နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ်ဖွဲ့၀င်တွေ လက်နက်ချအလင်း၀င်ဖို့ ကိုးကန့်တပ်(MNDAA) သတိပေးစာထုတ်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။

ကိုးကန့်ရုပ်သေးအဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သားနဲ့ရဲတွေ လက်နက်ချပြီး အလင်းဝင်ဖို့ ကိုးကန့်တပ်(MNDAA)က ဒီကနေ့မှာ သတိပေးစာထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င်တွေအနေနဲ့ အလင်း၀င်လာပါက ကိုးကန့်တပ် (MNDAA) က ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး ပေကပ်ခေါင်းမာဆန့်ကျင်နေပါက ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ကိုးကန့်ရုပ်သေးအဖွဲ့ရဲ့ အဆင့်ဆင့်အုပ်ချုပ်ရေးနဲ့ ဌာန၀န်ထမ်းတွေအနေနဲ့ လုပ်ငန်းတာဝန်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း၊ ဓါတ်ပုံ၊ စာရင်းဇယား၊ ဘောက်ချာနဲ့ ငွေကြေးတွေကို ထိန်းသိမ်းဖို့နဲ့ ဖျက်ဆီးပါက ပြင်းထန်စွာအရေးယူသွားမယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ၀ရမ်းထုတ်ထားတဲ့ ရာဇ၀တ်မှုးကျူးလွန်သူတွေကို သူတို့ရဲ့ စာရင်းကိုင်၊ ကိုယ်ရံတော်နဲ့ မိသားစု၀သ်တွေက လာရောက်သတင်းပို့ရန်နဲ့ အကာအကွယ်ပေးတာ၊ ထွက်ပြေးဖို့ကူညီတာတွေပြုလုပ်ပါက ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

“စစ်သုံ့ပန်းအား ဂရုတစိုက်စောင့်ရှောက်ပေးရေး”‌ ဆိုတဲ့ မူဝါဒဟာ စစ်ကောင်စီတပ်ဖွဲ့တွေလည်း အကျုံးဝင်ကာ လက်နက်ချပြီး အလင်းဝင်လာပါက စစ်သုံ့ပန်းမူဝါဒကို အပြည့်အဝ ခံစားရမှာဖြစ်သလို ဒဏ်ရာရသူတွေကိုလည်း ကောင်းမွန်စွာ ကုသပေးသွားမယ်လို့ ဆိုထားပါတယ်။

ကိုးကန့်ဒေသထဲက စစ်ကောင်စီတပ်ဖွဲ့၀င်တွေ၊ ကိုးကန့်ရုပ်သေးအဖွဲ့တွေရဲ့ စစ်သား၊ ရဲနဲ့ ဝန်ထမ်းတွေအနေနဲ့ မိမိအသိစိတ်နဲ့ အပြစ်ဝန်ခံဖို့ လာရောက်သူတွေကို ကြိုဆိုကြောင်းနဲ့ အခုသတိပေးစာထုတ်ပြန်တဲ့နေ့ကစပြီး စစ်ရေးအုပ်ချုပ်မှုကာလပြီးဆုံးတဲ့အချိန်ထိ အာဏာတည်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို