နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲသတင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA) ဘက်က တစ်နေ့အတွင်း စစ်ကောင်စီ တပ်စခန်းပေါင်း (၃၀) ကျော်ကို သိမ်းပိုက်ပြီး ချင်းရွှေဟော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ဟုဆို။

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့၊ ခေတ်မျက်လုံး။

၁၀၂၇ စစ်ဆေးရေး စတင်သည့် ၁၀ လ ၂၇ ရက်နေ့ မနက်အစောပိုင်း အချိန်စပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ စစ်ကောင်စီ တပ်စခန်းတွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပါတယ်။ ၂၇ ရက်တစ်နေ့တာအတွင်းမှာပဲ MNDAA ဟာ စစ်ကောင်စီရဲ့ အကြီးအသေး စခန်းပေါင်း (၃၀) ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရာနဲ့ချီပြီး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးကို ဖမ်းဆီးရရှိခဲ့ကာ လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၇ ရက် မနက် ၃ နာရီ ၅၀ မိနစ်လောက်မှာ ကိုးကန့်တိုက်နယ်အတွင်းရှိ ချင်းရွှေဟော်ဒေသမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ချင်းရွှေဟော်တံတားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဦးစွာ သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မနက် ၇ နာရီ ၄၀ မိနစ် အချိန်မှာ ဟိုပန်တာချန်ခုတ် ၊ ချင်းရွှေဟော်နယ်စပ်ဂိတ်၊ မာလူအိုက်ဖိုင် ၊ ပိုက်ထာ ပေါက်ပေါက် ၊ နန်တောင်ဟော်တောင်ကုန်း စတဲ့ စစ်ကောင်စီ တပ်စခန်းများကို တပြိုင်နက်တည်း သိမ်းယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲတွေ နေ့လည် ၁၁ နာရီအချိန်ထိ ဖြစ်ပွားခဲ့ပြီး ဟိုပန်နဲ့ နမ်ဟူဒေသကို ဆက်သွယ်နေတဲ့ ဟိုပန်တံတားကြီးကိုလည်း ဖောက်ခွဲ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၇ ရက် မနက် ၆ နာရီ ၃၀ မိနစ်အချိန်မှာ MNDAA တပ်ဖွဲ့ဟာ စစ်ကောင်စီရဲ့ တပ်စခန်းတည်ရှိတဲ့ ကြာမိန်ခုတ်ဒေသကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁၂ နာရီ ၅၀ မိနစ်ခန့်အချိန်လောက်မှာ အဲ့ဒီ တပ်စခန်းကို သိမ်းယူနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။ ညနေ ၂ နာရီ ၃၀ မိနစ်လောက်မှာ မာဟွာချင်းရာခုတ်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၂၇ ရက် မနက် ၄ နာရီအချိန်မှာ MNDAA ဘက်က ဒရုန်းနဲ့ နမ်ဖာရှမ်းမှာ အခြေချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁၂ နာရီ ခြေလျင်တပ်ဖွဲ့နဲ့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲချိန် တစ်နာရီကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး အဲ့ဒီနေရာကို သိမ်းယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ပွဲမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေကတော့ စက်သေနတ် (၁) လက်၊ Shot Gun (၁) လက်၊ စကားပြောစက် (၄) လုံး ၊ ၆၀ မမ ကျည် (၄၀) လုံး၊ စက်လက်ကျည် (၂၀၀၀)ကျော် ၊ 5.56 ကျည် (၃၀၀၀) ကျော် ၊ လက်ပစ်ဗုံးသီး (၂၀) လုံး၊ နင်းမိုင်း (၂) လုံး၊ စက်သေနတ်ကျည်ကပ်(၁) ၊ကျည်ကပ် (၂) ကပ်နဲ့ တခြားစစ်ရေးပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့တာကို ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၂၇ ရက် မနက် ၇ နာရီ ၄၀ မိနစ်အချိန် MNDAA ရဲ့ အင်အားတစ်စုဟာ ကန့်ဝမ်ထန်နဲ့ ခုမာရွာကြားရှိ ကုတ်ထုတ် ပေါက်ပေါက်တောင်ကုန်းမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ လုံထန်ပြည်သူ့စစ်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီ တပ်စခန်းကို သိမ်းယူကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကြာကြည်ရှူဒေသမှာ ကာလကြာရှည်စွာ အခြေချနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပတ်စော်ချိန်ပြည်သူ့စစ်အဖွဲ့တို့ရဲ့ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး နေ့လည်ပိုင်းမှာ စခန်းသိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၇ ရက် မနက် ၄ နာရီအချိန် မုံးကိုးဒေသဘက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ရှိကျိကျတောင်ကုန်း၊ ကွမ်ထန်ပေါက်ပေါက်တောင်ကုန်း ၊ ကျင်ကော်တစ်ပေါက်ပေါက်တောင်ကုန်း ပိုင်ဖိန်ပေါက်ပေါက်တောင်ကုန်းစတဲ့ နေရာတွေမှာ အဓိက ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ မနက် ၁၀ နာရီမှာ ကွမ်ထန်ပေါက်ပေါက်တောင်ကုန်းကို သိမ်းယူနိုင်ခဲ့ပြီး ညနေ ၄ နာရီ ၄၃ မိနစ်အချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ရှိကျိကျတောင်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်စခန်း (၂) ကို ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၇ ရက် ညနေ ၂ နာရီ ၈ မိနစ်အချိန်မှာ နမ်ကျွမ့်ဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်စခန်း (၂) ခုလည်း တိုက်ခိုက် သိမ်းယူခဲ့ပြီး ၃ နာရီ ၁၁ မိနစ်အချိန် ချင်းရွှေဟော်နဲ့ ကွမ်လုံအကြားရှိ စစ်ကောင်စီရဲ့ ကျန်လန်ကန်ရွှေ တပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

ညနေပိုင်းမှာတော့ ကွတ်ခိုင်ခရိုင် ပန်ဆိုင်းဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်စခန်း (၁) ခုကိုလည်း MNDAA က တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

ညနေ ၆ နာရီခန့် မူပန်ခရိုင် ဟိုပန်အုပ်စု ရှောက်မန်ပန်ရောဘာတောင်ကုန်းနဲ့ မိုင်းတင်လက်ဖက်တောင်ကုန်းမှာ အခြေချတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို MNDAA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဟိုပန်အုပ်စု မာချီနှောရှိ စစ်ကောင်စီတပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၈) ဦး ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် MNDAA ဟာ မူပန်ခရိုင်ရဲ့ ပူးတွဲအုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ နမ်ဖုန်းအုပ်စု၊ လှိုင်မန်နမာအုပ်စုရှိ စစ်ကောင်စီတပ်စခန်း၊ ကာမိုင်းဒေသ နာတစ်အုပ်စု (၄၁မိုင်)၊ နာတစ်တံတား ၊ ကွမ်လုံဒေသ၊ မူပန်တံတား၊ စကခ (၁၆) ရဲ့တပ်စခန်းများ၊ လားရှိုးမြို့ရှိ စကခ (၅) လက်အောက်ခံ တပ်ရင်း(၇) နဲ့ ကုန်းယုံတပ်စခန်း စတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

MNDAA ရဲ့ တိုက်ခိုက်မှုအောက်မှာ စစ်ကောင်စီရဲ့ လားရှိုးရှိစစ်လေယာဉ်ကွင်းရဲ့ အုပ်ချုပ်ရေးပိုင်း ဖျက်ဆီးခံရပြီး ဆက်လက်သုံးမရတော့တဲ့ အခြေအနေ ဖြစ်သွားတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ဟက်စကီး (၂) စီး၊ တိုက်လေယာဉ်(၂) စီးတို့ကို ကိုးကန့်ဒေသဘက်ကို စေလွှတ်လိုက်ပြီး (၂၇) ရက်နေ့ညဘက်မှာ ချင်းရွှေဟော်ဒေသမှာ လက်နက်ကြီးပစ်ခတ်သံ၊ ပေါက်ကွဲသံများ ကြိုးကြားကြိုးကြား ကြားရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ချင်းရွှေဟော်ရှိ အရပ်သားများ ထွက်ပြေးတိမ်းရှောင်ကြရပြီး အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးကို MNDAA ဘက်က ကာကွယ်ပေးခဲ့ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အရပ်သားပြည်သူ စုစုပေါင်း (၁၀၀၀) ကျော်ရှိပြီး အဲ့ဒီထဲမှာ ဗမာလူမျိုး (၆၀၀) ကျော်ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို