ပဲခူးတိုင်း၊ သာယာဝတီထောင်အတွင်း နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို အကျဉ်းထောင်ဝန်ထမ်းက ဝိုင်းရိုက်ကာ တိုက်ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။
အကျဉ်းသူတစ်ဦး ပုံစံ မထိုင်တတ်တာကြောင့် ရိုက်နှက်ခံရတာဖြစ်ပြီး မရိုက်နှက်ဖို့ ဝင်တားတဲ့ အခြားအကျဉ်းသူတစ်ဦးပါ ရိုက်နှက်ခဲ့တယ်လို့ နိုင်ကျဉ်းအသိုင်းအ၀ိုင်းမှ သိရပါတယ်။
ရိုက်နှက်ခံရမှုကြောင့် အကျဉ်းသူတစ်ဦး ဘယ်ဘက်မျက်နှာတစ်ခြမ်း ဖူးရောင် ဒဏ်ရာရရှိခဲ့ကာ အကျဉ်းသူ နှစ်ဦးလုံးကို တိုက်ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။
သာယာဝတီထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေကို စစ်ကောင်စီ လက်အောက်ခံ ထောင်ဝန်ထမ်းတွေက ရိုင်းပြစွာဆဲဆိုတာတွေ၊ ညှင်းပန်းနှိပ်စက်တာတွေ နေ့စဉ် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးမှာ ဖမ်းဆီး ချုပ်နှောင်ခံရသူ စုစုပေါင်း ၁၆,၉၇၈ ဦး ရှိပြီး ယင်းတို့အနက် ၅,၂၀၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။