နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

တီမောလက်စတေးသံရုံးယာယီတာဝန်ခံကို စစ်အုပ်စုက နှင်ထုတ်တာ ဥပဒေမဲ့ပြုကျင့်မှုလို့ NUG ထုတ်ပြန်

စစ်အုပ်စုက တီမောလက်စတေးသံရုံး ယာယီတာဝန်ခံကို မြန်မာနိုင်ငံကနေ နှင်ထုတ်တာဟာ မလျော်ကန်တဲ့ ဥပဒေမဲ့ပြုကျင့်မှုသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ်လ (၂၈) ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားချက််အရ သိရပါတယ်။

စစ်ကောင်စီက ရန်ကုန်မြို့ရှိ တီမောလက်စတေးသံရုံးရဲ့ ယာယီတာဝန်ခံကို စက်တင်ဘာလ (၁)ရက်နေ့ နောက်ဆုံးထားကာ မြန်မာနိုင်ငံကနေ အပြီးထွက်ခွာပြီး သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ကြောင်း ဩဂုတ်လ (၂၇) ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အခုလို နိုင်ငံတော်ရဲ့ အာဏာကို ဥပဒေဘောင်ပြင်ပက လက်နက်အားကိုးနဲ့ အဓမ္မရယူထားတဲ့ တရားမဝင်အဖွဲ့အစည်းအနေနဲ့ နိုင်ငံတော်ရဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေးကိစ္စရပ်တွေအပေါ် ဆုံးဖြတ်ဆောင်ရွက်ခွင့် ရှိမှာမဟုတ်ဘူးလို့ NUG က ရေးသားထားပါတယ်။

ဒီမိုကရေစီအခြေခံမူဝါဒတွေနဲ့ စံနှုန်းတွေ၊ တရားဥပဒေစိုးမိုးမှုနဲ့ လူသားဂုဏ်သိက္ခာတို့ကို တန်ဖိုးထားတဲ့ တီမောလက်စတေးနိုင်ငံရဲ့ ရပ်တည်ချက်ကို အထူးလေးစားကျေးဇူးတင်ရှိကြောင်းနဲ့ ၎င်းရပ်တည်ချက်မှာ အများစံနမူနာထားသင့်တဲ့ ရပ်တည်ချက်ဖြစ်တယ်လို့ ဆိုထားပါတယ်။

တီမောလက်စတေးနိုင်ငံရဲ့ မိတ်ဆွေကောင်းအဖြစ် ခိုင်မာမြဲမြံတဲ့ ရပ်တည်ချက်ကို NUG နဲ့ မြန်မာပြည်သူလူထုရဲ့ နှလုံးသားထဲမှာ နက်ရှိုင်းစွာ အစဉ်အမြဲ အမှတ်ရနေမှာဖြစ်ပြီး ကျေးဇူးတင်ကဗ္ဗည်း မှတ်တမ်းတင် ရေးထိုးသွားမယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက အစိုးရအသီးသီးအနေနဲ့လည်း တီမောလက်စတေးနိုင်ငံကဲ့သို့ မြန်မာလူထုနဲ့ အတူရပ်တည်ပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ရောက်ရှိရေးအတွက် ကူညီပံ့ပိုးပေးကြဖို့ ထည့်သွင်းမေတ္တာရပ််ခံထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 27 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 28 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 24 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 25 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 25 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 25 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ