နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်ပရောက်ရှိနေတဲ့ တော်လှန်ပြည်သူတွေရဲ့ နိုင်ငံကူးပတ်စ်ပို့စ်စာအုပ်တွေ ပိတ်ပင်ခံနေရတာကြောင့် စစ်ကောင်စီဌာနဆိုင်ရာ‌တွေကို တိုက်ခိုက်တော့မယ်လို့ U.S.O ​က အသိပေး

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။

နွေဦးတော်လှန်ရေးအတွက် ပြည်ပမှပါဝင်နေသူတွေ ပစ်မှတ်ထား နှိပ်ကွပ်ခံလာရတာကြောင့် စစ်ကောင်စီဌာနဆိုင်ရာ‌တွေကို တိုက်ခိုက်တော့မယ်လို့ U.S.O ​မှအသိပေးထုတ်ပြန်လာပါတယ်။

တော်လှန်ရေး ထောက်ပံ့မှုအားအကောင်းဆုံးပြည်ပနိုင်ငံတွေရှိ မြန်မာနိုင်ငံသားတွေကိုအဓိကပစ်မှတ်ထားပြီး စစ်ကောင်စီကသူတို့ချုပ်ကိုင်နိုင်တဲ့ ကိုယ်ရေးအချက်အလက်တွေ နိုင်ငံတကာသံရုံးဆီ ပေးပို့ကာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့စ်) ပိတ်ပင်တာ‌တွေ ပြုလုပ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီသံရုံးက တော်လှန်ရေးမှာပါဝင်လာတဲ့မြန်မာပတ်စ်ပို့ကိုင်ဆောင်သူတွေကို ဒုက္ခပေးလာတာအသိသားချည်းဘဲ။ ဒီပတ်စ်ပို့က နိုင်ငံခြားမှာ နေတဲ့ လူတစ်ယောက်အတွက် အထောက်အထား၊ သက်သေခံလက်မှတ်ပါပဲ။ အလုပ်လုပ်နေတဲ့ သူတွေတောင် အလည်ပြန်လာရင် ပြန်ထွက်မရဖြစ်နေတာတွေရှိတယ်” လို့ စင်ကာပူနိုင်ငံရှိ တော်လှန်ရေးမှာ ထောက်ပို့ပါဝင်နေသူတစ်ဦးကလည်း ပြောပါတယ်။

အဲဒီလို ပိတ်ပင်လုပ်ဆောင်တာက ပြည်သူတွေရဲ့လွတ်လပ်စွာသွားလာခွင့် ၊ အလုပ်အကိုင်အခွင့်အ လမ်းနဲ့ လူ့အခွင့်အရေးဆုံးရှုံးအောင်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာဖြစ်လို့ စစ်ကောင်စီဌာနတွေကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ဖို့ ကြေညာတာဖြစ်တယ်လို့ သိရပါတယ်။

U.S.Oအနေနဲ့ စစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ် ဆောင်လျက်ရှိပြီး ပွဲတော်တွေမှာပျော်ပါးနေတဲ့ ရေ ပေါ်ဆီတွေကိုလည်း စစ်ဆင်ရေးများဖျက်သိမ်းမှာမဟုတ်ကြောင်းအသိပေးထားကာ တစ်လကျော်ကာလအတွင်း စစ်ရေးပစ်မှတ် ၅ ခုကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက ပြည်ပရောက် တော်လှန်ရေးသမား‌ တွေ ၊ NUG အစိုးရအဖွဲ့ဝန်ကြီး‌တွေကို နိုင်ငံသား အဖြစ်မှ ရုပ်သိမ်းကြောင်းလည်း ကြေညာချက်ထုတ်ထားခဲ့သလို အခုတစ်ခါ တော်လှန်ရေးနဲ့ ဆက် စပ်သူတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို သက်တမ်းတိုးမပေးတဲ့ ကန့်သတ်ချက် ထပ်မံပြုလုပ်လာတာဖြစ်ပါတယ်။

အခုထုတ်ပြန်ချက်ကိုတော့ U.S.O အနေနဲ့ ဒုတိယမြောက် ထုတ်ပြန်တာဖြစ်ပြီး စစ်ကောင်စီနဲ့သက် ဆိုင်တဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မယ့်အကြောင်းကို စက်တင်ဘာ ၁၅ ရက်ထဲကကြေညာခဲ့တာဖြစ်ပါတယ်။

ဒါပြင် U.S.O အနေနဲ့ ပြည်တွင်းမှ ပြည်သူထံမှ အလှူခံမှာမဟုတ်ဘဲ ပြည်ပမှလှူဒါန်းတာတွေကိုသာ လက်ခံမှာဖြစ်ပြီး ထောက်ပံ့ပေးလိုသူတွေအနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ နွေဦးဘဏ်နဲ့ NUG Pay အပါအဝင် ပြည်ပငွေလွှဲအကောင့်‌တွေမှ လှူဒါန်းနိုင်တယ်လို့လည်း https://t.me/uso_2023 မှာ ကြေညာထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို