နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တွေ့ဆုံမှုပြုလုပ်ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်၊ ခေတ်မျက်လုံး။

အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အင်ဒိုနီးရှား အထူးသံတမန်၏ ထိတွေ့ဆက်ဆံမှုရုံးမှ မြန်မာနိုင်ငံနှင့် သက်ဆိုင်သူများအား ၂၀၂၃ ခုနှစ်နိုဝင်ဘာလ (၂၀) ရက်မှ (၂၂) ရက်နေ့အထိ တွေ့ဆုံညှိနှိုင်းပေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားပါသည်။

ဂျကာတာ၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ မှ ၂၂ ရက်အထိ မြန်မာနိုင်ငံနှင့် သက်ဆိုင်သူများနှင့် အင်ဒိုနီးရှားအထူးသံတမန် ထိတွေ့ဆက်ဆံမှုရုံး တွင် မြန်မာနိုင်ငံဆိုင်ရာ အဓိကပါဝင်ပတ်သက်သူများ တက်ရောက်သည့် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး အာဆီယံမှ ချမှတ်ထားသည့် ဘုံသဘောတူညီမှု ၅ချက် (5PC) အကောင်အထည်ဖော်မှုကို တွန်းအားပေးရန်နှင့်၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အကျပ်အတည်းကို တာရှည်ခံသည့် နိုင်ငံရေးအဖြေထုတ်ရန်အတွက် အားလုံးပါဝင်သည့် ဆွေးနွေးပွဲတွေ ခေါ်ယူကျင်းပဖို့ ဦးတည်လုပ်ဆောင်နေပါသည်ဟု ဖော်ပြထားပါသည်။

အဆိုပါအစည်းအဝေးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဂျကာတာမြို့တွင် ကျင်းပခဲ့ပြီး နွေဦးတော်လှန်ရေးကို ကိုယ်စားပြုသော အစုအဖွဲ့ပေါင်းစုံ၊ မြန်မာအာဏာပိုင်များနှင့် အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း EAOs (PPST) တို့ တက်ရောက်ခဲ့ကြသည်။ ၂၀၂၄ ခုနှစ်တွင် လာအိုအာဆီယံ သဘာပတိအဖြစ် လာအိုအစိုးရ၏ ကိုယ်စားလှယ်မှလည်း တက်ရောက်ခဲ့သည်ဟု သိရပါသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားသည် ၂၀၂၃ ခုနှစ်တွင် ဥက္ကဋ္ဌတာဝန်ယူချိန်အတွင်း မြန်မာစစ်ကောင်စီ အပါအဝင် သက်ဆိုင်သူအများအပြားနှင့် ထိတွေ့ဆက်ဆံမှုပေါင်း ၁၈၀ ကျော် ပြုလုပ်ခဲ့သည်။

အင်ဒိုနီးရှားအထူးသံတမန်ရုံး၏ ပံ့ပိုးကူညီမှုဖြင့် ဤအစည်းအဝေးကို အဖွဲ့များအလိုက် သီးခြားစီ ကျင်းပခဲ့ပါသည်။ NUG အပါအဝင် နွေဦးတော်လှန်ရေးအဖွဲ့၏ အဓိကကိုယ်စားလှယ်များနှင့် PPST ကိုယ်စားလှယ်များ၊ အဓိက ရည်ရွယ်ချက်မှာ ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အစည်းများ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာစေရန်၊ အကြမ်းဖက်မှုများ လျှော့ချရန်နှင့် ပဋိပက္ခဒဏ် ခံခဲ့ရသော မြန်မာပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လုံခြုံစွာ ပေးအပ်နိုင်ရေး သေချာစေရန် ဖြစ်သည်ဟု ဖော်ပြထားပါသည်။

အထူးသံတမန်ရုံးသည် အကြပ်အတည်းကို တာရှည်ခံပြီး ပြီးပြည့်စုံသော အဖြေကို ရှာဖွေရန်အတွက် ဖြစ်နိုင်ချေရှိသော ပဏာမတွေ့ဆုံဆွေးနွေးမှုတစ်ခုအတွက် လမ်းခင်းပေးမည့် အဖွဲ့တစ်ခုစီမှ “သဘောထားများ” များကို ဖလှယ်ရာတွင်လည်း ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

သက်ဆိုင်ရာ သဘောထားများကို လက်ခံရရှိပြီးနောက် တာဝန်ရှိသည့် ပါဝင်ပတ်သက်သူများအားလုံးက အပြုသဘောဆောင်သော အရိပ်အယောင်များကို ပြသခဲ့ကြပြီး မကြာမီ စစ်မှန်သော နည်းလမ်းတကျ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ခြေ ဖြစ်လာနိုင်ကြောင်း ညွှန်ပြခဲ့ပါသည်ဟု ဖော်ပြထားပါသည်။

မြန်မာ့နိုင်ငံရေးတွင်အရေးပါသော သက်ဆိုင်သူများမှ အင်ဒိုနီးရှားသမ္မတနိုင်ငံ နိုင်ငံခြားရေးဒုဝန်ကြီးနှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခွင့် ရရှိခဲ့ပါသည်။ ဒုဝန်ကြီး၏ အဓိကသဝဏ်လွှာမှာ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးနှင့် နိုင်ငံရေးအရ အဖြေရှာခြင်းသည် မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရန် တစ်ခုတည်းသော အလားအလာရှိသော အဖြေဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ့နိုင်ငံရေးတွင် အရေးပါသော သက်ဆိုင်သူအားလုံးက အင်ဒိုနီးရှား၏ ဦးဆောင်မှုနှင့် မြန်မာပြည်သူများကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရန် ကူညီပေးရာတွင် တသမတ်တည်း ဆုံးဖြတ်ထားသည့် ကတိကဝတ်များအတိုင်း ဆောင်ရွက်ပေးခြင်းကို ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ပြောခဲ့ကြသည်။ သက်ဆိုင်သူများကလည်း အာဆီယံ၏ပါဝင်မှု အခန်းကဏ္ဍနှင့် ဘုံသဘောတူညီမှု ၅ ချက် (5PC) ၏ ခိုင်မာသော အကောင်အထည်ဖော်မှုကို ထောက်ခံခဲ့ပါသည်ဟု ဆိုထားပါသည်။

အင်ဒိုနီးရှား အထူးသံတမန်ရုံးမှ သံအမတ်ကြီး Ngurah Swajaya က “အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံက ပြည်သူတွေကို တာရှည်ခံတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အတွက် ပြီးပြည့်စုံတဲ့ နိုင်ငံရေးအဖြေကို ရှာဖွေနိုင်ဖို့ ဆက်လက်ကူညီဖို့ ကတိပြုပါတယ်” ဟုပြောကြားခဲ့သည်။

ထို့အပြင် သံအမတ်ကြီး Swajaya က “ပြီးခဲ့သောစက်တင်ဘာလက ချမှတ်ခဲ့သော ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး အပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ဆုံးဖြတ်ချက်တို့နှင့်အညီ မြန်မာနိုင်ငံပြည်သူများကို ကူညီရန်အတွက် အာဆီယံ၏ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန်တွက်ဆက်လက်ကြိုးပမ်းမှုတွင် အင်ဒိုနီးရှားသည် ၂၀၂၄ ခုနှစ်တွင် အာဆီယံသဘာပတိနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်သွားရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ ”

လက်ရှိတိုးတက်မှုဖြစ်စဉ်တွင် အင်ဒိုနီးရှားက ပဋိပက္ခတွင် ဦးဆောင်ပါဝင်ပတ်သက်သူ အားလုံးကို နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှု ဥပဒေအရ ရန်လိုမှုကို ထိန်းချုပ်ရန်၊ အရပ်သားများ ထိခိုက်နာကျင်စေမှုကို ရှောင်ရှားရန်နှင့် စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာမှု ဆိုင်ရာထောက်ပံ့ ကူညီမှုများပေးပို့မှုကို ခွင့်ပြုရန် တိုက်တွန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 32 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 34 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 35 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 25 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 24 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ