နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စိုက်ပျိုးရေးသိပ္ပံ (ထားဝယ်)က ပူးပေါင်းလာတဲ့ ကျောင်းအုပ်အပါ (၇) ဦးကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားတယ်လို့ လောင်းလုံး PDF ထုတ်ပြန်


ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ရှိ စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်)ကျောင်းက ကျောင်းအုပ်ကြီးဇနီးမောင်နှံအပါအဝင် ၇ ဦးကို လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားနိုင်ခဲ့ပြီ ဖြစ်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (LLPDF) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


စိုက်ပျိုးရေးသိပ္ပံကျောင်းက ကျောင်းအုပ်ကြီးကို ဇူလိုင်လ ၂၀ရက်နေ့ နေ့လည် (၁) နာရီခွဲအချိန်က လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တွေ့ဆုံခဲ့ကာ ၎င်းတို့ဘက်က ပူးပေါင်းလိုကြောင်း ဆွေးနွေးမှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံမှုအပြီးမှာ ကျောင်းသား/ကျောင်းသူများကလည်း ကျောင်းဝင်းအတွင်း ၎င်းတို့ရဲ့ဆန္ဒသဘောအရ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။


လောင်းလုံး PDF နဲ့ အတူပူးပေါင်းတဲ့ ကျောင်းအုပ်ကြီးဇနီးမောင်နှံ ဦးနိုင်ဝင်း (လထ-ကထိက)+ ဒေါ်မြင့်မြင့်ခိုင် (ကျောင်းအုပ်ကြီး) သား မောင်အောင်ဟိန်းခန့် အပါအဝင် ဒုကျောင်းအုပ်ကြီး ဦးခင်မောင်ထွေး၊ လထ-ကထိက ဒေါ်သန္တာအေး၊ ကွင်းဆင်းလက်ထောက်ဖြစ်တဲ့ ဦးနေဆန်းနဲ့ နော်ဖြူဖြူသန့်တို့ကို လုံခြုံတဲ့နေရာကို ခေါ်ယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဲ့ဒီလို ဆောင်ရွက်စဉ် စစ်ကောင်စီဘက်က သာလွန်အင်အားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် နေရပ်ပြန်မယ့် ဆရာ/ဆရာမများအတွက် ပို့ဆောင်ရေးခရီး နောက်ကျခဲ့ရကာ ယခုအချိန်မှာတော့ လွတ်မြောက်နယ်မြေတစ်နေရာကို ပို့ဆောင်ထားနိုင်ခဲ့ပြီလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းလှမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်းက အရပ်သား (၂)ဦးကို သတ်ဖြတ်ပြီး (၃)ဦးကို ဖမ်းဆီးသွား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 4 Views
နိုဝင်ဘာလ (၉)ရက်။ မနေ့က နံနက် (၉)နာရီကျော်အချိန်က ကျွန်းလှမြို့နယ်၊ သအင်းသရက်တောရွာကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်မီးရှို့ပြီး အရပ်သား
မြန်မာသတင်း

ဆေးကုသမှုခံယူနေရတဲ့ ဖမ်းဆီးခံ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် အဆုတ်ရောင်ရောဂါနဲ့ မန္တလေးဆေးရုံမှာ ကွယ်လွန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 2 Views
နိုဝင်ဘာလ (၈)ရက်။ မနေ့က ည‌ (၁၀)နာရီခန့်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံထားရတဲ့ NLD ရဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ အဆုတ်ရောင်ရောဂါနဲ့
မြန်မာသတင်း

မှော်ဘီလေတပ်စခန်း တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 3 Views
‌နိုဝင်ဘာလ (၉)ရက်။ ဒီကနေ့ နံနက် (၁)နာရီခန့်က ရန်ကုန်ရှိ မှော်ဘီလေတပ်စခန်းကို တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Urban Special Operation(USO)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မှော်ဘီလေတပ်စခန်းကို မြို့ပြအထူးစစ်ဆင်ရေးအနေနဲ့ တာဝေးပစ် မစ်ဇိုင်းဒုံး (၄)လုံးနဲ့
မြန်မာသတင်း

ဝါဒဖြန့်ဘာသာရပ်တွေကို စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ စစ်ကောင်စီ ပြင်ဆင်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 11 Views
နိုဝင်ဘာလ (၈)ရက်။ ဝါဒဖြန့်ဘာသာရပ်တွေကို စစ်ကောင်စီက သူ့ရဲ့လက်အောက်မှာရှိတဲ့ စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ ပြင်ဆင်နေတယ်လို့ Burma Affairs and Conflict Study ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မတရားစစ်မှုထမ်းဥပဒေနဲ့ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့
မြန်မာသတင်း

မင်္ဂလာဒုံမြို့ရှိ စစ်ကောင်စီလုံခြုံရေးဂိတ် မိုင်းခွဲခံရပြီး (၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 12 Views
နိုဝင်ဘာလ (၈)ရက်။ နိုဝင်ဘာလ (၆)ရက်နေ့ ည(၇)နာရီကျော်အချိန်က မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ အိမ်ထောင်သည်ဝန်ထမ်းအိမ်ယာ လုံခြုံရေးဂိတ်ကို ပဒေသာမိုင်းတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Rangoon Urban Column ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။ “ နိုဝင်ဘာ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီနေတာက မြန်မာပြည်သူတွေရဲ့ ဆန္ဒကို မလေးစားတာလို့ CRPH ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 18 Views
နိုဝင်ဘာလ (၈)ရက်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့ ပံ့ပိုးကူညီနေတာက မြန်မာပြည်သူတွေရဲ့ ဆန္ဒကို မလေးစားတာလို့ CRPH က ဒီကနေ့မှာ ကျရောက်တဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ (၄)နှစ်ပြည့်မှာ ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတော်အာဏာကို
မြန်မာသတင်း

ထိုင်းဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင်တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 11 Views
နိုဝင်ဘာလ (၈)ရက်။ မနေ့က နေ့လယ်ပိုင်းက တရုတ်နိုင်ငံ ကူးမင်းမြို့မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E Ms. Paetongtarn Shinawatra နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ တစ်နိုင်ငံရဲ့
မြန်မာသတင်း

တရုတ်မှာကျင်းပတဲ့ အက်မက်စ်ထိပ်သီးအစည်းအဝေး အလှည့်ကျဥက္ကဋ္ဌအနေနဲ့ စစ်ခေါင်းဆောင်ကို တာဝန်လွှဲပြောင်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 16 Views
နိုဝင်ဘာလ (၈)ရက်။ မနေ့က တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အက်မက်စ်ထိပ်သီးအစည်းအဝေးရဲ့ အလှည့်ကျဥက္ကဋ္ဌအနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တာဝန်လွှဲပြောင်းပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်)အစည်းအဝေးမှာ လာအိုနိုင်ငံဝန်ကြီးချုပ်က အခုလို အလှည့်ကျဥက္ကဋ္ဌတာဝန်