နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ဘုတလင်မှာ ကျောင်းသားသမဂ္ဂခေါင်းဆောင် ၃ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ မြို့နယ်ကျောင်းသား သမဂ္ဂရုံးခန်းကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ကျောင်းသားခေါင်းဆောင် ၃ ဦးကို နှိပ်စက်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။


စစ်ကောင်စီစစ်ကြောင်းဟာ ၄ ခုခွဲပြီး ရွာသာကျေးရွာနဲ့ ညောင်ကန်ရွာတို့ကို ဝင်ရောက်စီးနင်းခဲ့ရာမှာ ကျောင်းသားခေါင်းဆောင်သုံးဦးက ရှိနေခဲ့တာလို့ ဆိုပါတယ်။

သမဂ္ဂရုံးခန်းမှာ အသက် ၁၈ နှစ်အရွယ် ကိုကျော်ဝင်းသန့် (ဥက္ကဋ္ဌ)၊ အသက် ၁၉ နှစ်အရွယ်ဖြစ်တဲ့ ကို‌ကြယ်စင်ငြိမ်းချမ်း (ဒုဥက္ကဋ္ဌ) နဲ့ ကိုသုတနေ (သတင်းပြန်ကြားရေးမှူး) တို့ ရှိ‌နေတယ်လို့ ဘုတလင်မြို့နယ် ဗကသကျောင်းသားတစ်ဦးက ပြောပါတယ်။

ကျောင်းသားခေါင်းဆောင် ၃ ဦးအပြင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ရဲဘော်တစ်ဦးနဲ့ ရွာသားတစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရဝာယ်လို့ ကနဦးသိရပါတယ်။

ဗကသများအဖွဲ့ချုပ်ဗဟိုကော်မတီဝင်တစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ခုလိုစီးနင်းခံရတာဟာ ဒလန်သတင်းပေးကြောင့် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

အခြေခံပညာကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသားများနဲ့ ဖွဲ့စည်းထားတဲ့ မြို့နယ်ကျောင်းသားသမဂ္ဂရုံးခန်းကို ညောင်ကန်ကျေးရွာအတွင်း ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြောက်ဦးဆေးရုံကို စစ်စခန်းအနေနဲ့ အသုံးပြုတာကြောင့် တိုက်ခိုက်တာဆိုပြီး စစ်တပ် လိမ်လည်သတင်းထုတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 8 Views
ဒီဇင်ဘာလ (၁၃)ရက်။ မြောက်ဦးပြည်သူ့ဆေးရုံကို AA နဲ့ PDF တွေက စစ်စခန်းအနေနဲ့ အသုံးပြုနေတာကြောင့် တိုက်ခိုက်ခဲ့တာဆိုပြီး စစ်တပ်က ဒီကနေ့ထုတ်သတင်းစာကနေ
မြန်မာသတင်း

ရေဖြူမြို့ပေါ်ရှိ စစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေကို PDF စီးနင်းတိုက်ခိုက်ပြီး မီးရှို့ရှင်းလင်းခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 9 Views
ဒီဇင်ဘာလ (၁၃)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က ရေဖြုမြို့ပေါ်ရှိ ရဲစခန်းနဲ့ ထွေ/အုပ်ရုံးအပါအဝင် စစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေကို ကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

မြောက်ဦးအပါအဝင် တညထဲ မြို့(၄)မြို့ကို စစ်တပ် လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 12 Views
ဒီဇင်ဘာလ (၁၃)ရက်။ မနေ့က ညပိုင်းအချိန်က ရခိုင်ရှိ မြောက်ဦးမြို့အပါအဝင် မြို့ (၄)မြို့ကို စစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီလောက်ကစပြီး မြောက်ဦး၊ ပုဏ္ဏားကျွန်း၊
မြန်မာသတင်း

မြန်မာဟာ ကျားဖြန့်လုပ်ငန်း တည်နေရာဖြစ်ပေမယ့် အဓိကအကျိုးအမြတ်ရသူမဟုတ်ဘူးဆိုပြီး စစ်ကော်မရှင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 12 Views
ဒီဇင်ဘာလ (၁၂)ရက်။ မြန်မာနိုင်ငံဟာ ကျားဖြန့်လုပ်ငန်း တည်နေရာဖြစ်ပေမယ့် အဓိကအကျိုးအမြတ်ရသူ မဟုတ်ဘူးဆိုပြီး စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က မနေ့က အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ ပထမဆုံးအကြိမ်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့နယ်မြေထဲ တည်ရှိနေတာထက် ကွင်းဆက်များစွာနဲ့ လည်ပတ်နေတဲ့
မြန်မာသတင်း

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ ဗုံးကြဲခံရတဲ့အပေါ် NUG ပြင်းထန်စွာရှုတ်ချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 35 Views
အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေကြံရာပါတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆို ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ လူ့ဘီလူးဝါဒ ကိုင်စွဲထားတဲ့ စစ်အာဏာရှင်ပီပီ (၄)နှစ်ကျော်ကာလထဲ
မြန်မာသတင်း

လာမယ့်နှစ် မတ်လကုန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 34 Views
ဒီဇင်ဘာလ (၁၂)ရက်။ ၂၀၂၆ခုနှစ် မတ်လကုန်ပိုင်းမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်လာမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်မြို့ကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လာမယ့် (၂၈)ရက်နေ့ နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ၂၀၂၆ခုနှစ် မတ်လကုန်မှာ အစိုးရအဖွဲ့
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 45 Views
ဒီဇင်ဘာလ (၁၁)ရက်။ မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ အသိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ PDF နဲ့ ပကဖတွေအနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသကို
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 35 Views
ဒီဇင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်ကစပြီး လောင်းလုံးမြို့နယ်ရှိ ညင်းမော်ရွာနဲ့ စစ်ပြဲရွာအနီး စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနက် (၁၀)နာရီလောက်ကစပြီး ညင်းမော်နဲ့ စစ်ပြဲရွာနားမှာ စခတွေနဲ့ တော်လှန်ရေးတပ်တွေ