၂၀၂၁ ခုနှစ် အတွင်း ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေမှာ ပါဝင်ရင်း စစ်တပ်က ပစ်ခတ်တာကိုခံရပြီး သေ ဆုံးခဲ့တဲ့ ပြည်သူ (၄)ဦးအတွက် လွမ်းဆွတ်ခြင်း လှုပ်ရှားမှုကို ရန်ကုန်သပိတ်အင်အားစု (Yangon Revolution Force – YRF) က အဲဒီပြည်သူတွေ ကျဆုံးခဲ့တဲ့နေရာအချို့မှာ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
ရန်ကုန်မြို့၊ လှည်းတန်း၊ အမှတ် ၅ အထက်တန်းကျောင်းရှေ့မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်၊ ကြည့်မြင်တိုင် ပညာရေးသပိတ်မှာ ကျည်ထိမှန်သေဆုံးခဲ့တဲ့ ဆရာမကြီး ဒေါ်တင်နွဲ့ရီ၊ ကျိုက်ထိုဇာတိကနေ ရန်ကုန်မြို့ကို အလုပ်လာရောက်လုပ်ကိုင်ရင်း လှည်းတန်းစျေးအနီး ဆန္ဒပြပွဲမှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့သေဆုံးခဲ့တဲ့ ပရဟိတလူငယ် မောင်ဇင်လင်းထက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီးသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရချိန် ကျည်ထိမှန်သေဆုံးခဲ့သူ ကိုဟိန်းထွဋ်အောင်တို့အတွက် ၂ နှစ်ပြည့် လွမ်းဆွတ်အောက်မေ့ဖွယ်အနေနဲ့ အခုလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
REF: BBC