၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။
ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်မှာ MNDAA မုံးကိုးခရိုင်လုံခြုံရေးတပ်ဖွဲ့ခွဲ့နဲ့ တပ်ရင်း(၃၀၂) တို့ ပူးပေါင်းကာ မုံးကိုးခရိုင် ၊ မုံးကိုးဒေသ၊ ဖောင်းဆိုင်ကျေးရွာအုပ်စု၊ မန်ပင်နေရာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရန်တော်ရှမ်းအိုင်လမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကိုလည်း ဒီနေ့နေ့လည် ၁၂ နာရီအချိန်မှာ သိမ်းယူနိုင်ခဲ့ပြီး နေလည် ၂ နာရီမှာတော့ MNDAA ဘက်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ 14.5 စက်လက်ကြီး တပ်ဆင်ထားတဲ့ သံချပ်ကာကား (၂) စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နေ့လည် ၂ နာရီ ၂၀ မိနစ်မှာ MNDAA တပ်မဟာ (၂၁၁) လက်အောက်ခံတပ်ဖွဲ့များဟာ တောင်ပိုင်းတိုက်နယ်အတွင်းရှိ စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးကြီးတဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့ မာကျားတိပေါက်ပေါက် တောင်ကုန်းကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: The Kokang
ဓာတ်ပုံ။ မန်ပင်တပ်စခန်း