြင်း ရက်ပေါင်း ၁၀၀၀ တိတိပြည့်တော့မှာဖြစ်တဲ့အတွက် အမှောင်ထုထဲမှာ ရှင်သန်နေပေမယ့် ရဲဘော်ညီနောင်တွေဟာ အားမလျော့ဘဲ တော်လှန်နေဆဲ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း တော်လှန်ရေး အင်အားစုတွေအပေါ် ယုံကြည်ပြီး ကူညီပါဝင်ပေးကြဖို့ တော်လှန်ရေးအင် အားစုတွေက မေတ္တာရပ်ခံထားပါတယ်။
အဲဒီ ကမ်ပိန်းကို Owl Community နဲ့ Falcon Revolutionaries Team အဖွဲ့သားတွေက လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး Democratic Youth Council (DYC)မှ စတစ်ကာအတွက် ပံ့ပိုးကူညီပေးခဲ့ပါတယ်။