မန္တလေးတိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ စစ်အုပ်စုအထိုင်စခန်းတို့ကို မတ်လ ၂၆ ရက်နေ့က ဒရုန်းနဲ့ ဖျက်အားပြင်း ဗုံးသီးတွေ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Myingyan District Drone Strike သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဗုံးသီး ၁၄ လုံး ကြဲချရာမှာ မင်းရွာ ရွာအဝင်ကင်းကို ၉ လုံးချခဲ့သလို အထိုင်စခန်းကို ၅ လုံးချခဲ့ကြောင်း၊ အထိနာတဲ့ စစ်အုပ်စုဘက်က လက်နက်ကြီးတွေ၊ စက်လက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ဆင်ရေးကို Myingyan District Drone Strike အဖွဲ့နဲ့ မြင်းခြံခရိုင်၊ အမှတ် (၁) တပ်ရင်း၊ အမှတ် (၃ ) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ MG6 ပြောက်ကျားတပ်၊ စည်တော်ကြီး ဒေသကာကွယ်ရေး ပြောက်ကျားတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။