နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

လမ်းကင်းယူနေသည့် BGF ကို KNLA တပ်မဟာ (၅)တိုက်ခိုက်၊ လက်နက် ခဲယမ်းများသိမ်းဆည်းရမိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန် (မူတြော်)ခရိုင်အတွင်း မှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကို KNLA အဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ 

အဲဒီလိုတိုက်ခိုက်ခဲ့ရာမှာ BGF ဘက်က သေဆုံးမှုရှိပြီး လက်နက်တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားပါတယ်။

ဖာပွန်ခရိုင် ဝါးဒူးနှင့်လယ်ကွဲကြားရှိ ဓာတ်ဆီဆိုင်တစ်နေရာတွင် လမ်းကင်းယူနေသည့် BGF တပ်ဖွဲ့ကို မေ ၂၆ရက် မနက်ပိုင်းမှာ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်တာကြောင့် BGF ဘက်က ငါးဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ဖော်ပြထားတာပါ။ဒါ့အပြင် တိုက်ပွဲအတွင်း မှာ လက်နက် ၆လက်ကို သိမ်းဆည်းရရှိခဲ့ပါတယ်။



လက်နက်အမျိုးအစားတွေကတော့ M-16 AR (၄)လက်နှင့် ၎င်းကျည် ၃၂၀တောင့်၊ M-79 လောင်ချာတစ်လက်နှင့် ၎င်းကျည်(၁၇) လုံး၊ 9-MM ပစ်စတိုတစ်လက်၊ စစ်ဝတ်တန်ဆာ (၄)စုံ၊ M-16 ARကျည်ဘောက်(၄)ချပ်၊ စကားပြောစက်တစ်လုံး၊ ကျောပိုးအိတ်(၆)လုံးတို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။အဲဒီတိုက်ပွဲမှာ KNLA တပ်မဟာ(၅)ဘက်က ထိခိုက်ကျဆုံးမရှိဘူးလို့ အသိပေးထားပါတယ်။


ဖာပွန်ခရိုင်ရှိ စစ်ကောင်စီနှင့် BGFတပ်များကို KNLA တပ်မဟာ(၅)က ကြားဖြတ်တိုက်ခိုက်မှု၊ ခြုံခိုတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်က အထိနာလျက်ရှိနေတာဖြစ်ပါတယ်။

Era'sEye /(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ Photo - KNU Mutraw News)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပလက်ဝမှာ အရပ်သား (၃)ဦး သတ်ဖြတ်ခံရတဲ့အပေါ် အမှုမှန်ပေါ်အောင် ကြိုးစားသွားမယ်လို့ IKACC ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 3 Views
အောက်တိုဘာလ (၄)ရက်။ ပလက်ဝမြို့နယ်မှာ အရပ်သား (၃)ဦး သတ်ဖြတ်ခံရတဲ့အပေါ် အမှုမှန်ပေါ်ပေါက်အောင် ကြိုးစားသွားမယ်လို့ ခူမီး(ချင်း)မျိုးနွယ်စုရေးရာအတိုင်ပင်ခံကောင်စီ(IKACC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကာတာနိုင်ငံမှာကျင်းပတဲ့ အေစီဒီထိပ်သီးအစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝနကြီး တက်ရောက်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 4 Views
အောက်တိုဘာလ (၄)ရက်။ မနေ့က ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့(အေစီဒီ)ရဲ့ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ
မြန်မာသတင်း

စက်သုံးဆီဝယ်တဲ့အခါ ကတ်အသုံးပြုပြီးဝယ်ယူဖို့ စစ်ကောင်စီ စီစဉ်နေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 3 Views
အောက်တိုဘာလ (၄)ရက်။ ပြည်တွင်းမှာ စက်သုံးဆီတွေကို ဝယ်ယူခွင့်ကတ်ပြားပုံစံတွေနဲ့ ဝယ်ယူနိုင်ဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ စက်သုံးဆီအသင်းနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အခုက စက်သုံးဆီဝယ်ဖို့ ဝယ်ယူခွင့်ကတ်တွေဆိုပြီး နမူနာပုံစံထွက်လာတာတွေ့ရတယ်။ ဘယ်လိုမျိုးလုပ်မယ်ဆိုတာတော့ သေချာမသိရသေးဘူး၊ ပြောနေကြတာတော့
မြန်မာသတင်း

ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်သူတွေ အလည်အပတ်ပတ်စ်ပို့(PV)နဲ့ မသွားဖို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 4 Views
အောက်တိုဘာလ (၄)ရက်။ ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်သူတွေ အလည်အပတ်ပတ်စ်ပို့(PV)နဲ့ မသွားကြဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ပသွားရောက်လုပ်ကိုင်မယ့်သူတွေဟာ အလုပ်အကိုင်ပတ်စ်ပို့(PJ)နဲ့ OWIC လျှောက်ထားတာတို့ကို မပြုလုပ်ဘဲ PV ကိုသာ လျှောက်ထားပြီး လေကြောင်းခရီးနဲ့ ပြည်ပထွက်ဖို့
မြန်မာသတင်း

အင်အား (၂၀၀၀၀)ကျော်နဲ့ စစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ PNA ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 3 Views
အောက်တိုဘာလ (၄)ရက်။ စက်တင်ဘာလ (၃၀)ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ အထူးဒေသ (၆)ရှိ ရန်ကင်းစစ်ဒေသမှာ အင်အား (၂၀၀၀၀)ကျော်ပါဝင်တဲ့ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PNA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အင်အား (၂၀၀၀၀)ကျော်ပါတဲ့ စစ်သင်တန်းဆင်းပွဲကို
မြန်မာသတင်း

တစ်လတာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇၀)ကျော်သေဆုံးပြီး (၄၁)ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 3 Views
အောက်တိုဘာလ (၄)ရက်။ စက်တင်ဘာလထဲ မူတြော်ခရိုင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း (၁၄၄)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ရှုံးစစ်ကောင်စီဘက်က (၇၄)ဦးသေဆုံးခဲ့ကာ (၄၁)ဦး ဒဏ်ရာရရှိခဲ့တယ်ပြီး
1027 Operations မြန်မာသတင်း

လားရှိုးမြို့ တိုက်လေယာဉ်တွေနဲ့ ဗုံး (၄)ကြိမ် ကြဲချတိုက်ခိုက်ခံရ၊ (၃)လတာထဲ အရပ်သား (၃၀)ကျော်သေဆုံးပြီး (၉၀)‌ကျော် ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 3 Views
အောက်တိုဘာလ (၄)ရက်။ ဒီကနေ့ နံနက် (၂)နာရီကျော်အချိန်ကစပြီး လားရှိုးမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံး (၄)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၂နာရီ (၁၃)မိနစ်ကနေ (၅)နာရီကျော်အထိ
မြန်မာသတင်း

ပဲခူးရိုးမထဲက ရေလှောင်တမံကိုလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၂)ဦးကျော်သေဆုံးပြီး (၁၄)ဦးကျော်ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 6 Views
အောက်တိုဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီခန့်က ပဲခူးရိုးမထဲ အင်အား (၄၀)ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ပဲခူးရိုးမထဲရှိ ဂမုန်းရေလှောင်တမံကို ဝိုင်းကျေးရွာရဲစခန်းကနေ တက်လာတာဖြစ်ပြီး သာယာဝတီခရိုင် တပ်ရင်း